Showing posts with label Joke. Show all posts
Showing posts with label Joke. Show all posts

Monday, August 3, 2009

Joke

မေး။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံကိုပြောပြပါ။
ဖြေ။ မြန်မာနိုင်ငံဖြစ်ပါတယ်။
မေး။ ဘယ်လိုသက်သေပြနိုင်ပါသလဲ။
ဖြေ။ နှစ် ၅၀ နီးပါး ခိုးလို့ရတာအကုန်ခိုးတာတောင် အခုထိမကုန်သေးလို့ပါ။

Source: Shwe Bo Thar
Credit to Ko Shwe Bo Thar & My cousin Yokeks.

Sunday, June 28, 2009

စကားပြောသောသီချင်းများ

(စိုးစန္ဒာထွန်း) မောင့်အချစ်မြားစူး ရူးရပြီပေါ့လေ....
(လေးဖြူ) ရူးချင်ယောင်ဆောင်မနေနဲ့ ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့....

(နန်းစုရတီစိုး) ကျမနောက်ကို မလိုက်ခဲ့ပါနဲ့ မေမေဆူလိမ့်မယ်...
(မိုးမင်း) မင်းသဘော မင်းသဘော မင်းသဘောပဲ...

(အငဲ) ဟောင်းသွားပြီလား ....ဟောင်းသွားပြီလား.....
(စိုးစန္ဒာထွန်း) မနှောင်းသေးပါဘူး...မဟောင်းသေး ပါဘူး အချစ်ရေ...

(Lဆိုင်းဇီ) ဖုန်းဆက်လည်း မပြောချင်ဘူးလား.....
(၀ိုင်ဝိုင်း) တော်ပြီကွာ ဒီဖုန်းစုပ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ.....

(ထွန်းအိနြာဗို) ငါလေ မြင်နိုင်ရင် နင့်ကိုပြချင်တယ်.....
(ဗဒင်) မြင်တယ် အိပ်မက်ထဲလည်းမြင်တယ်၊ စိတ်ကူးထဲလည်း မြင်တယ်...

(ဗဒင်) လမ်းကြားမှာ အလစ်သုတ်ပြီး ခိုးနမ်းတုန်းကပေါ့.....
(တင့်တင့်ထွန်း) နမ်းပါ နမ်းပါ..... ....

(ဖြိုးကြီး) ဝေးဝေးသွားလို့ မရအောင် အချစ်ရယ် ဖက်ထားချင်တယ်......
(တင့်တင့်ထွန်း) ကြိုက်တယ်....မင်းလုပ်သမျှ ကြိုက်တယ်.....

(ထူးအိမ်သင်) မေ့လိုက်တော့ အချစ်လေးရေ..........
(ဖြူဖြူကျော်သိန်း) ငါတော့မေ့လို့မရနိုင်ဘူး အချစ်ဆုံးရေ..........

(လွှမ်းမိုး) စိတ်ညစ်လို့ အရက်ကိုသောက်တယ်........
(မေဆွိ) စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်.........

(ခင်ဖုန်း) မင်းကြောင့် မင်းကြောင့် ပါနော်.......
(စည်သူလွင်) အချစ်ရေ ......ကိုယ့်ကြောင့်........


(သီရိဆွေ) နင်နဲ့ငါနဲ့ ...ငါနဲ့နင်နဲ့....အိုး...အိုး......
(ရွှေပြည်တန်သိန်းဇော်) အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ်.........

(စန္ဒရားလှထွတ်) အိပ်မပျော်သော ညတစ်ည သံသရာဝယ်....
(မေဆွိ) ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ...

(ပိုးအိစံ) အချစ်ဆိုတာ ရယူခြင်းမှမဟုတ်ပဲမဏိစန္ဒာ...
(မျိုးကြီး) ရယူခြင်းမဟုတ်ရင်အချစ်ကဘာလဲ...

email မှရသော ဟာသများကို ပြန်မျှဝေပါတယ်... ဘယ်သူစုစည်းထာမှန်းမသိပေမယ့် အဲဒီလူကို ကျေးဇူးပါ...

