Monday, February 21, 2011

နည်းလမ်းကောင်းလေးပေးမယ်နော်

မနေ့က ဘလော့ဂါညီမလေးတယောက်ရဲ့ မင်္ဂလာဆောင်ကိုသွားဖြစ်တယ်.. မတွေ့တာကြာတဲ့ ဘလော့ဂါမောင်နှမတွေနဲ့လဲ တွေ့ဖြစ်တယ်ပေါ့.. အားလုံးကပြောကြတယ်.. မမြူးပိန်သွားတယ်တဲ့.. မြန်မာဝတ်စုံလေးဝတ်သွားဖြစ်တာဆိုတော့ ပိန်သွားမှန်း နည်းနည်းသိသာတာလဲ ဖြစ်မှာပေါ့လေ.. ၀ိတ်ကျသွားတာတော့အမှန်ပဲ.. လေးလကျော်ကျော်အတွင်းမှာ ၇ကီလိုကျော်လောက်ကျသွားပါတယ်.. လေ့ကျင့်ခန်းတွေလုပ်တဲ့အကြောင်းတော့ ဟိုတလောကရေးဖူးပါတယ်.. ရုံးကလွှတ်တဲ့ Lose To Win Programme ပြီးသွားတော့ ၄ ကီလိုနီးနီးကျသွားတယ်.. ပင်ပန်းတာတော့ သေမတတ်ပဲ.. လူက နေလို့ထိုင်လို့ကောင်းပြီး ပေါ့ပါးသွက်လက်လာတာတော့ အရမ်းကိုသိသာပါတယ်.. ခုထက်ထိတောင် အချိန်တိုတိုနဲ့ ထိရောက်တဲ့လေ့ကျင့်ခန်းလေးတွေ ဆက်လုပ်ဖြစ်နေတုန်းပေါ့..

နောက်ထပ် ၀ိတ်ကျရခြင်းအကြောင်းရင်းကတော့ Detox လို့ခေါ်တဲ့ Programme လေးကြောင့်ပါပဲ.. Detox လုပ်တဲ့နည်းတွေ အမျိုးမျိုးရှိပါတယ်.. ကျွန်မကတော့ သူငယ်ချင်းလေးအညွှန်းကောင်းလို့ Amway Products Vitamins တွေနဲ့ Juice Detox လေးလုပ်ဖြစ်သွားပါတယ်.. ၇ရက်အစီအစဉ်လေးပေါ့.. သူက ၀ိတ်ကျစေရုံမကပဲ ကျန်းမာရေးအတွက်လဲကောင်းတာမို့ ပိုပြီးစိတ်ဝင်စားသွားတာပါ..

ပထမဆုံးအနေနဲ့ ကိုယ့်စိတ်ကို ကိုယ်နိုင်ဖို့လိုပါတယ်.. ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ ၇ရက်တာစားရမယ့် ဗီတာမင်တွေဝယ်ရပါမယ်.. ဗီတာမင်ဘီ မက်ဂနီဆီယမ် ဗီတာမင်စီ ကယ်လ်စီယမ် လီကိုရိုက်စ်အန်ဂါးလစ် စတာတွေပေါ့.. ပရိုတိန်းအမှုန့်လေးလဲ ၀ယ်ရပါတယ်.. မဆာအောင်လို့ ၀ါးပေးရတဲ့ ဖိုင်ဘာဆေးပြားလေးတွေရောပေါ့.. ပြီးရင်တော့ အသီးဖျော်ရည် လုပ်ဖို့ သစ်သီးတွေလဲ ၀ယ်ထားရပါမယ်.. ဖျော်ရည်လုပ်ဖို့ Juice Maker လေးလဲရှိဖို့လိုမယ်နော်..

အစီအစဉ်ရဲ့ ပထမ၃ရက်လုံးလုံး တနေ့ကို သစ်သီးဖျော်ရည် ၂လီတာပဲသောက်ရပါမယ်.. လုံးဝ ဘာမှမစားရပါဘူး.. ရေတော့သောက်လို့ရပါတယ်.. ဗီတာမင်ဆေးပြားတွေကို တနေ့သုံးကြိမ်စားရပါတယ်.. ပရိုတိန်းမှုန့်ကို ဖျော်သောက်ရပါတယ်.. ဘာမှမစားရတော့ ဗိုက်မဆာဘူးလားမေးရင် မဆာပါဘူးရှင်.. စားချင်စိတ်ကတော့ အရမ်းကိုဖြစ်ပါတယ်.. သာမာန်အချိန်မှာ မစားချင်တဲ့အစားအစာတွေပါ စားချင်တာပါ.. စိတ်ကိုနိုင်အောင် တော်တော်ထိန်းရပါတယ်.. သစ်သီးဖျော်ရည်ကို ကျွန်မကတော့ ပန်းသီးစိမ်းရယ် မုန်လာဥနီရယ် ရောဖျော်ပါတယ်.. အရသာလေးကတော်တော်ကောင်းတာပါ..

