Thursday, November 4, 2010

So Called Long Weekends

မနက်ဖြန် ဒေ၀ါလီနေ့မို့ ရုံးပိတ်တယ်.. ကျွန်မတို့ရုံးမှာ ထုံးစံလေးရှိတာက ဘာသာရေးဆိုင်ရာ ရုံးပိတ်ရက်တွေမတိုင်ခင် တရက်ဆို သက်ဆိုင်ရာဘာသာဝင်တွေကို နေ့တ၀က်ပေးပြန်တာပါပဲ.. မူဆလင်တွေအတွက်ဆို ဟာရီရာယာ.. ဟိန္ဒူတွေအတွက်က ဒေ၀ါလီ.. ခရစ်ယာန်တွေကျတော့ ခရစ်စမတ်.. တရုတ်တွေကတော့ နှစ်ကူးပေါ့.. ဘယ်တော့မှ နေ့တ၀က်မပြန်ရတာကတော့ မြန်မာတွေပဲ.. ဗုဒ္ဓဘာသာအတွက် နေ့တ၀က်ပေးပြန်တဲ့ရက် မရှိဘူးလေ..

မနက်ကရုံးရောက်တော့ မန်နေဂျာကို အတည်ပေါက်နဲ့သွားပြောလိုက်တယ်.. ငါနာမည်ပြောင်းတော့မယ်လို့.. ဘယ်လိုပြောင်းမှာလဲတဲ့.. Zinkumar လို့ပြောင်းလိုက်မယ်.. ဒီနေ့နေ့တ၀က်ပြန်လို့ရပြီမဟုတ်လားလို့ ပြောင်စပ်စပ်ဖြေလိုက်တော့မှ တဟားဟားရယ်ပြီး အိပ်ချင်ပြေသွားပုံရတယ်လေ.. ဟာရီရာဟာကျရင်ရောတဲ့.. လွယ်ပါတယ် Pwint Myue Bte Zin လုပ်လိုက်မယ်လို့.. တရုပ်နှစ်ကူးကျရင် Koh Pwint Myue ပေါ့လို့ ဆက်ပြောတော့ သဘောတွေကိုကျလို့.. သူနာမည်က Koh Chet Foo လေ..

မနက်ဖြန်ရုံးမတက်ရဘူးဆိုတော့ အိမ်မှာဘာချက်စားရရင်ကောင်းမလဲ စဉ်းစားနေတယ်.. မုန့်ဟင်းခါးကောင်းကောင်းလေးလဲ မစားရတာကြာပြီ.. အုန်းနို့ခေါက်ဆွဲကတော့ စားလို့မဖြစ်သေးဘူး.. သွေးတိုးထားတာမကြာသေးတော့ သွေးပြန်တိုးနေလို့ အဆူခံနေရဦးမယ်.. မိုးအေးရင်တော့ ကြာဇံချက်လေး စားရရင်ကောင်းသား.. ချက်ရတာလဲ လွယ်တယ်လေ.. ရှောက်သီးသုပ်လေးနဲ့ဆို ရှယ်ပဲ.. ညနေကျရင်တော့ သားသားကို ရေကူးကန်လိုက်ပို့ပေးရမယ်.. ရေကူးပြီးရင် KFC လေးစား.. သားသားပြောသလို မိုက်မှမိုက်ပေါ့.. သားသားက KFC ဆိုအရမ်းကြိုက်.. ထမင်းမစားချင်ရင် May May, KFC please ဆိုပြီး ၀ယ်ကျွေးချင်လာအောင် ပြောတတ်တယ်..

စနေနေ့ကျရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့ Toa Payoh Park ကိုသွားရမယ်.. ကျွန်မတို့ရုံးက လူဝကြီးများကို ၀ိတ်ချတဲ့သင်တန်း တက်ခိုင်းထားတယ်လေ.. စလုံးအစိုးရက လုပ်တဲ့ Lose to Win Programme ပေါ့.. တပတ်ကို၂ကြိမ် Army Bootcamp ဆိုတဲ့ လေ့ကျင့်ခန်းတွေသွားလုပ်.. Nutrition Workshop တွေသွားတက်.. Supermarket Tour ဆိုပြီး ဈေးဝယ်ထွက်.. Cooking Class လဲတက်ရသေးတယ်.. ပျော်စရာကြီးပါ.. မိတ်ဆွေတွေလဲတိုးတာပေါ့.. လေ့ကျင့်ခန်းကတော့ တော်တော်ပင်ပန်းတယ်.. အိမ်ပြန်ရောက်ရင် ပန်လန်လက်လို့ ပက်လက်လန်နေရော.. လုပ်သင့်ပါတယ်လေ.. ကျွန်မတော်တော်ဝနေပြီ..

