Wednesday, November 4, 2009

ချစ်သောကမ္ဘာမြေ

၂၀၁၂ကျရင် ကမ္ဘာကြီးပျက်တော့မယ်ဆိုတဲ့သတင်းကြားတော့ တစ်ခုစဉ်းစားမိတယ်.... ကင်ဆာရောဂါသည်တစ်ယောက်ကို ၆လပဲခံတော့မယ်ဆိုပြီး သက်တမ်းခန့်မှန်းပေးတာမျိုးလိုပါပဲလားလို့... တိုးတက်လာတဲ့ သိပံပညာရဲ့ ဘေးထွက်ဆိုးကျိုးက ကမ္ဘာကြီးကို နာမကျန်းဖြစ်စေတယ်ဆိုတော့ အားလုံးသိပြီးသားပါပဲ... ခုတော့ နာမကျန်းဖြစ်ရုံမကလို့ နောက်ဆုံးအချိန်ကိုရောက်နေပြီတဲ့လား.... လူသားအားလုံးကို သူ့ရင်ခွင်ထဲထည့်ထမ်းထားရတဲ့ မိခင်နဲ့တူသောကမ္ဘာကြီး... သူ.... ပျက်စီးရတော့မယ်တဲ့လား...

၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ ...
ကျွန်မသိပ်ချစ်တဲ့သူတွေ.... ကျွန်မကိုချစ်တဲ့သူတွေနဲ့ အတူတူ... မွေးရပ်မြေမှာ ရှိနေချင်ပါတယ်...

(၂) ဘာတွေခံစားနေရမလဲ ...
အတွေအကြုံသစ်တွေအတွက် ရင်ခုန်နေမယ်ထင်ပါရဲ့...

(၃) ဘာတွေ ပြင်ဆင်ထားမလဲ ...
ပြင်မနေတော့ပါဘူး.... ဖြစ်သမျှအကြောင်းအကောင်းပေါ့

(၄) ဝမ်းနည်းမိမှာက ...
အရင်သွားနှင့်တဲ့ ဖေဖေ့အတွက်.... (နောက်ဆုံးခရီးကို အတူတူသွားချင်တာ)

(၅) ကြောက်လန့်မိတာက ...
ငါမသေပဲကျန်ခဲ့ရင် ဒုက္ခ...

(၆) ဆောင်ထားချင်တာက ...
ဘာမှဆောင်ထားချင်တော့ပါဘူး... အဲ... ရေဘူးတော့ဆောင်ထားရမယ်ထင်ပါရဲ့... လူစုံတက်စုံဆိုတော့ ပွားကြမှာလေ...

(၇) ဘာတွေရေးမိမလဲ ..
ရေးနိုင်မယ်မထင်ဘူး... ခုတောင်ဖြစ်ညှစ်ရေးနေရတာ...

(၈) တွေးမိတွေးရာ အတွေး ...
သြော်... လူဖြစ်ရတဲ့ဒုက္ခ... ကမ္ဘာပျက်မှာတောင်ကြိုသိနေရတယ်လို့နော်...

(၉) ဂုဏ်ယူချင်တာက ...
ကမ္ဘာကြီးရဲ့ နောက်ဆုံးအချိန်ထိ ငါရှင်သန်ခွင့်ရခဲ့တယ်...

(၁၀) ရှာကြံဖြေသိမ့်မိတာက ...
နှစ်၃၀.... တော်လောက်ပါပြီလေ...

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း ...
"ကမ္ဘာထက်မာတဲ့ ငါကွ"

ကိုတင်မင်းထက်ရေ... ရေးပြီးပြီ... ဘာတွေရေးမိမှန်းတော့မသိဘူး... ဥဒါန်းကတော့ ကူးချထားတယ်... သဘောကျလို့... :)

6 comments:

tin min htet said...

သေသေချာချာရေးပေးတာ ကျေးဇူးပါပဲ အန်တီမြူး ..

ရှုထောင့် အစုံကိုဖတ်ရတာပေါ့ ..
(ရေဘူးမပါရင် မပွားမှာကျနေတာပဲ :P)

လင်းကြယ်ဖြူ said...

အင်းစိတ်ဝင်စားစရာ သတင်းတစ်ခုပါပဲ
ဟုတ်လားမဟုတ်လားတော့ မသိ
တော်တော်တို့ ခေတ်စားနေတယ်
အထူးသဖြင့် တို့ ဘော်ဘော် ဘလော့ခ်ကာ တွေ ကြားမှာလေ..
မိသားစု ပျော်ပါစေ ဘော်ဒါရေ

မေလေး said...

ဝေးးးးးးး နာ့အမလဲခောတ်မှီတွားပီ
ဒီပို့စ်ရေးမှခောတ်မှီတာ မမရေ။
ဟိ

rose of sharon said...

လာဖတ်သွားတယ်... မွေးရပ်မြေမှာ ချစ်ခင်သူတွေနဲ့ အတူရှိနေချင်တာ တူတယ်....

ခရေညို said...

ငါမသေပဲကျန်ခဲ့ရင် ဒုက္ခ... တဲ့မိုက်တယ်

minthike said...

http://www.baydathukhuma.com/?p=1005
2012 မှာ တကယ်ကမ္ဘာပျက်မှာလား ?