Monday, November 16, 2009

တန်ဖိုး


တစ်နှစ်တာဆိုတဲ့အချိန်ရဲ့ တန်ဖိုးကိုသိချင်ရင် စာမေးပွဲကျလို့ နောက်တစ်နှစ်ပြန်တက်ရတော့မယ့် ကျောင်းသားကိုမေးပါ....

တစ်လတာအချိန်ရဲ့ တန်ဖိုးကိုသိချင်ရင် လမစေ့ခင် တစ်လစောမွေးပြီး ပေါင်မပြည့်တဲ့ကလေးလေးရဲ့ မိခင်ကိုမေးပါ...

ရက်သတ္တပါတ်တစ်ပါတ်ရဲ့ တန်ဖိုးကိုသိချင်ရင် အပါတ်စဉ်ထုတ် သတင်းဂျာနယ်ရဲ့ အယ်ဒီတာကိုမေးပါ...

တစ်နာရီဆိုတဲ့အချိန်ရဲ့ တန်ဖိုးကိုသိချင်ရင် ချစ်သူနဲ့တွေ့ဖို့အတွက် မျှော်လင့်တကြီး စောင့်မျှော်နေသူကို မေးပါ...

တစ်မိနစ်အချိန်လေးရဲ့ တန်ဖိုးကိုသိချင်ရင် ရထားလွတ်သွားတဲ့သူကိုမေးပါ... (တစ်မိနစ်နောက်ကျသွားပြီ.. ရထားကြီးထွက်လို့သွားပြီ..)

တစ်စက္ကန့်လေးရဲ့တန်ဖိုးကိုသိချင်ရင် မတော်တဆမှုကနေ လက်မတင်လေးလွတ်သွားသူကို မေးကြည့်ပါ...

တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံတစ်ပုံအချိန်လေးရဲ့ တန်ဖိုးကို သိချင်ရင်တော့ အိုလံပစ်ငွေတံဆိပ်ဆုရှင်ကို မေးကြည့်လိုက်ပါ....

**ဘာသာပြန်လေးပါ**

2 comments:

လင်းကြယ်ဖြူ said...

အချိန်ဆိုတာ တန်ဖိုးရှိတယ်..ဟုတ်တယ်
ကုန်သွားတဲ့ အချိန်ကို ပြန်ယူလို့မရပါ...
ကောင်းတယ်
ပျော်ပါစေ ဘော်ဒါရေ

သုခုမလေဒီ said...

တန်ဖိုးရှိတဲ့အချိန်ကို တန်ဖိုးရှိတဲ့စာနဲ့ တင်ပြထားတာမို့  ကျေးဇူးပါညီမရေ..။ copy လေးကူးယူသွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။