Wednesday, August 24, 2011
.............
အရာရာခမ်းခြောက်သွားဖို့..
၁၀နှစ်ဆိုတာ လုံလောက်တဲ့အချိန်လား...
ပေးထားခဲ့ပါတယ်
နင်မရခဲ့ဘူးဆိုရင်တော့
အလွဲတကာ့အလွဲထဲ
ဒီတခါအလွဲဆုံးပေါ့..
နင်မရှုံးပါဘူး
မရုန်းနိုင်တာကငါ..
ဘာမှန်းမသိတဲ့ကြိုးတွေကအထပ်ထပ်နဲ့မို့
အဆုံးမသတ်နိုင်တာက
ငါကိုယ်တိုင်ပေါ့..
ဘ၀လမ်းပေါ်မှာ
ဂငယ်ကွေ့ကွေ့လို့ရဖို့
ဘာအမှတ်အသားကိုရှာရမှာလဲ..
မိုးကြိုးကိုကာဖို့
ထန်းလက်ရှာသလိုများ ဖြစ်နေမလားပဲ..
ငါလား..
အသည်းကွဲနေတာမဟုတ်ဘူး
ကွဲစရာအသည်းကို မရှိတော့တာ..
ဘာလိုချင်တာလဲမမေးနဲ့
ငါ့ရင်ထဲ နင်မမြင်ရမှတော့
ဘာကိုလိုချင်ရဦးမှာတဲ့လဲ..
မနှစ်သိမ့်ပါနဲ့..
အနာစိမ်းပေါ်ကို
ပျားရည်ပဲလောင်းလောင်း အက်ဆစ်နဲ့ပဲပက်ပက်
စပ်တာကတော့စပ်မှာပဲ..
အကောင်းဆုံးကတော့ဟာ..
နင်ငါ့ကို ပစ်သာထားလိုက်...
ငါ့အတ္တနဲ့ငါ
ငါ့ဒေါသနဲ့ငါ
ငါ့သောကနဲ့ငါ
မျောချင်ရာပဲမျောနေပါရစေတော့..
အချစ်လား..
အဲဒါတော့ မမေးကြေးပေါ့..
ပွင့်မြူးဇင်
၂၄.၀၈.၂၀၁၁
Labels:
Poem
Subscribe to:
Post Comments (Atom)
7 ယောက်စကား:
မြူးမြူးရေ ညီမ
ဒီကဗျာကတော့  အမ ရင်ထဲမှာ လတ်တလော ခံစားနေရတာနဲ့ ထပ်တူ မို့ လို့ အမ ကိုများစောင်း ရေးထားသလားလို့ ။
ဘာဘဲ ဖြစ်ဖြစ် စိတ်မပျော်ရင် မိုင်တိုင် ၂၉ ကို ပြန်ဖတ်လိုက်ပါ ။ အားလုံး မဖြေပျောက်ရင်တောင် စိတ်သက်သာသွားမှာ ။
I think it is called Midlife crisis.. I'm just trying to figure out the feeling of a mid-age woman ;)
တကယ့် ကိုတော်တဲ့ မြူးမြူးဘဲ ။
ကွက်တိဘဲ ဟီး...
ညီမလေးရေ... ဖြစ်တတ်ပါတယ်လို့ဘဲပြောပါရစေ... ပြီးတော့လဲ ပြီးသွားတာပါဘဲ... အခိုက်အတန့်တော့ခံစားရတာပေါ့
ရင်ဖွင့်သံကို
ကောင်းကောင်း ကြားလိုက်ရတယ်။
ကျွန်တော်မျက်စိမမှားဘူးဆိုရင် ကဗျာမှာ ခေါင်းစဉ်မပါဘူးဗျနော်။ ဘာဖြစ်လို့လဲဗျ။ ကျွန်တော်က ကဗျာဆိုတော်တော်ခံစားတတ်လို့ အဲဒီလို အိုင်ဒီယာမျိုးကိုလည်း စိတ်ဝင်စားပါတယ်။ ခံစားချက်က နည်းနည်းတော့ ပြင်းထန်နေမလားဘဲ။ ကြိုက်ပါတယ်။
Post a Comment