Friday, February 25, 2011

သူတို့ကြောင့်ပေါ့


စင်္ကာပူနိုင်ငံကို အုပ်ချုပ်နေသူ လူလည်ကြီးများအကြောင်းပေါ့.. တံခါးတွေဖွင့်တုန်းက ဖွင့်ပေးထားပြီး ခုကျတော့ တမျိုးဖြစ်ပြန်ပြီ.. ပီအာလျှောက်သမျှ ရီဂျက်လုပ်ပစ်နေတာ တော်တော်လေးတောင်ကြာလှပေါ့.. အကြံအစည်တခုခုတော့ရှိရမယ်လို့တော့ ထင်သား.. နိုင်ငံခြားသားတွေကို နှိပ်ကွပ်ဖို့ နည်းလမ်းမျိုးစုံပေါ့.. မနှစ်က စင်္ကာပူဘက်ဂျက်ထွက်လာတော့ S Pass တွေ WP တွေရဲ့ လဲဗီးတွေ တိုးကောက်ပါတယ်.. S Pass အတွက် လဲဗီး ၅၀ ပေးနေရရာကနေ ၂၀၁၀ ဇူလိုင်ကစပြီး ၁၀၀ ပေးရမယ်တဲ့.. ၂၀၁၂ ဇူလိုင်လကစပြီး ၁၅၀ပါတဲ့လေ.. WP တွေကတော့ Marine Sector အတွက် လဲဗီး ၁၅၀ ပေးနေရရာကနေ ၁၆၀ ပြီးရင် ၂၀၀ ဖြစ်မယ်ပေါ့..

ခုလဲ၂၀၁၁ ဘတ်ဂျက်ထွက်လာပြီ.. လုပ်ချလိုက်ပြန်ပြီလေ.. ရက်စက်ချက်ကတော့ ဒီမှာသာရှုကြပါတော့..

အဲသလောက် များသွားမှာဆိုတော့ သဌေးလဲ မျက်ခုံးလှုပ်ပြီလေ.. ၂ဆမကကြီးတောင် ပိုဆောင်ရတော့မှာကိုး.. ကျွန်မတို့ဆီမှာက S Pass က အားလုံးပေါင်း ၂၂ယောက်.. WP က ၁၃၀ တောင်ရှိတာမို့လား.. သေပြီဆရာပေါ့.. ခုလောလောဆယ် သေပြီဆရာဖြစ်နေတာက ကျွန်မပါ.. NTS Worker တယောက်ကို ခန့်ထားတဲ့အတွက် ကုန်ကျတဲ့စားရိတ်ကို သိချင်တော်မူပါသတဲ့လေ.. Subcon အလုပ်သမားတွေခေါ်ခိုင်းရင် တနာရီကို ၄ကျပ်ခွဲလောက်ပဲပေးရတာ.. ကိုယ်ပိုင်အလုပ်သမားအတွက် နေစားရိတ်တွေ ကြိုပို့စားရိတ်တွေ လဲဗီးတွေ အားလုံးပေါင်းလိုက်တော့ တနာရီကို ၇ကျပ်ကျော် ၈ကျပ်နီးပါး.. ဒါတောင် ခုလောလောဆယ် ပေးနေရတဲ့ လဲဗီးနှုန်းထားနဲ့ တွက်ထားတာ.. အလုပ်သမား ကိုကိုကုလားတွေတော့ မျက်ခုံးလှုပ်နေလောက်ပြီ.. သဌေးက Action Plan ပေးပါတဲ့ တောင်းနေပြီလေ.. စိတ်နဲ့ ကိုယ်နဲ့ညစ်တယ်ကွယ်.. ကုန်ကျစားရိတ်လျှော့ဖို့က လူလျှော့ယုံကလွဲလို့ ဘာ ရှိရဦးမှာလဲ.. S Pass တွေအတွက်ကတော့ ပူစရာသိပ်မလို.. လစာများတဲ့သူတွေကို EP လျှောက်ပေးလိုက်ရင် လဲဗီးမှ မပေးရတော့ဘဲ.. သနားဖို့ကောင်းတာက အလုပ်သမားတွေ.. လစာလေးကနည်းရတဲ့အထဲ အလုပ်ပါပြုတ်ဦးမယ်ဆို ပြသနာပေါ့.. အဲသလောက်တော့ မရက်စက်လောက်ဘူးထင်တာပဲ.. ခုတော့ Action Plan ထဲရေးထည့်လိုက်ရပြီ.. "To closely monitor those with poor performance appraisal grades for retrenchment." လို့လေ.. တခြားနည်းလမ်းကောင်းလေးများ စဉ်းစားမိရင်လဲ ပြောကြပါဦး.. သူများထမင်းအိုး ရိုက်ခွဲမိသလိုဖြစ်မှာမို့ အရမ်းစိတ်မကောင်းဖြစ်နေမိလို့ပါ..

4 comments:

Anonymous said...

နည်းလမ်းကောင်းတော့ မပေးတတ်ပါဘူး။ ကိုယ်ထက်နိမ့်ကျ သူများအပေါ် ကိုယ်ချင်းစာပေးတဲ့
စိတ်ဓာတ်ကို တော့လေးစား ပါတယ်ဗျာ။

Aung Aung said...

အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ငန်းရဲ့တိုးတက်မှု အပေါ်မှာ ဆန်းစစ်ချက် ချပြပြီး၊ ဝန်ထမ်းလျှော့ချမှုနဲ့ လုပ်ငန်း ကျဆင်းနိုင်မှု အလားအလာထက် လက်ရှိဝန်ထမ်းအပေါ်မှာ ကုန်ထုတ်စွမ်းအား ပိုရနိုင်မဲ့ နည်းလမ်းကို မှတ်ချက်ပေး တင်ပြပါက၊ အလုပ်ရှင် တစ်ဦးအနေနဲ့ အမြတ်အစွန်း သာဖို့ လမ်းရှိနေရင် ထပ်မံ ရင်းနှီးမြှပ်နှံဖို့ စိတ်ဝင်စားမှုရှိတတ်ပါတယ်။ ( www.aung.info )

ko ko said...

ကျွန်တော်တို့၉၉တုံးကတော့လူတွေကို၃အုပ်စုခွဲလိုက်တယ်။တအုပ်စုကို၃၇က်လုပ်၃၇က်နားနဲ့တနှစ်လောက်ထိန်းထားတော့ပြဿနာအေးတဲ့အခါမှာအဆင်သင့်ပဲဗျ

ပါရမီဖြည့်ဖက်လေး said...

ကြားရတာစိတ်ညစ်စရာပဲနော်။ ရှေ့လျှောက် အလုပ်ရှင်တွေက S/PR ပဲ ပိုပြီးဦးစားပေးခေါ်တော့မယ်ထင်ပါ့။ အားတောင်လျော့တယ်။ :-(