Saturday, June 20, 2009

ဆန့်ကျင်ဘက်လမ်း

ကျွန်မက ငယ်ငယ်လေးကတည်းက အင်ဂျင်နီယာဖြစ်ချင်ခဲ့တာ... အရမ်းဝါသနာပါတယ်... ဖေဖေက သူကိုယ်တိုင်လည်း အင်ဂျင်နီယာဆိုတော့ ကျွန်မကိုသူ့ခြေရာနင်းစေချင်တယ်လေ... ကံဆိုးချင်တော့ ကျွန်မ ၁၀ တန်းအောင်တဲ့နှစ်ကစပြီး YIT မရှိတော့ဘူးတဲ့... အဲဒီတော့လည်း GTC ပဲတက်ရတော့တာပေါ့... ကျောင်းတက်ခဲ့တဲ့တလျှောက်လည်း ကိုယ်ဝါသနာပါတာလုပ်နေရတော့ အရမ်းပျော်ခဲ့ပါတယ်... ၅နှစ်တိတိကို ပျော်ပျော်ကြီးကျောင်းတက်ခဲ့တာ... ကျောင်းပြီးသွားတော့ ဖြစ်ပြီဟဲ့ပေါ့ အင်ဂျင်နီယာ... ဒီလိုနဲ့ပဲ Singapore ဆိုတဲ့ ဒီကျွန်းလေးကိုရောက်လာခဲ့တယ်...

အလုပ်ကရမည့်ရတော့ Shipyard တစ်ခုမှာသွားရတယ်... HR Department မှာလုပ်ရတာ... Safety Management System အတွက် Planning Officer တဲ့... စာရွက်စာတမ်းတွေ handle လုပ်ရတာပေါ့... ဒီအလုပ်ကို လက်မခံခင် ဖေဖေနဲ့တိုင်ပင်တော့ ဖေဖေက မိန်းကလေးနဲ့လိုက်တဲ့အလုပ်မို့ ကောင်းပါတယ်တဲ့... မေမေကလည်း လက်ခံစေချင်တယ်... HR Manager ကြီးကလည်း Training တွေပေးပါမယ် ဘာ ညာ ဆိုတာနဲ့ပဲ... လုပ်ဖြစ်သွားတယ်ဆိုပါတော့... တစ်ပြိုင်တည်း offer ရတဲ့ Control Engineer အလုပ်ကို ငြင်းလိုက်တယ်လေ... တကယ်လည်း Training Course မျိုးစုံ သွားခဲ့ရပါတယ်... Safety နဲ့ပတ်သတ်တဲ့ Certificate တော်တော်များများလဲ ရခဲ့ပါပြီ... ခိုင်းသမျှကိုလည်း တာဝန်ကျေအောင် လုပ်ပေးနိုင်ခဲ့ပါတယ်...

ရောဂါစတာကတော့ ရုံးမှာအတူတူလုပ်တဲ့ အစ်မတစ်ယောက်ကြောင့်ပဲ... သူက Private School တစ်ခုမှာ Bachelor တန်းတက်ဖို့ Bridging Course တက်နေတယ်... အဲဒီမှာ PLC သင်ရတယ်... ကျွန်မရဲ့ အကြိုက်ဆုံး ဘာသာရပ်ပေါ့... အဲဒီအစ်မက ကျောင်းမှာသင်တာနားမလည်လို့ ကျွန်မကိုမှလာမေးတယ်လေ... သူ့ကို စာရှင်းပြ.. Program တွေစဉ်းစားပေရင်းနဲ့ ကျွန်မကိုယ့်ကိုကိုယ် သတိထားမိလာတယ်... ငါဒါတွေကို ဒီလောက်ထိတောင် ကြိုက်နှစ်သက်နေမိပါလားလို့ပေါ့... ခုလက်ရှိအလုပ်အပေါ် စိတ်ပျက်စလည်းပြုလာတယ်... ကိုယ်တကယ်ဝါသနာပါတာကိုများ လုပ်နေရရင် အလုပ်လုပ်နေရတယ်လို့တောင် မထင်ရဘူးလေ... ခုတော့ ကျွန်မမကြိုက်တဲ့ Documentation တွေလုပ်ရတိုင်း လူဖြစ်ရှုံးရသလို ခံစားနေရတာ... နောင်တရနေမိတာ... နောက်ပြန်ဆုတ်မလား စဉ်းစားကြည့်တော့ ဒီ field ထဲရောက်နေတာ.. ကြာပဲကြာနေပြီ... ဒီလိုနဲ့ပဲ ကိုယ်သွားချင်တဲ့အရပ်နဲ့ ဆန့်ကျင်ဘက်ကို ကျွန်မ ဆက်လျှောက်နေဆဲပေါ့...

