Tuesday, July 20, 2010

ပုရိသကိုယ်ဝန်ဆောင်

မနေ့က တီဗွီကြည့်နေကြရင်း ချာနယ်အိတ်မှာ ရေနဂါးလေးတွေအကြောင်းပြပါတယ်.. အတူတူကြည့်နေတဲ့ ဦးလေးက ပြောပြလို့ ထူးဆန်းတာလေးတစ်ခု သိလိုက်ရတယ်.. ရေနဂါးတွေမှာ အထီးကောင်လေးတွေက ကိုယ်ဝန်ဆောင်ကြသတဲ့.. သေသေချာချာလေး အသေးစိပ်သိချင်လို့ ၀ီကီမှာရှာဖတ်ပြီး သိသမျှလေးမျှဝေပေးလိုက်ပါတယ်..



SEAHORSE လို့ခေါ်တဲ့ ရေနဂါးလေးတွေဟာ မျိုးနွယ်ပေါင်း ၄၀ကျော်ရှိကြပြီး အပူပိုင်းပင်လယ်တွေရဲ့ ရေတိမ်ပိုင်းမှာ အများဆုံးတွေ့ရတတ်ပါတယ်.. ရေညှိရေမှော်တွေ သန္တာကျောက်တန်းတွေကြားမှာ အနေများပြီး ဒီရေတောတွေထဲမှာလဲ တွေ့ရတတ်ပါတယ်.. တခါတလေတော့ ဥရောပဘက်ကို နယ်ချဲ့တတ်ကြပါသေးတယ်.. အထီးကောင်လေးတွေက နေထိုင်ရာနေရာရဲ့ ၁မီတာပါတ်လည်အတွင်းသာ လှည့်လည်သွားလာတတ်ပြီး အမလေးတွေကတော့ မီတာ၁၀၀ပါတ်ဝန်းကျင်လောက်ကို လှည့်လည်နေတတ်တယ်ဆိုပဲ.. ဗိုင်းကောင်းကျောက်ဖိဆိုတဲ့စကားက ရေနဂါးထီးကလေးတွေအတွက်ဖြစ်မယ်နော်..

ရေနဂါးလေးတွေဟာ အရိုးမာငါးမျိုးဖြစ်ပေမယ့် အကြေးခွံတော့မရှိကြပါဘူး.. အရိုးမာမာကြီးပေါ်မှာ အရေခွံပါးပါးလေးပဲဖုံးအုပ်ထားတဲ့ အသားမရှိသူလေးတွေပါတဲ့.. ငါးမော်ဒယ်လေးတွေပေါ့.. ရေကို မတ်တပ်ကူးကြပါတယ်..သူတို့ခေါင်းပ်ါမှာ သရဖူပုံစံလေးလဲ ပါတတ်သေးတယ်တဲ့.. အဲဒီသရဖူလေးက တကောင်နဲ့တကောင်လုံးဝမတူကြပါဘူး.. လူတွေရဲ့လက်ဗွေရာလိုပေါ့.. တကောင်ကို ပုံစံတမျိုးစီပါတဲ့.. ငါးမျိုးပေမယ့် ရေကူးတော့မမြန်ကြပါဘူး.. သူတို့မျက်စိရဲ့ နောက်နားလေးက ရေယက်လေးတစ်ခုတည်းကိုသုံးပြီး ကူးရတာဆိုတော့ သိပ်မမြန်ဘူးပေါ့.. များသောအားဖြင့် သူတို့အမြီးလေးတွေကို တနေရာရာမှာချိတ်ပြီး နားနေတတ်ကြပါတယ်.. သူတို့ရဲ့အစာကတော့ ငါးသေးသေးလေးတွေ ပုဇွန်သေးသေးလေးတွေနဲ့ ရေညှိရေမှော်လေးတွေပါ..

