Monday, February 1, 2010

THE CANDLE ROCK PERFORMANCE

စနေနေ့က အတွေ့အကြုံတစ်ခု ရလိုက်တယ်... သိပ်ပျော်စရာကောင်းပါတယ်.. သီချင်းဆိုတာ ၀ါသနာပါတဲ့ကျွန်မအတွက် တီးဝိုင်းနဲ့ လူရှေ့မှာ ပထမဆုံးဆိုဖူတဲ့ အတွေ့အကြုံသစ်ပေါ့.. ကြောက်နေမယ်ထင်ထားခဲ့တာ.. အံ့သြစရာပဲ လုံးဝကြောက်မနေခဲ့ဘူး.. ဆိုလို့ကလည်းကောင်းမှကောင်းပဲ.. ကံကောင်းသွားတာက စုံတွဲသီချင်းကို အရင်ဆိုရတာပါပဲ.. တစ်ယောက်တည်းမဟုတ်တော့ ကြောင်မနေတော့ဘူးပေါ့... မြတ်နိုးခြင်းမိုးတိမ် ဆိုတဲ့သီချင်းလေ.. ယောက်ျားလေးအဆိုရှင်က ကိုပန်ကိုပါ.. အရမ်းကို အသံကောင်း သီချင်းအဆိုကောင်းတဲ့ အစ်ကိုကြီးပေါ့.. လေးဖြူရဲ့ ဂီတလိုသီချင်းမျိုးကို အသံအားကောင်းကောင်းနဲ့ ဆိုသွားနိုင်တယ်လေ.. ကိုထင်ကြီး ကိုဘိုဘို ကိုထက်အောင်ဖြိုး ကိုသန်းအောင် ကိုမင်းဥာဏ် အားလုံးပဲ အရမ်းတော်ကြပါတယ်.. တကယ့် ဟဲဗီးရော့ခ်တွေကို အသံကောင်းကောင်းနဲ့ ဆိုသွားလိုက်ကြတာများ အားကျမိပါရဲ့.. ကိုကိုရေချစ်မိပြီဆိုတဲ့ ထက်ထက်ရယ်.. မချစ်ဘူးမပြောပါနဲ့ လို့ဆိုလေတဲ့ မေသူရယ်.. မင်းပဲကောင်းတယ်လို့ပြောတဲ့ မယုရယ်ကလဲ အရမ်းတော်ကြပါတယ်.. ကျွန်မဆိုရတဲ့ နောက်တစ်ပုဒ်က ချယ်ရီမြို့တဲ့ ဆုန်သင်းပါရ်သီချင်း.. သီချင်းကောင်းလေးပါပဲ.. ကျွန်မဆိုလိုက်မှ ပျက်သွားသလားတော့ မပြောတတ်ဘူးး) .. တီးတဲ့သူတွေကလည်း အရမ်းတော်ပါတယ်.. ခင်မင်ရင်းနှီးတဲ့သူတွေချည်းပဲ စုစည်းကြတဲ့ပွဲလေးမို့ ပျော်ပျော်ရွှင်ရွှင်ပါပဲ.. နောက်လဲ ဒီလိုပွဲမျိုးကြုံချင်ပါသေးတယ်.. ကဲ.. စီစဉ်သူ ကိုအောင်မြိုင်သင်းရေ.. နောက်တစ်ပွဲဘယ်တော့လဲဗျို့......


5 comments:

မြစ်ကျိုးအင်း said...

အမရေ အပီအပြင်ကိုဟဲခဲ့တယ်ပေါ့
ပျော်ရွှင်စရာကောင်းတဲ့ပွဲမျိုးလေးတွေ မကြာမကြာ စီစဉ်တာ လူနေမှုဘဝအတွက် ကောင်းပါတယ်။

လင်းကြယ်ဖြူ said...

VCD KARAOKE ထွက်ရင်ပြောဦးနော..
အားပေးနေပါတယ်....
ပျော်ပါစေ...ဘော်ဒါရေ
*.*.*

The Queen said...

CHEERRRRRRRRRRR !!!

ပိုးဟပ်လေး said...

ပွင့်မြူးဇင် ဆိုတဲ့ နာမည် ရင်းရင်းနှီးနှီးကြားဖူးပါတယ်လို့
blog ကိုမနည်းရှာပြီးလာခဲ့ရတယ်
ကွန်မန့်ပေးချင်လို့..အဟီး
ပထမပိုင်းမှာ ဆိုတဲ့ သီချင်းလေးကိုတော့ ကောင်းကောင်းနားထောင်သွားပါတယ်
ူဒုတိယပိုင်းမှာ မယု ရဲ့ သီချင်းလေးနားထောင်အပြီး ပြန်သွားတာပါ မပွင့်မြူးရဲ့ အသံလေးကောင်းပါတယ်
ဇီးသီးထုပ်လို့ ရတယ်
အဟီး

rose of sharon said...

ပျော်စရာကြီးနော်.... လာအားပေးချင်တယ်... နောက်တခါကြိုပြောထား