Wednesday, December 2, 2009

Journey of မိုးသံစဉ်

ဘာလိုလိုနဲ့ ဒီဇင်ဘာလတောင်ရောက်လာပြီ... တကယ်ပါ... ၂၀၀၉ခုနှစ် ကုန်သွားတာအရမ်းမြန်တယ်... သားသားတောင် တစ်နှစ်ပြည့်တော့မယ်လေ... မနှစ်က ဒီအချိန် ကျွန်မ ရန်ကုန်ရောက်နေတာပေါ့... နိုဝင်ဘာ ၃၀ ရက်နေ့မှာပြန်သွားတာ... သားသားကိုမွေးဖို့ပြန်တာလေ... အဲဒီရက်က ကိုယ်ဝန်ဆောင်တွေ လေယာဉ်စီးခွင့်ရတာ နောက်ဆုံးရက်ပဲ... အဲဒီထက်ကျော်သွားရင် စီးခွင့်မရှိတော့ဘူး... ခွင့်ကနှစ်လခွဲပဲရတာဆိုတော့ အရမ်းစောစောပြန်ရင် မွေးပြီးသွားရင် ရက်များများမကျန်မှာစိုးလို့ နောက်ဆုံးရက်မှပဲပြန်ဖြစ်တယ်...

သားသားကိုယ်ဝန်ရှိတာ စသိတော့ Polyclinic ကိုအရင်သွားပြတယ်... အဲဒီကမှာ KK Hospital ကို သွားပြရတာ... OG က အရမ်းသဘောကောင်းတယ်... India ကုလားမကြီး... သားသားက အမေကိုဘာဒုက္ခမှမပေးပါဘူး... အစားအသောက်လဲ မပျက်ဘူး... ခေါင်းမူးခေါင်းကိုက်လေးတောင် မဖြစ်ဘူး... ကိုယ်ဝန်မရှိခင်ကမှ ခေါင်းခဏခဏကိုက်သေးတယ်... OG က ပထမတော့ Obimin သောက်ခိုင်းတယ်... ၅လကျော်လာတော့ နောက်ဆေးတစ်မျိုးပြောင်းပေးတယ်လေ... ငါးကြီးဆီပါတဲ့ အားဆေးပေါ့... Ganilia တဲ့... Germany ကထုတ်တာ... တော်တော်လေးကောင်းတယ်... ကိုယ်ဝန်၅လမှာ Ultra Sound ရိုက်တော့ ကျန်တာအားလုံးအဆင်ပြေတယ်... သားသားလေးလား မီးမီးလေးလားကြည့်တဲ့အခါကျမှ မမြင်ရဘူးဖြစ်နေတယ်... သားသားကမလှည့်ဘူးလေ... ရေတွေသောက်လိုက် လမ်းလျှောက်လိုက် နဲ့ သုံးခါလောက်ပြန်ရိုက်ရတယ်... အဲဒီကျမှပဲ သိရတော့တာ...

ရန်ကုန်ရောက်တော့ ဒေါက်တာဒေါ်ခင်သိန်းဦးနဲ့ဆက်ပြတယ်... ကျွန်မကိုလည်း သူပဲမွေးထုတ်ပေးခဲ့တာလေ... ၃၈ပါတ်မြောက် သွားပြတဲ့အထိ သားသာက ခေါင်းအောက်မစိုက်ဘူး... လူကလည်းထွားတော့ လှည့်မနိုင်တော့တာဖြစ်မယ်ဆိုပြီး ဆရာမကြီးက ခွဲမွေးဖို့တိုက်တွန်းတယ်... ခွဲဖို့ရက်ချိန်းတွေဘာတွေယူထားတာပေါ့... ဇန်န၀ါရီ ၁၄ရက်နေ့ မနက်ပိုင်းခွဲမယ်လို့ ရက်ချိန်းယူထားလိုက်တယ်... လိုတဲ့ပစ္စည်းတွေကိုလည်း ကိုယ်တိုင်လိုက်ဝယ်သေးတာဆိုတော့ လမ်းကတော့ ဘာလျှောက်သလဲမမေးနဲ့... အဲဒါတွေကြောင့်ပဲ ထင်ပါရဲ့ ဇန်န၀ါရီ ၁ရက်နေ့ မနက်အစောကြီး ရေမွှာပေါက်ပြီး ရေတွေဆင်းလာပါလေရော... ဗိုက်ကတော့လုံးဝမနာဘူး... ဆရာကကြီးဆီကို ဖုန်းဆက်တော့ ဆေးရုံကိုလာခဲ့ပါ... စမ်းကြည့်ပြီး ခွဲလို့ရရင်ခွဲမယ်ဆိုလို့ အခန်းကြိုပြီး booking လုပ်ထာတဲ့ SSC Women Centre ကိုပြေးကြတာပေါ့... တော်ပါသေးရဲ့ လိုချင်တဲ့အခန်းရတယ်လေ... ဆရာမကြီးရောက်လာတော့ စမ်းကြည့်ပြီး ၁၀နာရီမှာခွဲမယ်တဲ့... ထုံဆေးနဲ့ပဲခွဲတာပါ... ချောချောမွေ့မွေ့ပါပဲ... သားသားက မွေးမွေးချင်း ၈ပေါင်နဲ့ ၁၀အောင်စရှိတယ်... ဆံပင်လေးတွေကလည်း မည်းနက်နေတာပဲ... ခြေကဖွားတဲ့ကလေးလေးပေါ့... ခေါင်းမှာဗွေက နှစ်လုံးနဲ့... ကြာသပတေးသားလေးဆိုတော့ သူ့လေးလေးဇော် (ကျွန်မမောင်လေး) က မိုးသံစဉ်လို့နာမည်ပေးတယ်... သူ့ဖေဖေနာမည်ထည့်လိုက်တော့ မိုးသံစဉ်ကို ဖြစ်သွားတာပေါ့....

