Wednesday, April 27, 2011

ခေါင်းစဉ်မဲ့ဝေဒနာ

တခုခုကို စောင့်မျှော်နေသူအတွက်
တစ်မိနစ်က တစ်ကမ္ဘာမကကြာတယ်..

နေထွက်နေ၀င်ပုံမှန်လည်ပတ်နေရက်နဲ့တောင်
ကိုယ့်အတွက်တနေ့တာက ရှည်လျားလွန်းနေတယ်..

တစုံတယောက်ဆီက တစုံတခုသိရဖို့ရယ်
ပြန်ဆုံကြမယ့် မိုးစက်တွေကြားကနေ့လေးတနေ့ရယ်
အတူတူနေခွင့်ရမယ့် သီတင်း၂ပတ်တာကာလလေးရယ်ဆီ
အားသွန်ခွန်စိုက် ပြေးသွားလိုက်ချင်လဲ
ကာလယန္တရား လှုပ်ရှားမှုကိုက နှေးလွန်းနေတယ်..

နေသားမကျတဲ့ရှင်သန်မှုထဲမှာ
အရာရာက အကျည်းတန်စွာအထီးကျန်ဆန်လွန်းနေလို့
ကမ္ဘာကြီးရယ်..
ခပ်မြန်မြန်လေး လည်ပေးလိုက်စမ်းပါ..

ပွင့်မြူးဇင်
၂၇.၀၄.၂၀၁၁

1 comment:

သက်ဝေ said...

ဖြစ်နိုင်ရင် ညီမဖြစ်စေချင်သလို ကမ္ဘာကြီးကို မြန်မြန်လည်အောင် ကူပြီး လှည့်ပေးချင်ပါတယ်...

ဆန္ဒတွေ ပြည့်ပါစေ...