Monday, September 27, 2010

မောင်မိုးလေးရဲ့နှုတ်ခွန်းဆက်







မေမေရေးတဲ့စာတွေကို လာဖတ်ပေးကြတဲ့ ဦးဦးတီတီ ကိုကိုမမတွေကို မောင်မိုးလေးကကျေးဇူးပါ.. မေမေက သားသားကို ဘလော့ပေါ်ပေးမတက်တာကြာလို့ သားသားကိုယ်တိုင် ဇွတ်အတင်းတက်လာရတယ်.. မေမေရိုက်ထားတဲ့ သားသားပုံလေးတွေကျတော့ မေမေကဘလော့ပေါ်တင်တယ်.. သားသားရိုက်ပေးထားတဲ့ မေမေ့ပုံတွေကျတော့ သူကမတင်ဘူးလေ.. သားသားက လှလှလေးရိုက်ပေးထားတာပါ.. မျက်လုံးဆိုလဲ တဖက်ပဲကွက်ရိုက်တတ်တယ်.. မေမေပြောင်ပြနေတာကို ရိုက်ထားတဲ့ပုံလေးများဆို တော်တော်လှတာပေါ့.. ဖေဖေကတော့ ကြည့်မိလို့ လန့်သွားတယ်ပြောတာပဲ.. သားသားကကြီးလာရင် ဦးဦးဘိုလို အုန်းသီးကြီးကြီးနဲ့ ရိုက်ဦးမှာ.. သားသားရိုက်တဲ့ပုံလေးတွေ နောက်မှ မေမေ့ကို တင်ခိုင်းရဦးမယ်.. အဲဒီအခါလဲ လာအားပေးကြဦးနော်.. သားသားက အားလုံးကို ချစ်ချစ်ပါ.. များကြီးချစ်ပါတယ်.. ဗိုက်ဗိုက်ထဲက ချစ်တာပါနော်.. :)

7 comments:

မေဇင် said...

မောင်မိုးလေး....ရိုက်ထားတဲ့ ပုံတွေပဲ တင်ပါဦးဗျို့

:P said...

ကလေးလေးက လမ်းတွေ ကောင်းကောင်းလျှောက်နေပြီပေါ့။။ ငယ်ငယ်ကအတူတူကစားခဲ့တဲ့ အိမ်နီးချင်းကောင်လေးနဲ့ သိပ်တူတာပဲ...။

noblemoe said...

တစ်နှစ်တောင်မပြည့်သေးဖူး တော်တော် တတ်နေပြီနော်

သာယာချမ်းမြေ့ပါစေရှင်း
မိုး

JuneOne said...

ဟုတ်ပ။သားသားလက်ရာလည်း တင်အုံးလေ မေမေကလဲ။

tin min htet said...

မျက်လုံးတဖက်ထဲ ပါတယ်၊ မျက်နှာတခြမ်းထဲ ပါတယ် ဆိုတာတွေက မောင်မိုးမှာ အပြစ်မရှိရှာပါဘူး။ ကင်မရာသေးနေလို့ ဖြစ်မှာပါ :P

Dee Dar said...

so cute thar thar

rose of sharon said...

ချစ်စရာသားသားလေး.... ထက်မြက်မဲ့သားလေး