Saturday, November 21, 2009

စမ်းကြည့်လိုက်ကြရအောင်

မိဘဆိုတာ ကိုယ့်သားသမီးလေးတွေကို ကျန်းမာရွှင်လန်းနေတာပဲ အမြဲမြင်ချင်တတ်ကြတာ သဘာဝပါ... ကိုယ့်သားသမီးလေးများ နေထိုင်မကောင်းဖြစ်ရင် စိတ်ပင်ပန်းဆင်းရဲရတာလဲ မိဘတွေပဲပေါ့...

ကလေးတွေမှာ ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကိုမှ သယ်ဆောင်ပျံ့ပွားစေတဲ့ ခြင်တွေကတော့ မိဘတွေအတွက် အကြီးစားရန်သူပေါ့... သန့်ရှင်းလှပါတယ်ဆိုတဲ့ ဒီစင်္ကာပူမှာတောင် သွေးလွန်တုပ်ကွေးရောဂါ လုံးဝပပျောက်အောင် တိုက်ဖျက်နိုင်ခြင်း မရှိသေးပါဘူး... အဲဒီတော့ သယ်ဆောင်သူခြင်တွေကို နှိမ်နင်းနိုင်ဖို့ အရေးကြီးပါတယ်...

ခြင်နှိမ်နင်းရေးနဲ့ပါတ်သတ်ပြီး အရမ်းလွယ်ကူတဲ့နည်းလေးတစ်ခု email ကတဆင့် ဖတ်လိုက်ရလို့ ဘာသာပြန်ပြီး မျှဝေပေးချင်ပါတယ်... ခြင်တွေကိုနှိမ်နင်းဖို့က ခြင်ဥတွေကို ပိုးလောက်လန်းဘ၀တောင် ရောက်ခွင့်မရအောင် ဖျက်စီးပစ်နိုင်ရင် အကောင်းဆုံးပေါ့... ခြင်ဥတွေက ရေထဲမှာရှိနေတတ်တာမို့လား... ဘုရားပန်းအိုးတို့ စားပွဲတင်ပန်းအိုးတို့ကတော့ ခြင်တွေရဲ့ ဂေဟာပေါ့...



ဒီနည်းလေးက လွယ်သလောက် ငွေကုန်ကြေးကျလည်း သက်သာပါသေးတယ်... စင်္ကာပူပိုက်ဆံ 1 cent coin လေးတွေကို သိကြမှာပေါ့... ကြေးနီ (copper) နဲ့လုပ်ထားတာလေ... အဲဒီ copper coin လေးတွေကို ခြင်မပေါက်ပွားစေချင်တဲ့ ရေထဲမှာထည့်ထားလိုက်ယုံပါပဲ... copper ကထွက်လာတဲ့ ဓါတ်တစ်မျိုးက ခြင်ဥတွေကိုပျက်စီးသွားစေပါတယ်... စင်္ကာပူမှာ နေတာမဟုတ်တဲ့သူတွေအတွက်တော့ အခြား copper coin လေးတွေ ရှာကြည့်ရမှာပေါ့... (ရှာရများခက်မလားပဲ)... ဒီရိုးရှင်းလွယ်ကူတဲ့ နည်းလေးက ဘာဘေးထွက်ဆိုးကျိုးမှလည်း မရှိနိုင်တာမို့ စမ်းကြည့်လိုက်ကြရအောင်လားနော်... ကျွန်မလည်း ပြားစေ့လေးတွေ ပြေးရှာလိုက်ဦးမယ်.... အားလုံးအတွက်လဲ အသုံးဝင်မယ်လို့ ထင်ပါတယ်....

3 comments:

သီဟသစ် said...

ကျေးဇူးပါ မပွင့်မြူးရေ

ကျွန်တော်လည်း သားလေးခြင်မကိုက်အောင် အဲလိုမျိုးလေး လုပ်ခိုင်းမှပါဗျာ..

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

ရောဂါမပြန့်ပွားရေးနဲ့ ပါဏာတိပါတာ ကံ အကြောင်း ဆက်စပ်စဉ်းစား ကြည့်မိတယ် .. အင်းးးးးးး

ကိုယ့်သားသမီးက အရေးကြီးပါတယ်လေ .. :)
နေဒေးသစ်။

လင်းကြယ်ဖြူ said...

စမ်းကြည့်လိုက်ပါဦးမယ်..
ကျေးဇူးနော
ပျော်ပါစေ