Wednesday, February 3, 2010

ကျွန်မတို့ဘော့စ်

မနက်က ကျွန်မမန်နေဂျာနဲ့ကျွန်မ ရန်ဖြစ်ကြပါတယ်.. စလုံးတွေရဲ့ထုံးစံအတိုင်း တစ်ခုခုဆို သူ့လွှဲချကိုယ့်လွှဲချလုပ်ကြလို့ ရန်ဖြစ်ရတာပေါ့.. ကျွန်မက ရုံးမှာရှိသမျှ လိုင်စင်တွေအားလုံးကို လျှောက်တာ အသစ်လဲတာတွေ တာဝန်ယူရပါတယ်.. Barges တွေရဲ့လိုင်စင်တွေရောပဲပေါ့.. Barges တွေအတွက်က လိုအပ်တဲ့စာရွက်စာတမ်းတွေကို ဆိပ်ကမ်းဌာနကိုတင်ပြီးရင် လိုင်စင်ချမပေးခင် Craft Inspection လာစစ်ပါတယ်.. မနေ့က ကျွန်မရုံးမတက်တုန်း ဘာတွေဖြစ်ကြတယ်မသိဘူး.. မနက်ရုံးရောက်တာနဲ့ကျွန်မကို မေးပါတယ်..
Manager: Zin, have u renewed the MPA License for Atlantis II & V?
Me: Yes, I had already submitted the renewal application last week.
Manager: Then why GM told me all these licenses had expired?
Me: It may be because of the Inspection had failed.
Manager: Why the inspection failed? Why did u submit the renewal application lately?
Me: Who told u that I had submitted the application lately? The inspection, neither pass nor fail, is nothing to do with us!
Manager: You say it is nothing to do with us but later, if the blame come to us, I don't know how to answer!
Me: Well! You don't know how to handle it, right? If somebody blame on us, just call me in. Just ask me to handle him. I don't care anybody! I did nothing wrong!
အပြန်အလှန်ပြောကြတာက ဒီလောက်ပါပဲ.. ပြီးတော့သူတစ်ယောက်တည်း ဘာတွေပွစိပွစိပြောနေလဲမသိဘူး.. ကျွန်မလည်းစိတ်တိုလာပြီး ဟိုဆောင့် ဒီဆောင့်လုပ်တာပေါ့.. ကျွန်မစိတ်တိုလာမှန်းသိတော့ တိတ်သွားပါတယ်.. ကျွန်မကပြောထားဖူးတာကိုး တို့မြန်မာတွေက တော်ရုံစိတ်မဆိုးတတ်ဘူး.. စိတ်ဆိုးလာရင်လဲ လူတောင်သတ်ရဲတယ်.. မဟုတ်ဘဲတော့လာမပြောနဲ့လို့.. ခဏနေတော့ အစည်းအဝေးသွားတက်ပါတယ်.. အစည်းအဝေးကပြန်လာတော့ ၁၀ပေတောင်မဝေးတဲ့ သူ့စားပွဲကနေကျွန်မဆီဖုန်းလှမ်းဆက်ပါတယ်.. မနက်ကသူမှားသွားတာ တောင်းပန်ပါတယ်တဲ့.. နင်ပြောတာမှန်ပါတယ်တဲ့.. ငါကဘာမှန်းမသိလို့နင့်ကိုပြောမိတာပါတဲ့လေ.. ဘာမှပြန်မပြောဘဲ ဖုန်းချပစ်လိုက်တယ်.. သူ့ကိုလှမ်းကြည့်တော့ သွားဖြဲလေးနဲ့ရီပြတယ်..
ထမင်းစားချိန်ကျတော့ ကျွန်မလဲ ကန်တင်းသွားဖို့ပျင်းလို့ ခေါက်ဆွဲပြုတ်စားပါတယ်.. အဲဒါသူမြင်သွားတော့ ဘာလို့ခေါက်ဆွဲပဲစားနေတာလဲ.. ထမင်းသွားမစားဘူးလား.. ငါအပြင်သွားစားမှာ.. ဘာဝယ်လာပေးရမလဲတဲ့.. နေပါစေ.. မလိုဘူးလို့ ပြန်ပြောလိုက်တယ်.. ရုံးပြန်တက်တော့ကျွန်မကိုလာခေါ်တယ်.. မနက်ဖြန်လုပ်မယ့် ဆာဗေးအတွက် မုန့်သွားမှာမလို့ လိုက်ခဲ့တဲ့.. ဟိုရောက်တော့မုန့်မှာပြီး အပြန် ရုံးခန်းထဲကလူတွေအားလုံးအတွက် မုန့်ဝယ်မယ်တဲ့.. ကျွန်မကြိုက်တာဝယ်ဆိုပြီး အတင်းဝယ်ခိုင်းပါတယ်.. ဘာရမလဲ ဈေးအကြီးဆုံးရွေးဝယ်လာခဲ့တယ်.. ရုံးရောက်တော့ အားလုံးကအံ့သြနေကြတာပေါ့.. ကပ်စေးနဲကြီးက မုန့်ဝယ်ကျွေးလို့.. နောက်ဆို နင်သူနဲ့များများရန်ဖြစ်ပေးတဲ့ ၀ိုင်းပြောကြတယ်.. ဟုတ်ပ.. မုန့်ခဏခဏစားရအောင် ရန်ပဲဖြစ်နေရတော့မလိုလို.. ကျွန်မတို့ ဘော့စ်ကအဲဒီလို......