4 comments:

Anonymous said...

ဒီအလုပ်မှာ ကျွမ်းကျင်နေတော့လည်း တမျိုးကောင်းတယ်၊ ကိုယ်လုပ်ချင်တာနဲ့ မကိုက်တော့လည်း တမျိုးခံစားရတယ်။ ဘ၀ခရီးက ဒီလိုပဲလားမသိသေးဘူး၊
ကိုယ်ကတော့ လုပ်ချင်တာ အကုန်လုံးလုပ်နေရတာ မဟုတ်ပေမယ့် နီးစပ်မူတော့ ရှိနေသေးတယ်။

Anonymous said...

ဟုတ်တယ် အစ်မရေ .... ဝါသနာဆိုတာမျိုးက ငါဘာကိုများ ဝါသနာပါလဲလို့ စဉ်းစားရင် ထွက်ကို မလာဘူး ... အဲလိုပဲ လိုက်လုပ်ကြည့်ရင်းနဲ့မှ ... ကိုယ်ဝါသနာပါတဲ့ အရာကိုတွေ့တာ ... တွေ့တဲ့ အချိန်ကျတော့ များသောအားဖြင့် ကိုယ်ဝါသနာမပါတဲ့ အရာကို ကိုယ်က ရွေးချယ်မိပြီးသား ဖြစ်နေတတ်ပြန်ရော ... ကိုယ်ဝါသနာပါတာနဲ့ ကိုယ်လုပ်နေရတာနဲ့က ထပ်တူမကျဘူးဆိုရင်လည်း ကိုယ့်ဘဝအတွက် အာမခံချက် .. သို့တည်းမဟုတ် ကိုယ့်မိသားစု ရပ်တည်ရေးအတွက် လတ်တလော အခြေအနေမှာ ထောက်ပံ့ရပ်တည်မှု ပေးနေနိုင်တာ သေချာရင် ကိုယ်ဝါသနာမပါလည်း ဒီလုပ်ငန်း ဒီနေရာကိုပဲ ဆုပ်ကိုင်ရပ်တည်ရင်းနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပဲ ... ဝါသနာကြောင့်တော့ မဟုတ်ဘူးပေါ့ ... ဒါကတော့ ဘဝရပ်တည်မှု အတွက်လို့ပဲ ပြောမလား ... မပြောတတ်တော့ပါဘူးလေ ....
နေဒေးသစ်။

ပွင့်မြုးဇင် said...

ဟုတ်တယ်ကိုနေ... မိသားစုထဲမှာ အကြီးဆုံးဆိုတော့ လုပ်ချင်တာထက် လုပ်သင့်တာကို ရွေးချယ်ခဲ့ရတာပါ...

ThuHninSee said...

PLCကို အရမ်းကြိုက်တယ်။ အလုပ်မှာတော့ မလုပ်ဖူးဘူး။ ကျောင်းမှာ ဖိုင်နယ်ရီးယား ပရောဂျက်လုပ်ရင်း သဘောကျသွားတာ။
း)