Saturday, November 7, 2009

မိုးသံစဉ်... Dependent Pass နဲ့ LTSVP

တစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိတော့ သူကမေးတယ်... PR ကျပြီလားတဲ့... မကျသေးဘူးဆိုလို့ သူကအံ့သြနေတာ... ဒါဆိုနင့်သားလေးက ဘာPassနဲ့နေနေတာလဲတဲ့... အဲဒီPassအကြောင်းလေး ရေးပြချင်တာပါ...

သားသားရဲ့ Pass က Long Term Social Visit Pass ပါ... ICA ကချပေးတာမဟုတ်ပါဘူး... MOM ကပေးထားတာပါ... သားသားကိုရန်ကုန်မှာပြန်မွေးပြီး ပြန်ခေါ်လာတော့ ၀င်ဝင်ချင်း ၁လ stay ရပါတယ်... လူကြီးတွေလိုပဲပေါ့... ကျွန်မတို့ လင်မယားနှစ်ယောက်စလုံးက S Pass ဆိုတော့ ICA မှာ Long Term Pass လျှောက်ပေမယ့် မပေးပါဘူး... PR မှရမှာပါတဲ့... အဲဒါနဲ့ Dependent Pass တင်ကြည့်ပါတယ်... သိပ်တော့မျှော်လင့်ချက်မရှိဘူးပေါ့... ကျွန်မရဲ့အခြေခံလစာက ၂၅၀၀မှ မပြည့်ပဲကိုး... ထင်တဲ့အတိုင်းပါပဲ... Not successful ပါတဲ့... အဲဒီတော့ Appeal Letter တင်ရတော့တာပေါ့... ကံကောင်းတာက လင်မယားနှစ်ယောက်စလုံး Company တစ်ခုတည်းမှာလုပ်နေတာရယ်... ကျွန်မက HR Department မှာလုပ်နေတာရယ်ပါပဲ... Appeal Application အတွက် Cover Letter ကို စိတ်ကြိုက်ရေးခွင့်ရပါတယ်... Boss က နင်ကြိုက်သလိုရေး... လက်မှတ်ထိုးပေးမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့... Employer အနေနဲ့ရေးရတာဆိုတော့ အကြိုက်ပဲလေ... ကိုယ်မရှိရင်ပဲ Company ပိတ်ပစ်ရတော့မလိုကို ရေးပစ်လိုက်တယ်... အဲဒါလည်း Dependent Pass မပေးပါဘူး... Long Term Social Visit Pass လျှောက်ပါ... ဒီစာကို Cover Letter အဖြစ်သုံးပါဆိုပြီး စာပြန်လာပါတယ်... အဲဒါလျှောက်လိုက်တော့ ကျလာပါတယ်... ကျွန်မ S Pass သက်တမ်းရှိသလောက်ရပါတယ်... အဲဒီတော့မှပဲ စိတ်အေးရတော့တာလေ.... ဒါတောင် ကြားထဲမှာ မောရတာတွေက များသား... Appeal တင်ထားတုန်း သားသားရဲ့ Social Visit Pass က ကုန်သွားပါတယ်... E extend တိုးထားတာဆိုတော့ ဘယ်လိုမှထပ်တိုးလို့မရတော့ဘူး.... အဲဒါနဲ့ ရန်ကုန်ကို ခဏပြန်လိုက်ရသေးတယ်လေ... ကျွန်မမှာ ခွင့်ကလည်းမကျန်တော့တာနဲ့ ၄ရက်ပဲနေမယ်... ပြီးရင်ပြန်ခေါ်လာမယ်ဆိုပြီး သားသားအတွက် visa တင်ခဲ့လိုက်တယ်... ကံများဆိုးချင်တော့ ပြန်မယ့်ရက်အထိ visa ကျမလာတာနဲ့ သားသားကို ထားခဲ့ရတာပေါ့.... ဒီကိုရောက်တော့မှ visa ကကျနေပြီတဲ့... စိတ်တိုလိုက်တာ အရမ်းပဲ... အဲဒါနဲ့ စနေနေ့သွား တနင်္ဂနွေပြန်ပြီး သားသားကို ပြန်ခေါ်လာရတော့တာပေါ့... Silk Air ကို လုပ်ကျွေးလိုက်ရတာလေ...

ခုဒီမှာ S Pass နဲ့ လုပ်နေကြသူတွေချင်း လက်ထပ်ကြတာတွေများလာတော့ လိုအပ်ရင် အသုံးဝင်အောင် ကျွန်မရဲ့ ကိုယ်တွေ့လေးကို မျှဝေပေးတာပါ.......

6 comments:

Yu Ya said...

ဟောဗျာ..ဖြစ်မှဖြစ်ရပလေ..

Silk Air လည်း ဒီလိုနဲ့ပဲ အလုပ်ဖြစ်နေတာ မပွင့်မြူးဇင်ရေ..

yu ya

ပွင့်မြုးဇင် said...

ဟုတ်တယ်ကိုယုယရေ... ပထမတစ်ခါပြန်ရတော့ ချက်ချင်းကြီး စီစဉ်ရတာလေ... Stay ကကုန်နေပြီကိုး... Economy Class မရလို့ Business Class က၀ယ်ရတာ... ၁၆၀၀ ချောခနဲပဲ... စိတ်နာတယ်...

The Queen said...

ဖတ်ရင်းနဲ့တောင်မောသွားတာ ၊ ဘယ်တုန်းကပြန်သွားတာလဲ ? ဒါကြောင့် ညီမကို ပျောက်နေတယ်ထင်တာ

rose of sharon said...

သြော်.. ဖြစ်ရမယ်.... မောသွားမှာဘဲ... မျှဝေပေးတာကျေးဇူး.... သိထားရတော့ ကောင်းတာပေါ့

လင်းကြယ်ဖြူ said...

ဖြစ်တတ်ပါတယ်လေ...
ကိုယ်လိုချင်တာရတာကိုပဲ ကျေနပ်ရမှာပေါ့...
အပြုသဘောတွေးရင်တော့ အတွေ့အကြုံအသစ်တစ်ခုကို
ဝယ်ယူလိုက်ရသလိုပဲပေါ့..တန်ပါတယ်..
မိသားစု ပျော်နေရပြီပဲနော...
ဆက်လက်ပျော်ပါစေ

Win Pa Pa Ko said...

မှတ်သားစရာတစ်ခုပါပဲ ...
ကျမကတော့ သားငယ်ရဲ့ Student Passကို အကြောင်းပြုပြီး long term pass ရထားတယ် ...
သူတို့စကားနဲ့ပြောရရင်တော့ pay to MaMa ပေါ့ ...
အဲဒါပေမဲ့ သားကြီးက Student Pass တင်တာ Reject အခါခါထိနေလို့ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတယ်လေ ...
အမေက Long term pass နဲ့ နေတာမို့ သားကြီးကို အမေနေခွင့်ရှိသမျှ Stay တိုးတော့ပေးတယ် ...
တစ်လတစ်ခါ ICA ကို Local Sponsor နဲ့သွားတိုးနေရတယ် ...
သားကြီး Student Pass အတွက် လုပ်လို့ရနိုင်မဲ့ နည်းလေးများရှိရင် မျှပါဦးနော် ...
သားငယ်က K1 ပါ ... သားကြီးက ၈နှစ်ပြည့်ပြီးပါပြီ။