တနေကုန် ငါ့ကို သီချင်းတစ်ပုဒ်က လွှမ်မိုးနေတယ်.. နေ့ခင်းကြောင်တောင်ကြီးပေမယ့် အိပ်မက်ထဲရောက်နေသူလိုဖြစ်နေတယ်.. လမိုက်ည အမှောင်ထဲမှာ လမ်းပျောက်နေသူလို ထိတ်လန့်ချောက်ခြားနေတယ်.. ရေပုလင်းဘေးနားမှာထားပြီး အာခေါင်တွေခြောက်ကပ် ရေငတ်နေတယ်.. ညည်းတွားသံလိုလိုကြားမိလို့ လိုက်ရှာကြည့်မိတော့.. ကြယ်ရောင်မှုန်ပြပြလေးအောက်မှာ ရပ်စောင့်နေတာ ဘယ်သူလဲ.. ငါ.. အမှောင်ထဲမှာ အားကိုးရာမဲ့ လမ်းပျောက်နေသူလား...
လမျက်နှာပုန်းလျှိုးကွယ်တော
စမ်းတ၀ါးဝါးလှမ်းသွား ရင်ထိတ် ညဉ့်ငှက်တစ်ကောင်အသံတွေပေး.
.
.
.
ကြယ်ယောင်တွေဆောင်နေ
အရိပ်အောက်က မင်းဘယ်သူတုန်း..
ည... မဲနက်လို့.. နမိတ်ရိုင်းည..
.
.
.
ရပ်စောင့်နေ ဘယ်သူလဲငါမသိ..
.
.
.
ရန်သူလား မိတ်ဆွေလား တစ္ဆေတစ်ကောင်လား ဘာတစ်ခုမှမသိ..
.
.
.
ဝိုးတ၀ါးနဲ့ညဉ့်ယံမှာ သေချာတာဘာတစ်ခုမှမရှိ..
3 comments:
ကြောက်တတ်တယ်တော့... ပြန်ပြေးပြီ
အပေါ်ဆုံးစာပိုဒ်လေးကြိုက်တယ် မမ
နောက်ပိုင်းတွေလည်းကောင်းပြန်ရော
ဘာပြောပြော တစ်ပုဒ်လုံးကို ကြိုက်တယ်
ကောင်းတယ်မရေးးးးးးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး
အဲဒီ နမိတ်ပုံတွေကို ခုထိ ဖမ်းလို့မမိသေးဘူးးP
Post a Comment