Saturday, June 20, 2009

ဘာသာစကားအလွဲ

ကျွန်မမေမေက ရခိုင်စစ်စစ်ဆိုတော့ ငယ်ငယ်လေးကတည်းက ရခိုင်စကားနဲ့ ရင်းနှီးနေခဲ့တယ်... မေမေ့ဖက်ကအမျိုးတွေအားလုံးက ရခိုင်စကားပဲပြောကြတာလေ... ရခိုင်စကားက ဗမာစကားနဲ့သိပ်မကွာဘူး... စကားလုံးအတူတူချင်းကို အသံထွက်ပဲကွာတာများတယ်... ဆပ်ပြာကို သပုန်.. သော့ခလောက်ကို လက်ခုပ်သီး.. ရေပုံးကို ဘာတီပုံး... အဲဒီလို အခေါ်အဝေါ်မတူတာလေးတွေလည်းရှိတာပေါ့... အများအားဖြင့်တော့ တူပါတယ်... အဘောင်ရှင် (အဖွား) ပြောပြောပြတတ်တဲ့ ဟာသအလွဲလေးတွေကို အားလုံးအတွက် ပြန်မျှဝေချင်တာပါ...

တနေ့မှာ ရခိုင်တစ်ယောက်နဲ့ ဗမာတစ်ယောက် တောင်ကုန်းထိပ်မှာ ဆုံကြတယ်... ရခိုင်ကြီးက ဗမာကြီးကို လုံးချင်းလားလို့ မေးလိုက်သတဲ့... ဗမာကြီးကလည်း ဒီကောင် ဒီလောက်မောနေတဲ့ကြားက နပန်းလုံးချင်နေသေးတယ်လို့တွေးပြီး မလုံးချင်ပါဘူးကွာလို့ ပြန်ပြောတာပေါ့... ရခိုင်ကြီးကလည်း ထပ်မေး... ဗမာကြီးကလည်းထပ်ဖြေနဲ့ ၃ခါ ၄ခါလောက်လည်းရှိရော စိတ်တိုလာတဲ့ဗမာကြီးက ဒီလောက်တောင်လုံးချင်တဲ့ကောင် လုံးတယ်ကွာ ဆိုပြီး နပန်းဖက်လုံးတဲ့အဖြစ်ကို ရောက်ရပါလေရော... အမှန်တကယ်တော့ ရခိုင်ကြီးမေးတဲ့ လုံးချင်းလားဆိုတာ တစ်ယောက်တည်းလားလို့မေးတာပါ...

ရုပ်ရှင်ရုံထဲကို နောက်ကျမှဝင်လာတဲ့ ရခိုင်တစ်ယောက်က ဗမာတစ်ယောက်ကို ခြေထောက်တက်နင်းမိပါလေရော... နင်းခံရတဲ့သူက ဘာလို့နင်းတာလဲကွ ဆိုပြီးရန်တွေ့တယ်တဲ့... ရခိုင်ကြီးက မိုက်လို့နင်းတာလို့ ပြန်ဖြေတယ်... ဗမာကြီးလည်း ဒီကောင်တော်တော်မိုက်ရိုင်းတာပဲ... တက်လည်းနင်းသေးတယ် အပြောကလည်းရင့်သေးတယ်ဆိုပြီး အကြီးအကျယ် ရန်ဖြစ်ကြတော့တာပေါ့... အမှန်က မှောင်တယ်ဆိုတာကို ရခိုင်လို မိုက်တယ်လို့ခေါ်တယ်လေ... ရခိုင်ကြီးပြောချင်တာက မှောင်နေလို့ နင်းမိတာပါရယ်လို့ပါ...

အဘောင်ရှင်ပြောဖူးတာတွေကတော့ အများကြီးပဲ... ခုတော့ဒါပဲ စဉ်းစားလို့ရသေးတယ်... နောက်ထပ်ပေါ်လာမှပဲ ထပ်ရေးတော့မယ်နော်...