ကျွန်မရင်တွင်း
ခိုဝင်ဖွဲ့တည်
ရင်ခုန်ခြင်းသည်... မောင့်အတွက်...
ကျွန်မရင်တွင်း
တမ်းတဖြစ်တည်
မျှော်လင့်ခြင်းသည်... မောင့်အတွက်...
ကျွန်မရင်တွင်း
ခိုင်မာဆောက်တည်
ယုံကြည်ခြင်းသည်... မောင့်အတွက်...
ကျွန်မရင်တွင်း
ညင်သာစီးဆင်း
ကြင်နာခြင်းသည်... မောင့်အတွက်...
ခိုဝင်လာတဲ့ ရင်ခုန်ခြင်း..
တမ်းတမိတဲ့ မျှော်လင့်ခြင်း..
ခိုင်မာသွားတဲ့ ယုံကြည်ခြင်းနှင့်...
ညင်သာလွန်းတဲ့ ကြင်နာခြင်းအားလုံးတို့သည်..
ချစ်ခြင်းစေရာ မောင့်ထံသို့သာ.....
ဒီကဗျာလေးကို လွန်ခဲ့တဲ့ ၆ နှစ်လောက်က မောင့်အတွက် မွေးနေ့လက်ဆောင်အဖြစ် ရေးပေးခဲ့တာပါ... ကျွန်မရေးတဲ့ ကဗျာတွေကို နားမလည်ဘူးဆိုလို့ အရိုးရှင်းဆုံးဖြစ်အောင် ကြိုးစားထားရတာလေ... ဒီကဗျာကိုတော့ နားလည်ပါသတဲ့... တော်သေးတာပေါ့နော်... :)
4 comments:
မောင့်ကိုချစ်တတ်လိုက်ပုံများ ကြည့်စမ်းပါအုံး တုန်နေတာပါပဲလား ...
haha
ကာရံလေးနဲ့ စာသားလေးတွေက နူးနူးညံ့ညံ့ ညင်ညင်သာသာ ကြင်ကြင်နာနာလေးတွေ ...
သားသားရဲ့ ဖေဖေ ကံကောင်းလိုက်တာ ...
သားသားတို့မိသားစု ပျော်ရွှင်အေးချမ်းသာယာချမ်းမြေ့တဲ့ မိသားစု ဘဝလေးတစ်ခု သက်ထက်ဆုံး ပိုင်ဆိုင်ရရှိနိုင်ပါစေ ...
နေဒေးသစ်။
ကဗျာလေးကို ခံစားလို့ရတယ်။
ချစ်ခြင်းစေရာ.. မောင့်ထံသို့သာ ဆိုတာလေးက လှတယ်။
ဒါကိုနားမလည်လို့ကတော့နော် :P
ပျော်ရွှင်ပါစေရှင်
very simple and beautiful love poem
Post a Comment