လေးရက်မြောက်နေ့ကျရင်တော့ အသီးတွေစစားလို့ရပါပြီ.. ဒူးရင်းသီးတို့ ငှက်ပျောသီးတို့တော့ မစားနဲ့ပေါ့နော်.. ရေလဲများများသောက်ပေးပါ.. ကျွန်မကတော့ သခွားမွှေးတွေ မာလကာသီးတွေ စတော်ဘယ်ရီတွေစားပါတယ်.. ငါးရက်မြောက်နေ့ကျရင်တော့ ထမင်းသုံးလေးလုပ်စာလောက်နဲ့ အသီးအရွက်တွေ စားလို့ရပါပြီ.. ကျွန်မကတော့ ကန်ဇွန်းရွက်ကို ရခိုင်ဟင်းလှော်လေး လုပ်ပြီးစားပါတယ်.. ငရုတ်သီးဆားထောင်းလေးနဲ့ပေါ့.. ဆီလုံးဝမစားသေးပါဘူး.. ခြောက်ရက်မြောက်နေ့မှာတော့ အသီးအရွက်တွေအပြင် အသားငါးနည်းနည်းပါ ထည့်စားနိုင်ပါပြီ.. ကျွန်မက ငါးစွပ်ပြုတ်လေးကို ကြာဇံလေးနည်းနည်းထည့်ပြုတ်ပြီး စားပါတယ်.. ဆီမပါတော့ဘူးပေါ့.. ၇ရက်မြောက်နေ့ကျရင်တော့ စားချင်တာစားလို့ရပါပြီ.. လျှော့စားဖို့တော့ လိုတာပေါ့နော်.. ခါတိုင်စားတာရဲ့ ထက်ဝက်လောက်ပဲစားပေါ့.. အစာအိမ်က ကျဉ်းသွားပြီမို့ နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်ပါတယ်.. အစာအိမ်ပြန်ကျယ်မသွားအောင် ထိန်းထိန်းသိမ်းသိမ်းလေး စားသောက်သွားမယ်ဆိုရင် နောက်ပိုင်းမှာ ၀ိတ်ပြန်မတက်နိုင်ပါဘူး..

၇ရက်အစီအစဉ်ပြီးသွားတော့ ၄ကီလိုနီးနီး ထပ်ကျသွားပါတယ်.. လိုအပ်တဲ့အာဟာရတွေကို စားရတဲ့ဗီတာမင်ဆေးပြားတွေက ရနေတာကြောင့် အားနည်းတာ မူးဝေတာတွေ ဘာမှမဖြစ်ပါဘူး.. ကျွန်မဆို ရုံးတက်နေရင်းနဲ့ပဲ ပြီးသွားတာပါ.. ဆိုက်ထဲမှာ ပင်ပင်ပန်းပန်းလုပ်ရတဲ့ လူတွေအတွက်တော့ မကိုက်ဘူး.. အရင်က လေးကီလိုနီးနီးကျထားတာဆိုတော့ စုစုပေါင်း ၇ကီလိုကျော်ကျော်ကျသွားတာပေါ့.. ၀ိတ်မချခင်က ၀တ်ဖို့စဉ်းတောင်မစဉ်းစားရဲတဲ့ မြန်မာဝတ်စုံလေးတွေ ၀တ်လို့အဆင်ပြေလာတယ်.. နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးဖြစ်လာတယ်လေ.. သို့သော်.. သို့သော်ပေါ့လေ.. ဆင်ပိန်ကျွဲလောက်ဆိုတဲ့စကားလဲ ရှိသမို့လား.. ခုလဲ ကျွဲလောက်တော့ရှိပါသေးကြောင်း ပုံနှင့်တကွ သက်သေပြပါသည်ရှင့်.....း)







11 comments:

မေဇင် said...

Hi, ma ma myue, Thanks & really interested. :)

ခင်မင်းဇော် said...

မြူးတော်တော်ပိန်သွားတာပဲ။ ဇွဲရှိဖို့ လိုတယ်ဆိုတာ ဒီလိုနေရာမျိုးမှာ ဖြစ်မယ်နော် :P

Anonymous said...

မိုက်လှချေလား.. နည်းယူသွားပါတယ်.. :D

Anonymous said...

အမလေးး
စဉ်းစားကြည့်တာ အဲဒီ ၇ရက်ကို ဘယ်လိုဖြတ်သန်းရပါ့လို့ ..
လုပ်တော့ လုပ်ချင်တယ် .. :D
ကြိုးစားပါဦးမည် :D

ခင်မင်စွာဖြင့်
မိုးခါး

noblemoe said...

မမြူးသောက်တဲ့ဆေးတွေပါ ပုံတင်ပေးရင်ကောင်းမှာ
စိတ်ဝင်စားလို့ 
မမြူးအတိုးချမစားနဲ့နော် ဝိတ်ပြန်တက်မှာဆိုးလို့ 
ပိန်တာတော့သိသိသာသာနော်

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မျက်မှန်လေး said...

har...ta gal kya tal naw...

load ohn mha barr...kyit lo ma kaung tot woo... ko ko ko taung sate pyat mi tal..:)...nee lann u thwar tel naw myuuu...:D

blackကော်ဖီ said...

နည်းလမ်းကောင်းလေးတွေ ယူသွားတယ် ကျွန်တော့်အစ်မ တစ်ယောက်အတွက်....
ကျွန်တော်ကတော့ ဒီထက် ထပ်ပိန်ရင်တော့ ဝါးခြမ်းပြား ဖြစ်သွားမှာစိုးလို့ မသုံးတော့ဘူး။ အစ်မဖြစ်သူ အတွက်ဘဲ နည်းယူသွားပါသည်။

ချမ်းလင်းနေ said...

အခုမှပဲသိတယ် ဖေဘွတ်က ဆေးပုလင်းပုံတွေကို ....
ကောင်းတယ်။ ဆက်သာထိန်းဗျာ။

Unknown said...

MaMa.. can u pls email me for more details? my email - julycho3@gmail.com

thanks in advance.. =)

Rgds,
Cho

Sonata Cantata said...

စိတ်ဝင်စားတယ် မြူးမြူးရေ...
လုပ်ဖြစ်ရင် ပြန်လာဖတ်ဦးမယ်

zuzue said...

do u mind telling me where I could buy those products??