Tuesday, June 9, 2009

သားသားနေမကောင်းပါ

သားသားဖျားနေတယ်... မနေ့ကတည်းကစဖျားတာ... ဒီမနက်ကျတော့ အဖျားပြန်ကျသွားတယ်... ခုညကျတော့ အဖျားပြန်တက်နေပြန်ပြီ... သားသားက မွေးကတည်းက ဘာမှဖြစ်ဖူးတာမဟုတ်ဘူး... ကာကွယ်ဆေးထိုးတာတောင် မဖြုံဘူး... ဒီတစ်ခါ ပထမဆုံးဖျားတာဆိုတော့ ကျွန်မလဲတော်တော်စိတ်ပူနေရတယ်.. သားသားမျက်နှာလေး နွမ်းနေတာတွေ့တော့ ရင်ထဲမှာမကောင်းဘူး... အမြဲတမ်း active ဖြစ်နေတဲ့ကလေးလေးက နွမ်းဖတ်ဖတ်ကလေးဖြစ်နေတယ်... ဆေးတိုက်ထားတော့ ဆေးအရှိန်နဲ့ အိပ်ပျော်နေပြီလေ... ဆေးခါးခါးကြီးကို ထွေးမထုတ်ပဲ ကျိတ်မှိတ်မျိုချနေတဲ့ပုံလေးက သနားစရာကလေး... သားသားနေမြန်မြန်ကောင်းအောင် ၀ိုင်းပြီးဆုတောင်းပေးကြပါနော်...

3 comments:

Anonymous said...

သားနေကောင်းပြီလား .... လင့်က ဒီနေ့မှ အိမ်မှာ အက်ဖြစ်လိုက်လို့ ဒီပို့စ်တက်တာ အသိနောက်ကျသွားတယ် .. သားငယ်လေး အမြန်ဆုံး နေကောင်းကျန်းမာလာပြီး ပုံမှန် အနေအထားတစ်ခုဆီ အမြန်ဆုံး တက်လှမ်းနိုင်ပါစေ ...
နေဒေးသစ်။

Anonymous said...

အားးးး Current status ကို ခုမှ ကြည့်မိတယ် ... သားလေးနေပြန်ကောင်းသွားပြီကိုး .. ပျော်လိုက်တာ ... ကလေးတွေ နေကောင်းကျန်းမာနေရင် သိပ်ချစ်ဖို့ကောင်းတာ .. တီတီတာတာနဲ့ ... ဟိုလှုပ်ဒီလှုပ် ဖက်တီးဝတုတ် .. ဟဟ
နေဒေးသစ်။

ပွင့်မြုးဇင် said...

သားသားကနေကောင်းပါပြီ... ဆော့လိုက်တာလည်း မျောက်ရှုံးပဲ... သူပျော်နေတာမြင်ရမှပဲ စိတ်ချမ်းသာတော့တယ်... သတင်းမေးတာကျေးဇူးပါ ကိုနေရေ...