Monday, June 1, 2009

မိုးသံစဉ် စတင်ခြင်း


၂၀၀၉ရဲ့ ပထမဆုံးမနက်ခင်းမှာပေါ့... ထူးဆန်းတဲ့ခံစားချက်ကြောင့် ဖြတ်ခနဲ လန့်နိုးသွားခဲ့တာ... ချက်ချင်းပဲသတိရလိုက်တာက... ဗိုက်ထဲက သားသား... သူ... အပြင်ကိုထွက်ချင်ပြီဆိုတာ အချက်ပြနေပြီလေ...
Due Date က ၁၄ရက်နေ့မှဆိုပေမယ့် သားသားက မေမေ့ကိုစောစောမြင်ချင်လို့ထင်တယ်... မနက် ၁၀း၃၀ လည်းကျရော အပြင်ကိုရောက်လာပါလေရော... New Year Baby လေးပေါ့... ၈ပေါင်နဲ့၁၀အောင်စဆိုတော့ တုတ်ကစ်ကစ်လေး... ကျွန်မအတွက်တော့ ကြည့်မ၀တဲ့ သားလှရတနာလေးပါပဲ... အဲဒါက မိုးသံစဉ်ရဲ့ စတင်ခြင်းပေါ့...

3 comments:

Anonymous said...

အားးး ကလေးလေး ချစ်ဖို့ ကောင်းလိုက်တာ

ပွင့်မြုးဇင် said...

သားသားကို ချစ်ဖို့ကောင်းတယ်ဆိုလို့ ကျေးဇူးပါနော်..

Anonymous said...

ဘလော့ဂ်ရည်ရွယ်ချက်လေး ကောင်းတယ်။
နှစ်သစ်မှာမွေးတော့ အမှတ်တရပေါ့။
ရေးထားတာလေးက ခင်မင်နှစ်လိုဖွယ်လေးပဲ။