Sunday, June 14, 2009

သားသားလမ်းဗိုလ်လေး



သားသားက လမ်းထွက်ရတာကြိုက်နေပြီ... အပြင်သွားနေရရင် ပျော်မှပျော်... ညနေဆို ကျွန်မတို့ပြန်လာခါနီးရင် သူ့မာမား (ကျွန်မမေမေ) နဲ့ တိုက်အောက်ကနေ ဆင်းကြိုနေတတ်ပြီ... စနေ တနင်္ဂနွေဆိုရင်ကျတော့ ညနေရောက်တာနဲ့ အဖေအမေကို အောက်လိုက်ပို့ခိုင်းတာ... ချီထားရင် သူ့ကိုယ်လုံးကြီးကို တံခါးပေါက်ဖက်အတင်းကြီး ဟပ်ထိုးနေတော့တာပဲ... လူလည်လုပ်နေပြီ... လှည်းထဲထည့်ပြီး အောက်ကိုခေါ်သွားပြီဆို ဟိုကြည့် ဒီကြည့်နဲ့... စပ်စုသလားမမေးနဲ့... အသံကြားတဲ့ဘက်ကို လိုက်ကြည့်ရတာအမော... တိုက်အောက်က ကလေးကစားကွင်းမှာ သူများတွေကစားနေတာကြည့်ပြီး သဘောကျလိုက်တာများ ခိုးခိုးခစ်ခစ် အသံစုံကိုထွက်လို့... မမှောင်မချင်း အပေါ်ပြန်မတက်ချင်ဘူး... ကိုလမ်းဗိုလ်လေးဖြစ်နေပြီ...

3 comments:

Anonymous said...

သားလမ်းဗိုလ်ဆီ လာတယ် ... လူလည် အရမ်းကျနေတာလား သူ .. ဖောင်းကားနေတာပဲ ပုံက ... ဓာတ်ပုံထဲမှာလည်းကြည့် အသံကြားလို့ ပြူးတူးပြဲတဲ အသည်းအသန်လိုက်ကြည့်နေတဲ့ပုံနဲ့ .. ဟဟ
နေဒေးသစ်။

Anonymous said...

မရေးးးးးးးးးးးးးးးးးးးးးးးးးး
သားလေးကချစ်စရာလေးးးးးးးးးးးး
လမ်းဗိုလ်လေးတဲ့လား?????????

သီဟသစ် said...

သားလေးက အသက်ဘယ်လောက်ရှိပြီလဲဗျ
ကျွန်တော်လဲ သားလေးမွေးထားတာ ခု April အကုန်ကမှ..

ခင်မင်စွာဖြင့်
ီသီဟသစ်