ခောတ်မှီနည်းတွေနဲ့
ရီဆိုက်ကယ်လုပ်ဖို့
အိပ်မက်ဟောင်းတွေ
ဈေးကောင်းပေးဝယ်တယ်..
ရင်ခုန်သံ
လတ်လတ်ဆတ်ဆတ်တွေကိုတော့
တစ်ပိဿာ
ထောင့်ငါးရာပေးမယ်..
အချစ်စစ်စစ်ဆိုရင်
မေတ္တာနုနုနဲ့
အလိုက်ပေးလဲတယ်..
အလွမ်းတစ်ပုလင်းကို
အနမ်းတစ်ခြင်းနဲ့
ဒဲ့လဲပေးတယ်..
အိပ်မက်ဟောင်းတွေအခါခါမက်ရင်း
ရင်ခုန်သံတွေလတ်ဆတ်ဆဲမို့
အချစ်စစ်ရဲ့သင်္ကေတ
အလွမ်းတွေသာပိုင်ဆိုင်နေရပါတယ်ဆိုသူတွေအတွက်
ဟောဒီမှာ လာပြီ..
ကာလန်ကူနီ..
6 comments:
အတွေးအရေးလှသလို
စာမျက်နှာလေးလည်း ပိုကောင်းသွားတယ်၊
(ဟိုတနေ့ကတောင် ညီမတယောက်က ကာလန်ကူနီအကြောင်း ပြောပြသေးတယ်၊ စာရေးဖို့တဲ့)
အမမြူးရဲ့ အိမ်သစ်ကို စနေနေ့မှာ မုန့်ဟင်းခါးနဲ့ ဖွင့်ပွဲအခမ်းအနား ပြုလုပ်မှာဖြစ်ပါတယ်။းP
အတွေးကောင်းအရေးကောင်းတယ်အမရေ
အဲလိုလဲပေးလို့ကတော့ အမလက်လည်မှာမဟုတ်ဘူးးP
မိုက်တယ် ကြိုက်တယ်
ဟဟ
မိုက်နေရောဘဲမမရာ
အိမ်လေးကလဲသစ်သစ်
လန်းနေတာ
အဲလို
:D
ဟိဟိ...တစ်ပီပီ နဲ့ ကာလန်ကူနီ ကြီးလာရင်...ထွက်ထွက်ကြည့်ပြီး သနားရတာ အမော...။ ဟိ...လွမ်းလဲ မလွမ်းရဲတော့ပါဘူး..ကာလန်ကူနီကြီး အနမ်းခံရမှာကြောက်လို့...ဟိဟိ
ကာလန်ကူနီ ဆိုတာ မြန်မာပြည်မှာဆို ]အိုးဒေ ဝယ်ဒေ၊ ခွက်ဒေ ဝယ်ဒေ၊ ပဲလှော်နဲ့ လဲဒေ} .. ဆိုတာပေါ့။ ကလောင်နာမည်တောင် (ဒီတပုဒ်မှာ) ဘော်တယ်မြူး လို့ ပြောင်းမယ် ဆိုလား။
Post a Comment