Tuesday, June 16, 2009

အပူရောင်အတ္တ

သူငယ်ချင်းရေ...
နင်နဲ့ပတ်သတ်တာဆိုလို့
ငါ့မှာ..
အိပ်မက်ကလေးတစ်ခုတောင်
အပိုင်မှမရခဲ့ဖူးတာလေ...

ပူလောင်လွန်းတဲ့..
အဖြူရောင်အရိပ်အောက်က
ဒင်္ဂါးတစ်ပြားရဲ့ခေါင်းနဲ့ပန်းလို
နီးရက်နဲ့မဆုံနိုင်တဲ့ဘ၀မျိုးထဲ
ငါပျော်နေတယ်
နင်ထင်လို့လား...

နင်မရှိတဲ့အရပ်မှာ
နင်မသိတဲ့အချစ်တွေနဲ့
ရွက်လွှင့်နေတဲ့ငါ့နှလုံးသားက
နင့်ကိုလွမ်းတဲ့အခါများဆို...
ငါ့ရင်ခွင်ပြိုမတတ်ပါပဲ...

ဒါပေမယ့်.. ငါကလေ..
ငါ့နှလုံးသားရဲ့ဘာသာစကားကို
နင်နားမလည်စေချင်ဘူး...
ငါ့အတ္တ.. ငါ့မာနနဲ့..
အနားသတ်ထားတဲ့ ငါ့နှလုံးသားအကြောင်း
ဒီဘ၀အဆုံးထိ..
နင်လုံးလုံးမသိစေချင်လို့.....

1 comment:

နေဒေးသစ် said...

အတ္တနဲ့ မာနကြားထဲက သော့ခတ်ထားတဲ့
တံခါးတစ်ချပ်ရဲ့ နောက်ကွယ်က ခံစားလွန့်လူးခွင့် မှေးမှိန်နေတဲ့ နှလုံးသားတစ်စုံရဲ့ သံစဉ်ကို
ခပ်တိုးတိုးကြားခွင့်ရခဲ့တယ် ...
နေဒေးသစ်။