Monday, January 25, 2010

ဝါသနာကို မတားနဲ့ရှင်

ကျွန်မတို့မိသားစုဝင်တွေအားလုံးက ဂီတကိုစိတ်ဝင်စားကြတယ်.. ငယ်ငယ်လေးကတည်းက ဖေဖေဂစ်တာတီးပြီး ဆိုဆိုပြနေကြသီချင်းတွေဆို ခုထိတောင် နားထဲစွဲနေတုန်း.. မေမေကလဲ သီချင်းအဆိုကောင်းသား.. သူကတော့ မြန်မာသံ မိုနိုစစ်စစ်ပေါ့.. ချိုပြုံး.. မာမာအေး တို့သီချင်းတွေဆိုပိုင်မှပိုင်ပဲ.. ဖေဖေဆိုနေကျကတော့ စိုင်းထီးဆိုင်တို့ တက္ကသိုလ်အေးမောင်တို့ လားရှိုးသိန်းအောင်တို့ သီချင်းတွေပေါ့.. ကျွန်မတို့ခောတ် အဆိုတော်တွေကိုလည်း ဖေဖေရောမေမေရော ကြိုက်ကြပါတယ်.. ဟစ်ဟော့တွေ ရပ်တွေကို မကြိုက်ကြပေမယ့်.. ရော့ခ်တွေ ဟဲဗီးမက်တယ်လ်တွေအထိ သူတို့ ကြိုက်ကြတယ်.. ဖေဖေဆို ဖြူဖြူကျော်သိန်းကို သိပ်သဘောကျတာ.. ဖြူဖြူကျော်သိန်းမတိုင်ခင်က မဒီကိုကြိုက်တယ်တဲ့.. ခောတ်မီတယ်နော်..

ကျွန်မတို့မောင်နှမသုံးယောက်စလုံးလဲ သီချင်းဆိုရင် အကုန်နားထောင်တာပဲ.. ညီမလေးကအဆိုးဆုံး.. ထွက်သမျှသီချင်းခွေတွေ အကုန်ဝယ်တာပဲ အခွေငှားဆိုင်တောင်သူ့လောက်စုံမယ်မထင်ဘူး.. ကာရာအိုကေကလည်း ဆိုလိုက်ရတာအမော.. မောင်လေးကျတော့ အတီးဘက်ကို ပိုအားသန်တယ်.. ဂစ်တာတီးတာပေါ့.. ဘယ်မှာမှ မယ်မယ်ရရ မသင်ဖူးပေမယ့် တော်တော်လေးတီးတတ်သား.. သီချင်းတွေဘာတွေလဲ ရေးထားတာရှိသေးတယ်.. သူရေးတဲ့သီချင်းကို သူ့သူငယ်ချင်းတွေကဆို.. သူက အသံဖမ်းနဲ့ ပျော်နေရော.. အိမ်ကို သူ့သူငယ်ချင်းတွေလာပြီး သီချင်းတွေဆို အသံတွေသွင်းကြပြီဆို ဖေကတပြုံးပြုံးနဲ့.. ကျွန်မတို့ဖေဖေက သားသမီးတွေကို ဘယ်တော့မှမဆူဖူးဘူး.. လေသံမာမာတောင်မပြောဖူးဘူး.. ဒီတော့ ကျွန်မတို့က ဖေဖေ့ကိုဆို မကြောက်ပါဘူး.. ဘာမဆို ဖေဖေနဲ့တိုင်ပင်ဖြစ်တယ်.. များသောအားဖြင့် အဖေတွေက သားတွေကို စိတ်တိုင်းမကျတတ်ဘူးမဟုတ်လား.. ဖေဖေနဲ့မောင်လေးကတော့ အရမ်းတည့်ကြတယ်.. မောင်လေးနိုင်ငံခြားမသွားခင်အထိ သားအဖတွေ တစ်ခုတင်တည်း အတူတူအိပ်ကြတာလေ.. သူ့သားလေးက သူ့လိုပဲ ဂီတကိုစိတ်ဝင်စားတော့ အရမ်းသဘောကျပေါ့.. ဂစ်တာလိုချင်တယ်ဆို ချက်ချင်းဝယ်ပေးတာပဲ.. သူကိုယ်တိုင် သင်ပေးတယ်.. ကျွန်မတို့အိမ်ကတော့ သီချင်းသံတွေညံနေရောပေါ့..

