Thursday, June 25, 2009

အဲဒီနေ့က

အဲဒီနေ့က မိုးရွာနေခဲ့တယ်
သဲသဲမည်းမည်း
မစဲစတမ်း ပွဲကြမ်းခဲ့တဲ့မိုး...

အဲဒီနေ့က...
ငါ့နားထဲ အထပ်ထပ်ရိုက်ခတ်နေခဲ့တဲ့
ပဲ့တင်သံတွေဟာ
မိုးချုန်းသံတွေလား???
လွတ်လပ်ခွင့်ပေးပါတော့ဆိုတဲ့
နင့်ရဲ့တောင်းဆိုသံတွေလား???

အဲဒီနေ့က
ငါ့ပါးပြင်ပေါ်
အဆက်မပြတ် စီးဆင်းနေခဲ့တာတွေဟာ
ပူလောင်တဲ့ ငါ့မျက်ရည်တွေလား???
အေးစက်စက် မိုးရေတွေများလား???

အဲဒီနေ့က
ငါ့ရင်ဘတ်ထဲက နှလုံးသားအစုံဟာ
အချစ်လွန်လို့ နွံနစ်ခဲ့ရတာလား???
ကြင်နာလွန်းတတ်ခဲ့လို့
နာကျင်ခဲ့ရတာလား???

သေချာတာတစ်ခုကတော့..
အဲဒီနေ့ကမိုးရွာနေခဲ့တယ်
သဲသဲမည်းမည်း
မစဲစတမ်း ပွဲကြမ်းခဲ့တဲ့မိုး......

5 comments:

Anonymous said...

အဲဒီနေ့က ရွာတဲ့မိုး
ခုထိမစဲခဲ့တာ
အဝေးကရောက်လာတဲ့ စာဖတ်သူကိုတောင် အနားရောက်လာအောင် ဆွဲခေါ်ပြီး ရင်တစ်ခုလုံးရွှဲရွှဲစိုစေခဲ့သေးတယ် ...

မျက်ရည်နဲ့ မိုးရည်တွေ ရောနေခဲ့လို့
နာကျင်မှုကို မရိပ်မိလိုက်ပေမယ့်
မိုးချိန်းသံတွေရဲ့ကြားက လှိုင်ခနဲ မြင့်တက်သွားတဲ့ ရင်ခွင်တစ်စုံကို မြင်လိုက်ရလို့
သူ ငိုနေတာများလား ..
တွေးထင်မိခဲ့သေးတယ် ..
ရေရေရာရာတော့ မသိဘူး ...

မနာကျင်ပါနဲ့လေ
သဲသဲမဲမဲ ရွာတဲ့မိုးဆိုတာလည်း
နေခြည်နွေးလို့ မိုးပြေးသွားတဲ့အခါ
အမှတ်ရစရာ အဖြစ်အပျက် တစ်ခုအနေနဲ့က လွဲရင်
စွဲထင်ကျန်ရစ်နိုင်မယ် မထင်ပါဘူး .....

ဟောကြည့် ... ခုတောင် ခပ်နွေးနွေး ဖြစ်သွားပြီ မလား ...
အင်း ... အပြင်မှာ နေခြည်လာပြီလေ ...

နေဒေးသစ်။
( မှတ်ချက် ... ကဗျာအား ခံစားရေးသားပါသည် .. )

လင်းကြယ်ဖြူ said...

ဟာ..ကိုနေဒေးက ကဗျာလေးနဲ့ မန့်သ္ဂားတာမိုက်တယ်နော်..
ကဗျာမိုက်မိုက်လေးကို ကဗျာလေးနဲ့မန့်သားတယ်....
အဲဒီနေ့က...
ငါ့နားထဲ အထပ်ထပ်ရိုက်ခတ်နေခဲ့တဲ့
ပဲ့တင်သံတွေဟာ
မိုးချုန်းသံတွေလား???
လွတ်လပ်ခွင့်ပေးပါတော့ဆိုတဲ့
နင့်ရဲ့တောင်းဆိုသံတွေလား???

စာသားတ္ဂေက အပြန်စားတ္ဂေပါလား..ကောင်းလိုက်တာ အစ်မရေ
ကဗျာရေးနည်းလေး သင်ပေးရမယ်နော်...
ပျော်ပါစေခင်ဗျာ....

rose of sharon said...

ကဗျာအကောင်းစားလေးကိုခံစားသွားပါတယ်

Anonymous said...

အစ်မရေ .... မှတ်ချက်မှာ ရေးထားတဲ့ " ကဗျာအား ခံစားရေးသားပါသည် " ဆိုတာ ... အစ်မရေးထားတဲ့ ကဗျာလေးကို ခံစားပြီး ရေးဖြစ်သွားတာတဲ့ ရိုးရိုးစကားပြေ အရေးအသား သဘောလောက်ပါ .. ကျွန်တော် ကဗျာ မရေးတတ်ပါ ... ကဗျာကောင်းတွေကိုပဲ ထပ်တူပြု ခံစားတတ်ပါတယ် ...

အဲ့ ကဗျာလေးကို တော်တော် ကြိုက်တယ် ..
နေဒေးသစ်။

မိုးခါး said...

မိုးရေထဲက ကဗျာလေးပေါ့နော်း)