Friday, July 9, 2010

၃နဲ့၄ မဟုတ်တဲ့ ၄နဲ့၃


မောင်နဲ့ကျွန်မ အသွင်တူလားမတူလားဆိုတာ ရင်းနှီးသူတွေတိုင်း လွယ်လွယ်ကူကူ သိမြင်နိုင်လောက်အောင်ကို သိသာပါတယ်..

ကဗျာရူး စာရူးကျွန်မနဲ့ ကဗျာတွေကို နားမလည်ပါဘူးဆိုတဲ့မောင်..
အားရင်သီချင်းလေးညည်းနေတတ်တဲ့ကျွန်မနဲ့ ဘယ်သီချင်းကိုမှ စာသားလဲမရ ကီးဝင်အောင်လဲ မဆိုတတ်တဲ့မောင်..
စိတ်ဆတ်အမျက်ထွက်လွယ်တဲ့ကျွန်မနဲ့ စိတ်မဆိုးတတ်တဲ့မောင်..
ပညာရေးနဲ့အလုပ်ခွင်မှာ လောဘတကြီးလုပ်တတ်တဲ့ကျွန်မနဲ့ ရောင့်ရဲတင်းတိမ်တတ်လွန်းတဲ့မောင်..
ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်ပေါ့..

တကယ်တမ်းတွေးကြည့်တော့ တူတာလေးတွေလဲရှိသား..

ကြေးအိုးကို အသေအလဲကြိုက်တာချင်းတူတယ်.. ဒါပေမယ့် မောင်က အသားများများကြိုက်ပြီး ကျွန်မကကလီစာများများကြိုက်တယ်..
မန်ယူကို အားပေးတာချင်းတူတယ်.. ဒါပေမယ့် မောင်က ကျွန်မကြိုက်တဲ့ ရွန်းနီကို မကြိုက်ဘူး..
အအိပ်မက်တာချင်းတူတယ်.. ဒါပေမယ့် ကျွန်မကအအိပ်ဆတ်ပြီး မောင်ကဆင်အော်တာတောင်မနိုးတဲ့သူ..
အဝတ်အစားကို ဂျီးမများတတ်တာချင်းတူတယ်.. ဒါပေမယ့် ကျွန်မက လိုက်ဖက်အောင်တော့ဝတ်ချင်တယ်.. မောင်ကတော့ တကယ်ကိုဖြစ်သလို ၀တ်တတ်တယ်..

ကျွန်မက ခေါင်းမာပြီး အကြောခပ်တင်းတင်းဆိုတော့ မတူတာတွေကို သူနဲ့တူအောင်ညှိလိုက်မယ်လို့ တခါမှမစဉ်းစားဖူးဘူး.. သူ့ကိုပဲ ကိုယ့်ဘက်ပါအောင် စည်းရုံးကြည့်မိတယ်.. အောင်မြင်တယ်ပဲပြောရမလား.. တိုးတက်လာတာတော့အမှန်.. သားသားကို ကဗျာလေးတွေဆိုပြတတ်လာတာမျိုး.. သီချင်းတွေနားထောင်တတ်လာတာမျိုး.. အလုပ်နဲ့ပါတ်သတ်ရင် လောဘကြီးတတ်လာတာမျိုးတွေပေါ့.. ကျွန်မကိုတော့ မှီသေးဘူးပေါ့လေ..

နှစ်ယောက်လုံး ညှိစရာမလိုပဲ တူတဲ့တစ်ချက်ကတော့ ကျွန်မက သားသားနဲ့အတူရှိနေပြီး မောင်ကအပြင်သွားနေရင်ပဲဖြစ်ဖြစ်.. မောင်ကသားသားနဲ့အတူရှိနေပြီး ကျွန်မကအပြင်သွားနေရင်ပဲဖြစ်ဖြစ်.. နာရီဝက်တစ်ခါလောက် အပြင်ရောက်နေသူက ဖုန်းခေါ်ပြီး သားသားဘာလုပ်နေလဲလို့ မေးတတ်ကြတာပါပဲ.. ကျွန်မတို့နှစ်ယောက်လုံး ထပ်တူညီတာကတော့ သားသားကိုချစ်တဲ့အချစ်တွေပေါ့..

အသွင်မတူတဲ့ ကျွန်မတို့နှစ်ယောက်ကို ၄နဲ့၃လို့ တင်စားချင်တယ်.. ဦးတည်ရာတွေမတူပေမယ့် မျက်နှာချင်းဆိုင်ရှိနေကြတာမျိုးပေါ့.. ၃နဲ့၄လို အချင်းချင်းကျောခိုင်းထားကြတာမျိုး မဟုတ်ဘူးနော်.. ဒီလိုပဲညှိညှိနှိုင်းနှိုင်းနဲ့ နှစ်ယောက်သားအချစ်တွေပုံပေးထားတဲ့ သားသားနဲ့အတူတူ ဘဝခရီးကို ပျော်ပျော်ကြီးဆက်လျှောက်နေဆဲပေါ့..