တနင်္ဂနွေနေ့မနက်ကျရင် Vivo City မှာလုပ်မယ့် National Healthy Lifestyle Campaign ကိုသွားရမယ်.. ချစ်ဖို့ကောင်းတဲ့ဂျာကြီးက သူမသွားချင်လို့ ကျွန်မကို တွန်းလွှတ်လိုက်တာလေ.. သားသားကိုပါ ခေါ်သွားလိုက်မယ်.. ပြီးရင် Sentosa ဆက်သွားရင်ကောင်းမလား စဉ်းစားနေပါတယ်.. ပြီးခဲ့တဲ့အောက်တိုဘာလက ရုံးကလူတွေနဲ့ Nature Walk လမ်းသွားလျှောက်ကြတော့ စိတ်ဝင်စားစရာ လည်စရာပတ်စရာတွေ အများကြီးတွေ့ခဲ့တယ်.. သားသားလဲမရောက်ဖူးသေးဘူးဆိုတော့ သွားဖြစ်မယ်ထင်ရဲ့..

Long Weekends လို့ပြောကြတဲ့ ပိတ်ရက်လေးမှာ လုပ်ချင်တာလေးတွေပါ.. Everybody, have a nice weekends! :)

6 comments:

tin min htet said...

ခရစ်စမတ်နီးရင် အိန်ဂျလီနာမြူးလို့ နာမည်ပြောင်းဖို့ မေ့နေဦးမယ် :P

BTW ကဗျာအိမ် ဆိုပြီး အိမ်တလုံး ခွဲဆောက်ထားတာကိုး။

မိုးခါး said...

ဟိ
အစ်မရေးမှ တော်တော်ပျော်စရာကောင်းသွားတယ် .. :D

သက်ဝေ said...

လူမျိုးအလိုက် နာမည်ပြောင်းမယ့် အကြောင်း ဖတ်ရတာ အတော်သဘောကျသွားတယ်...း))
Happy Long Weekend ပါ ညီမရေ...

ဧပရယ်လ်ပူး@ပူးတေ said...

နာမည်ပြောင်းတာတွေ ဖတ်ပြီး သဘောကျနေတုန်း စားစရာအကြောင်းတွေပါထပ်ဖတ်လိုက်ရတော့ ပိုသဘောက်သွားတယ်... စားကြည့်လိုက်ရရင် ပို သဘောကျဦးမယ်ထင်တယ်... သူငယ်ချင်းရေ

လေ့ကျင့်ခန်းတွေတော့ ကြားရတာနဲ့တင် ပင်ပန်းနေတယ် သူငယ်ချင်းရေ
ငါသာ ဝသွားလို့ ဒီလိုလေ့ကျင့်ခန်းတွေ လုပ်ပြီး ဝိတ်ချရမယ်ဆိုရင် ပျင်းနေတာနဲ့ ဝိတ်ကျဖို့လမ်းမမြင်ဘူး သိလား။ တဖြည်းဖြည်းနဲ့ ယောက်ျားက ငါ့မိန်းမ ဝတုတ်မလေးဖြစ်လာပြီ ဆိုပြီး ...
ငါ့မိန်းမ ဝတုတ်မ
ဝတုတ်မ ငါ့မိန်းမ နဲ့ သီချင်းလုပ်ဆိုနေပြီ.... ;(

ကြိုးစားထား သူငယ်ချင်းရေ

ပျော်ရွှင်စရာ မိသားစု ကမ္ဘာလေးဖြစ်ပါစေနော်

သူငယ်ချင်း

လင်းဒီပ said...

ပျော်စရာ ပိတ်ရက်ရှည်ဖြစ်ပါစေဗျာ...
ကျွန်တော်ကတော့ စာဖတ် ရုပ်ရှင်ကြည့်နဲ့ပဲ ကုန်ဆုံးပါလိမ့်မည် ။ :)

့်Home Sweet Home said...

ညပိုင်း Channel 5 မှာအဲ့ ဒိဝိတ်ချတဲ့ အစီအစဉ်လာတယ်။ ကြိုးစားပြီး မြူးမြူးကိုရှာနေတယ်.......:)