Friday, January 15, 2010

၂၀၀၉ အကုန် ၂၀၁၀ အကူး

သားသားမွေးနေ့မတိုင်ခင်ကတည်းက များလိုက်တဲ့အလုပ်ဆိုတာ... ဘလော့တောင်မရေးအား... ဘလော့ပေါက်စေ့လဲ မလည်အားနဲ့... ကျွန်မအလုပ်ရဲ့ သဘောသဘာဝကိုက နှစ်ကုန်ပိုင်းဆို အလုပ်များတတ်တာမျိုး... တစ်နှစ်ပါတ်လုံးလုပ်ထားသမျှ နှစ်ကုန်ရင် စာရင်းစစ်ဝင်တော့တာလေ... လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်... ဘော့စ်ကို Auditor တွေမေးနိုင်တဲ့ မေးခွန်းတွေရဲ့အဖြေတွေရေးပေးနဲ့ နေ့တိုင်းလိုလိုကို အချိန်ပိုဆင်းနေရတော့တာ... ကိုယ်လုပ်နေကျ အလုပ်တွေက များနေရတဲ့ကြားထဲ နှစ်ကုန်ဆုကြေးတွေအတွက် လုပ်ပေးပါဦးဆိုတော့လဲ လုပ်ပေးရပြန်ရော... မနှစ်ကဆို ဆုကြေးကိစ္စတွေဘာတွေက ကိုယ်နဲ့လုံးဝမဆိုင်တာတွေလေ... မနှစ်ကနှစ်လည်လစာတိုးမယ့်အချိန် လစာကိစ္စတွေကိုင်ရတဲ့ တရုတ်လေးက အလုပ်ထွက်ပါတယ်... ဘယ်သူမှလုပ်မယ့်သူမရှိတော့ မနေနိုင် မထိုင်နိုင်လုပ်ပေးလိုက်မိတာ... ခုတော့ ရှိသမျှ Salary Administration တွေ ကိုယ့်ဆီရောက်လာပါတော့တယ်... ပညာရတာပေါ့လေ လို့ပဲ သဘောထားပြီး ကြည်ကြည်ဖြူဖြူပဲ လုပ်ပေးပါတယ်... ရလာဒ်ကတော့ ဘလော့လေးမှမရေးအား.. စာလေးမှ မဖတ်အားပါပဲ... တနေ့တနေ့ မော်နီတာထဲ ခေါင်းစိုက်မတတ် စာရင်းဇယားတွေနဲ့ နပန်းလုံးနေရပါတယ်...

အလုပ်တွေရှုပ်နေရင်းကပဲ သားသားရဲ့မွေးနေ့လေးကို East Coast မှာပျော်ပျော်ပါးပါး ဆင်နွှဲလိုက်သေးတယ်... အဲဒီနေ့က အရောက်လာခဲ့ကြတဲ့ မောင်နှမတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်... ဧည့်ဝတ်မကျေတာများရှိရင်လည်း တွေ့ပုချိပါနော်... တစ်ညလုံးနေစေချင်တာ... မနေပဲပြန်သွားကြတယ်... တညလုံးစားကြမယ်ဆိုပြီး လုပ်ထားတဲ့ ပုဇွန်တွေ ငါးတွေ အသားတွေက အများကြီးရယ်လေ... နောက်နေ့အထိ မကုန်နိုင်ဘူး...

နောက်တစ်ပါတ်ဆို စာရင်းစစ်လာပါပြီ... ၇ရက်တောင်တဲ့... ဘာတွေများစစ်ဦးမယ်မသိဘူး... ပြီးရင်တော့အေးပြီ... မြန်မြန်ပြီးစေချင်နေပြီ... စိတ်ရှုပ်လို့... ဒီလောက်မအားရတဲ့ကြားက ဆံပင်ကလဲ ဖြောင့်လိုက်သေးတယ်... ရန်ကုန်က လာလည်တဲ့ အစ်မတစ်ယောက်က လုပ်ပေးတာ... အိမ်မှာတင်လုပ်တာဆိုတော့ အဆင်ပြေတယ်လေ... နှစ်သစ်မှာ hair style အသစ်နဲ့ပေါ့...