သူတို့ရဲ့ မျိုးပွားပုံက စိတ်ဝင်စားစရာအကောင်းဆုံးပါပဲ.. သူတို့ချင်း ချစ်တင်းမနှောခင် ၂ကောင်သား တော်တော်ကြာကြာလေး အတူတူရှိနေတတ်ကြတယ်.. အမြီးချင်းချိတ်ပြီး ဘေးချင်းယှဉ်ရက် ရေကူးသွားနေတတ်ကြတယ်.. အဲဒီနောက် အထီးကောင်လေးက သားဥအိတ်လေးကိုဖွင့်ပေးလိုက်တဲ့အခါ အမကောင်လေးက သူ့ဥတွေကို အိတ်ထဲထည့်ပေးလိုက်တယ်.. နောက်တော့ အထီးကောင်လေးက ကိုယ်ဝန်ဆောင်ရတော့တာပေါ့.. ၂လလောက်ကြာအောင် ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် အကောင်လေးတွေပေါက်လာတာပေါ့.. သားပေါက်လေးတွေကိုလဲ အဖေကြီးကပဲ စောင့်ရှောက်ရပါတယ်.. သူတို့တွေရှာဖွေစားသောက်နေထိုင်တတ်လာတဲ့အထိပေါ့.. ထူးဆန်းပါပေ့ရေနဂါးရယ်..

Pregnant Seahorse

ကလေးတော့လိုချင်တယ်.. ကိုယ်ဝန်တော့မဆောင်ချင်ဘူးလို့ ပြောတတ်ကြတဲ့မမတွေကို ရေနဂါးနဲ့ယူပေါ့လို့ပဲ ပြောရမလိုလို... ကျွန်မတို့ဖေဖေ ပုလဲနဲ့ငါးမှာလုပ်တုန်းက သင်္ဘောတခေါက်ပြန်ဝင်လာပြီးဆို ရေနဂါးခြောက်လေးတွေ ပြန်ပါလာတတ်တယ်.. လှတဲ့ကောင်လေးတွေကို ရွှေချ.. မျက်လုံးနေရာမှာကျောက်နီလေးထည့်လိုက်ရင် လက်ဆောင်ရေနဂါးရုပ်လှလှလေးရတာကိုး.. တရုတ်တိုင်းရင်ဆေးဖော်ရာမှာလဲ ရေနဂါးခြောက်လေးတွေကို သုံးကြပါတယ်.. ထူးထူးခြားခြား မျိုးပွားကြတဲ့ ပုရိသကိုယ်ဝန်သည် ရေနဂါးလေးတွေအကြောင်း မသိသေးရင်သိရအောင်မျှဝေပေးတာပါ.. လွဲနေတာများရှိခဲ့ရင် ဘာသာပြန်သူကျွန်မအလွဲသာ ဖြစ်ပါကြောင်း..

6 comments:

naychi said...

ခုမှပဲ သိတော့တယ်။ ဗဟုသုတရတယ် မရေ.. ကျေးဇူး

မိုးခါး said...

ဟုတ်တယ် မမြူးရေ
ဗဟုသုတရပါတယ် .. ကျေးဇူး အစ်မး)

ဧပရယ်လ်ပူး@ပူးတေ said...

သူငယ်ချင်းရေ

ခုမှသိတယ်.. ရေးထားတာ တကယ်ရီရတယ်...
မစ္စတာပီကိုတောင် ရေနဂါးဖြစ်ခိုင်းလိုက်ရ ကောင်းမလားလို့....:)

မေဇင် said...

အယ်....ဒီလိုဆို...ရေနဂါး အထီးလေးတွေက ချစ်စရာပဲ... ကျေးဇူးပါ။

ဒေါင်းမင်း said...

အခုမှသိတယ်ပုရိသကိုယ်ဝန်ဆောင်တာ..
ဖြစ်လေရာဘ၀တိုင်းရေနဂါးမဖြစ်ပါစေနဲ့...

Crystal said...

ပိုစ့်လေးကို သဘောကျလို့ မျှဝေထားလိုက်ပြီ :)