(ရေးချင်လွန်းလို့ မမသက်ဝေကို တဂ်ခိုင်းထားရတဲ့ပို့စ်ပါ.. )

10 comments:

မိုးခါး said...

ပျော်စရာကောင်းတယ်နော် ..း))
ဒါထက်ပိုပြီး အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘ၀လေး ထာဝရ ပိုင်ဆိုင်ပါစေ အစ်မရေး))

မေလေး said...

ပျော်စာကြီး
အနော်လဲရေးချင်လို့ ဟိ

noblemoe said...

ပျော်စရာကောင်းတဲ့မိသားစုဘဝလေးပဲနော်
အမြဲထာဝရ ကျမ်းမာပျော်ရွှင်ပြီး သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးနဲ့ ဘဝခရီးကို အောင်အောင်မြင်မြင်နဲ့ လျှောက်နိုင်ပါစေ.....
မိုး

The Queen said...

ညီမရဲ့ " အသွင်တူ မှ အိမ်သူဖြစ်တာလား " ပို့စ်တုန်းက မန့်ခဲ့တာလေး ပြန်မန့်သွားတယ်။

The Queen said...
အသွင်မတူပေမယ့် ဦးတည်ရာလမ်းကြောင်း၊ ယုံကြည်ချက် ၊ခံယူချက်တွေ ဖြောင့်ဖြောင့် ကြီး ဆန့်ကျင်မနေရင် အသေးအမွှားလေးတွေ တော့ ခွင့်လွတ်ပြီးနေရင် အကောင်းဆုံးလို့ ထင်ပါတယ်။ အရာရာအားလုံး တထပ်တည်း ကျနေပြီး တခါတလေတောင် ရန်မဖြစ် စိတ်မကောက်ရင် ပျင်းစရာကြီး နေမလား ပဲ????
September 3, 2009 9:19 AM

naychi said...

၎ နဲ့ ၃ တဲ့လား
စိတ်ကူးလေး ကောင်းလိုက်တာ မ...

မေဇင် said...

တစ်ယောက်ကို တစ်ယောက်မေတ္တာရှိကြပြီးတော့ နားလည်မှု့ရှိကြရင်... အသွင်ဘယ်လို မတူပါစေ အားလုံးက ပြေလည်ပါတယ်ဆိုတာ...မမပိုစ့်လေးကပြောပြနေသလိုပါပဲ။

ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘ၀လေး...ထာဝရ ချမ်းမြေ့နိုင်ပါစေ...။

ကောင်းကင်ပြာ said...

သားလေး နဲ့ မောင်နဲ့ အမြဲ ပျော်ရွှင်ပါစေ နော်..း)

သက်ဝေ said...

ညီမရေ...
တစိမ်းနှစ်ယောက် ပေါင်းစပ်ထားတဲ့ ဘဝလေး တခုမှာ မတူတာတွေကတော့ အမြဲရှိနေမှာပါပဲ... အဲဒီမတူညီတာတွေကို စစ်မှန်တဲ့ ချစ်ခြင်းတွေရယ် နားလည်မှု စာနာမှုတွေရယ်နဲ့ ကြိုးစားပြီးတော့ ညှိနှိုင်းသွားနိုင်တယ်ဆိုရင် ပျော်စရာဘဝလေးတခု ဖြစ်နေပြီပေါ့...

တယောက် နှစ်ယောက် ရေလို့ကြည့်...
အိမ်သား သုံးယောက်ရှိ... ဆိုတဲ့ ကဗျာလေးလိုပဲ သားကလေးနဲ့ ညီမတို့ မိသားစုလေး သက်ထက်ဆုံးတိုင် မခွဲမခွာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းတယ်နော်...

တက်ဂ်ပိုစ့်လေးအတွက် တတပ်တအား ဝိုင်းဝန်း အားပေးပေးတာ ကျေးဇူးတင် ချစ်ခင်လျှက်...

Anonymous said...

မေတ္တာတွေကို မြင်သွားရပါတယ်။

tin min htet said...

ဪသာ် .. မြူးကို ၃၄ လောက်ပဲ ရှိဦးမယ် ထင်နေတာ၊ ၄၃ ရှိပြီကိုး။ :P

(သားသားရယ် ဖေဖေနဲ့ မေမေရယ် အမြဲပျော်ရွှင်ကြပါစေ ..)