Wednesday, March 2, 2011

သားသားနဲ့ ကျွန်မတို့

Pumper လဲခြင်း

မေမေ။ ။ သားသားရေ.. Pumper လဲရအောင်..
သားသား။ ။ လဲဘူး..
မေမေ။ ။ ရှုရှုတွေများနေပြီလေ..
သားသား။ ။ များပါဘူးဆို..
မေမေ။ ။ ကုလားကိုခေါ်လိုက်ရမလား..
သားသား။ ။ ခေါ်နဲ့..
မေမေ။ ။ ခေါ်နဲ့ဆိုရင် လာ.. Pumper လေးလဲမယ်လေ..
သားသား။ ။ လဲပါဘူးဆို..
မေမေ။ ။ အေးအေး.. လဲဘူးနော်.. အဟောင်းလေးကိုချွတ်ပြီး.. သစ်သစ်လေးကို ၀တ်မှာနော်..
လဲတာဟုတ်ဘူးနော်..
သားသား။ ။ အင်း.. ဟုတ်တယ်နော်.. လဲဘူးနော်..

ဘူးသောက်ခြင်း

သားသား။ ။ ဘူးဘူးသောက်မယ်.. မေမေ.. သွားဖျော်ပေးပါ..
မေမေ။ ။ ဖေဖေရေ.. သားသားကဘူးသောက်မယ်တဲ့.. ဖျော်ပေးပါနော်..
ဖေဖေ။ ။ သားသားရေ.. လာ.. ဘူးသောက်မယ်.. ဖေဖေဖျော်လာပြီ..
သားသား။ ။ သောက်ဘူး.. ဖေဖေနဲ့သောက်ဘူး.. မေမေတိုက်..
ဖေဖေ။ ။ နေကွာ.. သက်သာတယ်.. ရော့..
မေမေ။ ။ သောက်မယ်ဟေ့.. မေမေတိုက်မယ်နော်.. သောက်သားလေး သောက်..
သားသား။ ။ အား.. ကောင်းဘူး.. ပူတယ်.. နွေးအောင်လုပ်ပေး..
(ရေစိမ်ပြီး နွေးသွားသောအခါ)
မေမေ။ ။ သားသားရေ.. ရပြီ.. သောက်ရအောင်နော်..
သားသား။ ။ ခဏနေမှသောက်မယ်..
မေမေ။ ။ ခုသောက်ပါသားလေးရယ်..
သားသား။ ။ သောက်ဘူး.. ခဏနေမှသောက်မယ်ဆို..
(ခဏကြာသော်)
မေမေ။ ။ သားသား.. အိပ်နဲ့ဦးလေ.. ဘူးသောက်ဦး..
(နည်းနည်းမြည်းကြည့်ပြီးသော်)
သားသား။ ။ အား.. ကောင်းဘူး.. အေးစက်နေတယ်.. နွေးအောင်လုပ်ပေး..
မေမေ။ ။ မိုးသံစဉ်.. မေမေစိတ်တိုလာပြီနော်..
သားသား။ ။ အော်နဲ့.. သားသားက သောက်မှာပေါ့.. မေမေ့ကိုချစ်တယ်.. ရမ်းချစ်တယ်နော်..

အဲသလို တယောက်တလှည့် ချော့ကာခြောက်ကာနဲ့...

2 comments:

ပါရမီဖြည့်ဖက်လေး said...

သားသားက ရယ်ရတယ်နော်။ ပူနေတော့ ပူလို့တဲ့။ အေးသွားတော့လည်း အေးသွားလို့တဲ့။ ဂျီကျပုံလေးက ချစ်စရာလေး။

Lorem Ipsum said...

အရမ်းတတ်တာပဲ.........မောင်မိုးလေးရယ်..တီတီမီးမီးက ဘယ်သူ့သူငယ်ချင်းလဲ.......သားသားသူငယ်ချင်းတဲ့........လွမ်းလိုက်တာ.း)