Wednesday, December 9, 2009

ရင်ခွင်အခန်း

ချစ်ရသူရဲ့ ဥပေက္ခာဆိုတာ
အသွားထက်တဲ့ ဓါးတစ်လက်မှန်း
သိလိုက်ရတဲ့အချိန်မှာ
ကျွန်မနှလုံးသားက
တစ်စစီကွဲနေခဲ့ပြီးပြီ.....

ကျွန်မပြောသမျှစကား
မုသားရယ်လို့ ယုံမှတ်ထားသူကို
ဘယ်လိုရှင်းလင်းအောင်
ခင်းကျင်းပြသရမှာတဲ့လဲ

တကယ်ပါ....ချစ်သူ....
မယုံဘူးဆိုတာသိပါတယ်
ဒါပေမယ့်...
ရင်မှာတင်းကြပ်
အငြင်းခက်တဲ့ခံစားချက်တွေအကြောင်း
ပြောပြနေချင်သေးတယ်လေ...

9 comments:

rose of sharon said...

ပြောပြလိုက်... ကြိတ်မခံစားနဲ့... ခလေးအိပ်မှပြောနော်... :P

မြစ်ကျိုးအင်း said...

သူမယုံလေ ရင်ထဲမှာ တင်းကျပ်လေပဲ

ယုံအောင် အေးအေးဆေးဆေး ပြောပေါ့း)

yangonthar said...

အချိန်လေးလိုမယ်ထင်ပါတယ် အစ်မရေ ....စစ် မှန်တဲ့ တရားအတွက် အခွင့်အလန်းဆိုတာ ရှိလာ မှာပါ
ခင်တဲ့
မောင်ငယ်
ရန်ကုန်သား :)

Anonymous said...

အဆင်ပြေပါစေရှင်
ကဗျာလေးခံစားပြီး
စိတ်မကောင်းဖြစ်မိတယ်

လင်းကြယ်ဖြူ said...

ကဗျာလေးခံစားသွားပါ၏
ပျော်ပါစေ

ရေတမာ said...

သံသယတွေက မကောင်းဘူး။ ပြေလည်အောင်တော့ ပြောပြသင့်တာပေါ့

ပွင့်မြုးဇင် said...

စိတ်ကူးယဉ်ပြီး ရေးကြည့်ထားတာပါ... အပြင်မှာတော့ သူက ကိုယ်ပြေညသမျှကို ယုံပါတယ်... ဟီး... ကြော်ငြာဝင်တာ...

ဧပရယ်လ်ပူး@ပူးတေ said...

မိုက်တယ်
ကဗျာလေးရော
အပြင်က မြူးမြူးပြော(ညာ)သမျှ ယုံတဲ့လူရော...
:)
ခင်လို့နောက်တာနော်
မိသားစု ပျော်ရွှင်ကြပါစေ....

မိုးခါး said...

ညီမကတော့ ကဗျာလေးကို ကဗျာအတိုင်းပဲ ဖတ်သွားလိုက်ပါတယ် :D
ဒီလိုလဲ ဖြစ်တာပဲနော်း))