နောက်လထဲကျရင် ရန်ကုန်ကို တစ်ပါတ်လောက် အလည်ပြန်ပါမယ်... ၁၃ရက်နေ့ Silk Air နေ့ခင်းဘက် ဖလိုက်နဲ့ပါ... မက်မက်နဲ့ လေယာဉ်တစ်စီးတည်းပေါ့... အတော်ပဲ... သားသားကို ကူထိန်းခိုင်းရမယ်... ရန်ကုန်ရောက်ရင် လည်ရမယ့်နေရာတွေ စားရမယ့်အစားအစာတွေလည်း စာရင်းလုပ်ထားပြီးပြီ... စာရင်းစစ်လာမှာကို တွေးပြီး စိတ်ညစ်တိုင်း ရန်ကုန်ပြန်မှာကိုတွေးပြီး ဖြေနေရတယ်... ရန်ကုန်ရောက်ရင် မင်္ဂလာဆောင်နှစ်ခုတောင် သွားရဦးမယ်... တစ်ခုက ဘလော့ဂါတစ်ယောက်ရဲ့ မင်္ဂလာဆောင်လေ... Valentine's Day မှာ မင်္ဂလာဆောင်ကြမှာ... Romantic ပဲနော်... ကိုယ်တောင်ပြန်ဆောင်လိုက်ချင်တယ်... သားသားကို flower boy လုပ်ခိုင်းပြီးတော့လေ... Wedding Gown ကတော့ ဆွဲစေ့လို့တောင်မရတော့ဘူး... :)

အရည်မရ အဖတ်အရတွေ ရေးမိပါတယ်... အချိန်ကုန်... မျက်စေ့ညောင်းသွားရင် တွေ့ပုချိပါနော်... ကျွန်မရဲ့ လုပ်ခဲ့သော လုပ်နေသော လုပ်မည်ဖြစ်သော ကိစ္စများဖြစ်ပါကြောင်း...........

6 comments:

Ree Noe Mann said...

နွေးနွေးတို့ မင်္ဂလာဆောင် ကို သွားဖြစ်အောင်သွားလိုက်ပါနော်။ ကျနော်တို့လည်း သွားချင်ပါတယ်။ မတက်သားလို့ပါ။

ရေးချင်နေတဲ့ စိတ်ရှိရင် ရေးဖြစ်မှာပါ။

ခင်တဲ့ ရီနို

သီဟသစ် said...

မပွင့်မြူးရေ

၂၀၁၀ နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် မိသားစုနဲ့ အောင်မြင် ပျော်ရွှင်ပါစေဗျာ

ခင်မင်စွာဖြင့်
သီဟသစ်
p.s
သားသားလေးရဲ့မွေးနေ့ပွဲတုန်းက ပုံတွေ မေးလ်နဲ့ ပို့မလို့ဟာ မပို့ရသေးဘူး

Anonymous said...

ဒါကြောင့်ပျောက်နေတာကိုး။

ပွင့်မြုးဇင် said...

ကိုရီနိုရေ... နွေးနွေးဆိုတာ နေခြည်ကိုပြောတာလား... ကျွန်မပြောတဲ့ တစ်ယောက်က သူဟုတ်ဘူး... ပူးတေလေ...
ကိုသီဟရေ... ဆုတောင်းအတွက် ကျေးဇူးပါ.. ဓါတ်ပုံတွေ ပို့ပေးဦးနော်..

လင်းကြယ်ဖြူ said...

ဆက်လက်ချီ တက်
အရှိန်မပျက် ပေါ့ ..
နေ့တဒူဝတွေ ကို မျက်နှာချင်းဆိုင်ရင်း
အားသစ်တွေနဲ့ခင်းတဲ့ လမ်းတစ်လျှောက်
ပေါက်သော အပင် ရှင်မှာပါ
ပွင့်သော ပန်း တိုင်း လန်းမှာပါ

ပျော်ကြပါစေ
*.*.*

ဧပရယ်လ်ပူး@ပူးတေ said...

သူငယ်ချင်းရေ..
ပူးတေတို့ မင်္ဂလာဆောင်ကို သတိတရရှိတာကျေးဇူးပါ။ လာဖြစ်အောင်လာနော်... မျှော်နေမှာ။ :)
အသုတ်စုံလေးစားချင်တာတောင် စားရမယ့်ကံက ပါမလာဘူး။ နောက်တခေါက်ကျ ခေါ်ဦးနော်။ ဆက်ဆက်ကို လာစားမယ်။ ကြိမ်းဝါးထားတာ။ ခုတော့ဖျားနေလို့ ရုံးတောင်မှ မတက်နိုင်ဘူး။ Sunday က ပင်ပန်းတာလေ။ ၃ ရက်ရှိပီ။ ဖျားတာ။ :(