ကျွန်မလဲ သီချင်းဆိုတာ ၀ါသနာပါပါတယ်.. ဂစ်တာတီးလဲ သင်ဖူးတယ်.. နည်းနည်းပါးပါးတော့ တီးတတ်ဆိုတတ်တယ်ပေါ့လေ.. တကယ်ကို နည်းနည်းပါးပါးပါ.. ပြီးခဲ့တဲ့တစ်ပါတ်က မေမေ့သူငယ်ချင်း ဦးအောင်မြိုင်သင်းက မေးလာတယ်.. စတေ့ခ်ျရှိုးမှာ ဆိုရဲလားတဲ့.. ကျွန်မက စင်ပေါ်မှာတီးဝိုင်းနဲ့ မဆိုဖူးပေမယ့် ကာရာအိုကေတော့ ဆိုနေကျပါ.. ဖြစ်ပါ့မလားမေးတော့ သူက စမ်းကြည့်တာပေါ့တဲ့လေ.. ဒါနဲ့ပဲ မနေ့က သီချင်းသွာတိုက်ဖြစ်တယ်.. အဆင်ပြေပါတယ်.. ၂ပုဒ်ဆိုဖြစ်မယ်.. ဆုန်သင်းပါရ်ရဲ့ ချယ်ရီမြို့ရယ်.. ကော်နီနဲ့ဘိုဘိုရဲ့ မြတ်နိုးခြင်းမိုးတိမ်ရယ်ပေါ့.. ဆိုတဲ့သူတွေအားလုံးက ၀ါသနာရှင်တွေဆိုပေမယ့် အားလုံးက အရမ်းတော်ကြတယ် (ကျွန်မမပါ).. တီးဝိုင်းကလည်း အရမ်းကောင်းပါတယ်.. စလုံးကမောင်နှမတွေ ဖြစ်နိုင်မယ်ဆိုရင် လာအားပေးစေချင်ပါတယ်ရှင်.. အစီအစဉ်လေးကတော့ အောက်မှာရေးထားတဲ့အတိုင်းပါပဲ.. လက်မှတ်တစ်စောင် ၁၅ ဒေါ်လာပါတဲ့ရှင်.. စောစောလာတဲ့သူတွေကို ဘူဖေးလဲကျွေးဦးမှာတဲ့..















THE CANDLE ROCK PERFORMANCE

DATE: 30TH JANUARY 2010
TIME: 6:30PM TO 11:00PM
VENUE:NTU ALUMNI CLUB (8TH DEGREE LONGUE)
11 SLIM BARRACK RISE
#08-02, S138664

8 comments:

မေဇင် said...

စိတ်ဝင်စားဖို့ ကောင်းသားနော်...း)) ... မမ သီချင်းဆိုရင် ဗွီဒီယို ရိုက်ထားနော်...ပြန်ပြီး ရှယ် ပေးပါ...။း))

ပုံ့မေ said...

သီချင်းဆိုတာတော့ မေသူလဲ ဝါသနာပါတယ်..

သီချင်းဆိုတယ်ဆိုရင် ဖေဖေနဲ့ မေမေနဲ့ စုံတွဲ.. ပိုးစုန်းကြူးသီချင်းဆိုတာ သတိရတယ်...

ခိ... မေမေက သီချင်းမဆိုတတ်ပါ... ဒါမဲ့ သမီးတွေတောင်းဆိုတာနဲ့ ပြီးအောင်တော့ ဆိုသွားတယ်.. အဲနေ့ လေးကို သတိရတယ် =)

မိုးခါး said...

သီချင်းဆိုတာ ၀ါသနာပါတယ် ..း))
ဘယ်နားလည်း မသိဘူး
လမ်းညွှန်လည်းပြောဦးလေ
:D

ပွင့်မြုးဇင် said...

Bouna Vista MRTနားမှာပါညီမလေးရေ.. Singapore Poly ကျောင်းနားမှာပေါ့

ThuHninSee said...

နီးရင်လာအားပေးပါတယ်.

ဧပရယ်လ်ပူး@ပူးတေ said...

မြူးရေ... လာချင်တယ်။ အခြေနေလေးကြည့်လိုက်ဦးမယ်။ လာမယ်ပြောပြီးမှ မလာဖြစ်ရင် အားနာဖို့ကောင်းလို့ ။
ဒါနဲ့ မြတ်နိုးခြင်းမိုးတိမ်က ကော်နီကတော့မြူးပေါ့။ ဘိုဘိုကရော ဘယ်သူဆိုမှာလဲ ။
စပ်စုသွား၏။

:D

ကိုရေတမာ said...

မတားပါဘူး မကြီးရေ
အားပေးမယ်လေ
အားလည်းကျတယ် မိသားစုကို အိမ်မှာ ဂစ်တာခေါက်ရင်တောင် တော်ပါတော့လို့ တားယူရတယ်းP

တမာရိန်းဂျားးP

လင်းကြယ်ဖြူ said...

VCD KARAOKE အခွေထွက်လာတော့ မှပဲ
Original Version ကို ၀ယ်ပြီးအားပေးမယ်နော..
သီချင်းတွေကို ချိုသာစွာ ဟစ်ကြွေးရင်း
ပျော်ပါစေ ဘော်ဒါရေ
*.*.*