4 comments:

လင်းကြယ်ဖြူ said...

ဖြစ်တတ်ပါတယ်...
ဖြစ်တတ်ပါတယ်...
အဆင်ပြေလို့
ပျော်ပါစေ
*.*.*

The Queen said...

သူတို့အတွက်က ခေါက်ရိုးကျိုးနေတဲ့ စတိုင်လ်ဖြစ်ပေမယ့် ကိုယ်တွေက လက်ခံဖို့ခက်တယ်နော်။

naychi said...

ရန်ဖြစ်ပြီးတော့လည်း ပြန်ပြန်ချစ်တာပဲး)))))

Dream said...

အစ်မရေ....ဘာမုန့်ဝယ်ခဲ့လဲ...အဟား...ရီရတယ်နော်.... ခဏခဏ မုန့်စားရအောင် ရန်ခဏခဏ ဖြစ်ပေး၊ စိတ်ခဏခဏ ကောက်ပေးရမယ်နဲ့တူပါ့..း))

တခါတခါ စဉ်းစားမိတယ်။ စင်္ကာပူကလူတွေက အရူးတွေပဲလို့...း))


မက်မက်ဆိုလဲ ကိုယ့်အမှားမဟုတ်ပဲ ခဏခဏ အပြောခံရတယ်။ နောက်မှ ဆောရီးဆိုတဲ့တလုံးထဲနဲ့ ပိတ်ပေါက်ခံ၇တယ်။ အဲဒီကျရင် ကိုယ်လဲ နောက်ဆို ဆောရီးဆိုတဲ့စကား မကြားချင်ဘူး။ နင်တို့ငါ့ကို စကားမပြောခင် ကိုယ်မှန်မမှန်သေချာပြန်စားလို့ ပြောလိုက်တယ်။
မက်မက်ကလဲ တခါတခါ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့စကားမှ နားမထောင်ဘူး ကိုယ်ပြောပစ်လိုက်တာ။ သူတို့ရှင်းပြတာလဲ နားမထောင်တော့ ကိုယ့်ကို ခေါင်းမာတယ်တဲ့လေ။ အဟား...ရီတော့ရီရတယ်။း))


ဒါနဲ့စကားမစပ်..မုန့်ဝယ်ကျွေးရင် တယောက်တ၀က်နော်...ခစ်ခစ်