အားလုံးကို မနေ့တနေ့ကလိုပဲထင်နေရင်းကို တစ်နှစ်ပြည့်တော့မယ်... မြန်လိုက်တဲ့အချိန်တွေနော်... ခုလည်းအလုပ်ရှုပ်နေပြန်ပြီ... သားသားမွေးနေ့အတွက်ပေါ့... သားသားလေးရဲ့ ပထမဆုံးမွေးနေ့လေးကို ကောင်းကောင်းလေးလုပ်ပေးချင်တာကိုး.... နီးမှပဲ အားလုံးကိုဖိတ်တော့မယ်... နော်....

10 comments:

ဧပရယ်လ်ပူး@ပူးတေ said...

သားသားတောင် ဘာလိုလိုနဲ့ ၁ နှစ်ပြည့်တော့မယ်နော်... ဖိတ်ဦးနော်။ တကယ်လာမှာ။ :)
သက်ထားစံနဲ့ဖိတ်လို့ရတယ်။ :P

့်Home Sweet Home said...

သားလေးတောင် တစ်နှစ်ပြည့်တော့မယ်နော်။ မွေးနေ့ ပွဲဓတ်ပုံလေးတွေလဲတင်အုံးနော်။ ဆက်ဆက်လာကြည့်ပါ့ မယ်။

rose of sharon said...

အချိန်တွေက နောက်ပြန်ကြည့်လိုက်ရင် ကုန်လွယ်သလိုဘဲနော်

JuneOne said...

မွေးနေ့ပွဲကြရင် လာတီးမယ်လေ။
ကိုယ်ဝန်ဆောင် နောက်ဆုံးရက်က ဘယ်နှစ်လလဲဟင်။
မေးတာတွေများနေပြီ။ဟိ။ဒီတစ်ယောက်ကို ပြန်မွေးမလားလို့စုံစမ်းထားတာ။

လင်းကြယ်ဖြူ said...

ံHappy Birthday for your little boy
and wish you all very happy new Year
in advance ...
မိသားစု ပျော်ပါစေ

မေလေး said...

မေလေးတို့လဲကလေးယူဖြစ်မယ် မမကိုသေချာမေးမှဘဲ။
သားသားလေးကတနှစ်တောင်ပြည့်တော့မှာကို

yangonthar said...

အစ်မ မွေးနေ့ မှာ ဖိတ်ဖြစ်အောင်ဖိတ်နော် သိတယ် မလား ရန်ကုန်သားက အစား ဆိုတော့ ဟဲဟဲ .... (အကြွားမဟုတ်ဘူး ဗျို့ တကယ် တကယ် ....)
ခင်တဲ့
ရန်ကုန်သားး)

မိုးခါး said...

း))
မိခင်မေတ္တာပဲ ထင်တယ်နော် ..
ညီမတော့ ခွဲရမှာ စိတ်ရမှာ တော်တော်ကြောက်သား
ဟီးးးးးးးးးးး

Unknown said...

လာမှာလာမှာ :P

T T Sweet said...

သမီးမွေးတုံးကလဲ ခေါင်းမလှည့်လို့ ခွဲမွေးခဲ့ပါတယ်ညီမလေးရေ ။ သမီးနဲ့ သားသားက တော်တော် တူနေပါလား ... ခြေကဖွား၊ ဗွေ၂လုံး ဒီဇင်ဘာဖွားတွေ ...