Tuesday, April 5, 2011

ကိုယ့်စိတ်ကြိုက်များနဲ့တနေ့တာ

နှိုးစက်မြည်တာတောင် မထသေးလို့ ယောက်ျားကအတင်းနှိုးတာကို အိပ်ချင်ယောင်ဆောင်ပြီး စောင့်နေရတာကြိုက်တယ်..

အိပ်ချင်မူးတူးနဲ့ ဟီတာဖွင့်ဖို့မေ့လို့ ရေအေးတွေကျလာမှ လန့်ပြီး မျက်လုံးကျယ်သွားရတာ.. ကိုယ့်အော်သံကြောင့် အပြင်ကနေ ယောက်ျားက ဟီတာဖွင့်ပေးတာကိုလဲ ကြိုက်တယ်..

မီးဖွင့်ရင် သားသားနိုးမှာစိုးလို့ မှောင်ထဲမှာပဲ မျက်နှာကိုလိမ်းစရာရှိတာလိမ်း ထင်ရာတွေဆွဲဝတ်ရတာကိုလဲ ကြိုက်တယ်..

နာရီဝက်ကျော်ကျော်စီးရတဲ့ ရုံးကားပေါ်မှာ ပြတင်းပေါက်မှန်ကို ခေါင်းနဲ့ဆောင့်ရင်း ငိုက်ရတာကိုလဲ ကြိုက်တယ်..

ရုံးကန်တင်းမှာစားရတဲ့ မနက်စာကြာဇံပြုတ်မျိုးစုံကိုလဲ ကြိုက်တယ်..

အလုပ်စားပွဲမှာထိုင်မိတာနဲ့ ဘလော့လေးအရင်ဆုံးပြေးဖွင့်ရတာကိုလဲ အရမ်းကြိုက်တယ်..

ကော်ဖီလေးသောက်ရင်း ဘလော့တကာလည် စာဖတ်ရတာလဲကြိုက်တယ်..

အိပ်ငိုက်နေတဲ့ဂျာကြီးကို ကိုယ့်စားပွဲပေါ်ကဖုန်းနဲ့လှမ်းဆက်.. သူလန်နိုးသွားပြီး ဖုန်းကောက်ဖြေတော့မှ ဖုန်းကိုအသာလေးပြန်ချထားလိုက်ရတာကိုလဲ ကြိုက်တယ်..

နေ့လည်စာစားရင်း ကန်တင်းမှာပွားရတာကိုလဲ ကြိုက်တယ်..

နေ့ခင်းဘက်အိပ်ငိုက်လာရင် လူတကာကို မက်ဆေ့ချ်ပို့ပြီး နှောက်ယှက်ရတာကို ကြိုက်တယ်..

တယောက်နဲ့တယောက် စလိုက်နောက်လိုက်နဲ့ မိသားစုဆန်တဲ့ ကိုယ်တို့ရုံးခန်းလေးကိုလဲ ကြိုက်တယ်..

၄နာရီ၁၅ဆို ရုံးဆင်းတာကိုလဲ ကြိုက်တယ်.. ရုံးဆင်းရင် မေမေနဲ့ချိန်းပြီး ဂျူရောင်းပွိုင့်မှာ ဈေးဝယ်ထွက်ရတာကိုလဲ ကြိုက်တယ်..

အိမ်ပြန်ရောက်ရင် သားသားနဲ့တူတူ ကစားကွင်းသွား ကစားရတာကိုလဲ ကြိုက်တယ်.. သားအမိ၂ယောက်သား တူတူညစာစားရတာကိုလဲ ကြိုက်တယ်..

သားသားနဲ့ ကွန်ပျူတာလုပြီး ဖဘဝင်ရတာကိုလဲ ကြိုက်တယ်..

ရေမိုးချိုး လိုးရှင်းတွေလိမ်းပြီး အေးအေးမွှေးမွှေးလေး အိပ်ယာဝင်ရတာကို ကြိုက်တယ်..

အိပ်ခါနီးဆို မောင်ရေ ဖုန်းအားသွင်းထားလား.. နှိုးစက်ပေးပြီးပြီလား.. လို့ မေးရတာကိုလဲ ကြိုက်တယ်..

အရမ်းညောင်းနေတဲ့နေ့ဆို သားအဖ၂ယောက်နှိပ်ပေးတာကို ဇိမ်နဲ့နှပ်ရတာလဲ ကြိုက်တယ်..

အဲကွန်းကို ၁၈မှာထားပြီး စောင်ထူထူခြုံအိပ်ရတာကိုလဲ အရမ်းကြိုက်တယ်..

ကိုယ်ချစ်တဲ့သူတွေနဲ့ ကိုယ်နေချင်တဲ့ပါတ်ဝန်းကျင်မှာ ကိုယ်ကြိုက်တာတွေချည်းလုပ်ခွင့်ရနေရင် ဘဝဟာ ပျော်စရာအတိပေါ့ကွယ်..

မမသက်ဝေက မတဂ်ပေမယ့် ရေးချင်လို့ရေးလိုက်ပါတယ်.. ပေါ့ပေါ့ပါးပါး ရေးလို့ကောင်းလိုက်တာ.. ဖတ်မိတဲ့သူတွေလဲ မရေးရသေးရင် ရေးကြည့်နော်..

4 comments:

သက်ဝေ said...

အဲ... အမ ဖဘမှာ တက်ဂ်ထားတယ် ညီမလေးရဲ့...
အမလဲ ဒီပိုစ့်လေးကို ချစ်လို့ အလောသုံးဆယ်ရေးပြီး တင်လိုက်တာ လူစုံ မတက်ဂ်မိလို့... ဖဘမှာ ပြန်တက်ဂ်ထားရတယ်...

ကိုယ်ချစ်တဲ့သူတွေနဲ့ ကိုယ်နေချင်တဲ့ပါတ်ဝန်းကျင်မှာ ကိုယ်ကြိုက်တာတွေချည်းလုပ်ခွင့်ရနေရင် ဘ၀ဟာ ပျော်စရာအတိပေါ့ကွယ် ဆိုတဲ့ စိတ်ကလေးကို ကြိုက်တယ်...

ဒါနဲ့ ညနေ ၄ နာရီ ၁၅ မှာ ဆင်းတဲ့ ရုံး... အလုပ်လိုရင် ပြောပါအုံး...း))

Lorem Ipsum said...

ဟုတ်ပ တီသက်ရယ် မီးလည်းအားကျနေတာ... ဟီးး) အိုင်တီလိုရင်ခေါ်နော် မမြူး

Sonata Cantata said...

ပျော်စရာကြီး

rose of sharon said...

သားအဖနှစ်ယောက်နှိပ်ပေးတာကိုဇိမ်နဲ့နှပ်ရတာလဲကြိုက်တယ်... :D