Thursday, June 4, 2009

ဖေဖေ့ရဲ့သားသား



သားသားက သူ့ဖေဖေကို အရမ်းသိတယ်... သူ့ဖေဖေနဲ့များ ကစားနေရရင် ခိုးခိုးခစ်ခစ်နဲ့ အသံပေါင်းစုံကိုထွက်လို့... ကျွန်မခေါ်ရင်တောင် လှည့်မကြည့်ချင်ဘူး... သူ့ဖေဖေဆီကနေ သူ့ကိုပြန်ခေါ်မှာစိုးတာလေ... သူ့ဖေဖေရင်ဘတ်ပေါ်မှာ ခုန်ပေါက်ဆော့ရတာ အရမ်းပျော်တယ်... အဖေနဲ့အမေက တနေကုန်အလုပ်သွားနေတာဆိုတော့ သူ့ခမျာလည်း ညမှပဲ အဖေအမေနဲ့ နေရရှာတာလေ... OT ရှိလို့ နောက်ကျရင်တောင် မအိပ်ဘဲနဲ့ စောင့်နေရှာတာ... သူ့ဖေဖေနဲ့ ကစားချင်လွန်းလို့ပေါ့...

1 comment:

Anonymous said...

အဖေချစ်တဲ့သား .. မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်း ... လူကတုတ်တုတ် ...:D