Wednesday, June 10, 2009

ရင်ခွင်ရဲ့အလင်း

အရင်တုန်းကပေါ့...
ငါ့ရင်ခွင်မြေတလင်းမှာ
လရောင်ကျင်းလို့လင်းခဲ့ဖူးပါရဲ့...

ရက်စက်မှုတိမ်လွှာအဖုံးမှာ
အမုန်းဆိုတာမရှိပေမယ့်..
ရှုံးပြီဆိုတဲ့အသိက
ရင်ကိုထိမှန်ပေါက်ကွဲစေတယ်...

လရောင်မရှိတဲ့
ညမှောင်အတိမှာ
လမ်းပျောက်လုဆဲ ငါ့ဝိဥာဉ်အတွက်...
နှလုံးသားကိုမီးစာတင်..
နှလုံးသွေးကိုလောင်စာပြုလို့..
ခုချက်ချင်းလောင်ကျွမ်းကာလင်းစေမယ်..
လမင်းရဲ့အလင်း....
မင်းမရှိလဲဖြစ်ပါတယ်...

ဒီကဗျာလေးက ဒုတိယနှစ်တုန်းက သူငယ်ချင်းတွေနဲ့ စုပြီး ပထမဆုံးထုတ်ဖြစ်တဲ့ နေလောင် circuit တို့ရဲ့သမိုင်းဆိုတဲ့ ကဗျာစာအုပ်ထဲကလေ... အဲဒီစာအုပ်ထွက်ပြီး နောက်တနေ့လဲကျရော ရည်းစားဟောင်းက ကိုယ်ပေးထားဖူးတဲ့ လက်ဆောင်တွေရော စာတွေရော ပြန်လာပေးသွားလေရဲ့... သူ့နာမည်က လရောင် တဲ့...

2 comments:

Anonymous said...

ကြော်ငြာဝင်ပါတယ် သားသားတို့ ပိုင်ရှင်က ... :D
ရည်းစားဟောင်းဆိုပဲ .... :D သားသားတို့ ပိုင်ရှင်ချင်းချင်း နှောင်ဂျိန်ပလေးနေကြရ ဦးမယ် .. :D စတာပါ ... အားလုံး အစစအရာရာ အဆင်ပြေကြပါစေ ..

ပွင့်မြုးဇင် said...

ဟဲဟဲ... သားသားဖေဖေက သဘောထားကြီးပါတယ်...