Tuesday, October 27, 2009

ဟန်ဆောင်ခြင်းရဲ့ရလာဒ်

ကဗျာကိုအလွမ်းနဲ့ဖွဲ့တာဟာ
တမ်းတခြင်းရဲ့နမိတ်
အဆွေးပုံရိပ်တွေသာဆိုရင်
ငါလေ...
မင်းကို... တမ်းတလွမ်းဆွေးနေရတုန်းပေါ့....

အမုန်းအမုန်းနဲ့
တချိန်လုံးဟစ်ကြွေးနေသမျှ
အလှဆုံးပြုံးရင်း
မာနတွေတင်းပြနေသမျှ
ရင်ထဲကဆန္ဒ.... တကယ်မဟုတ်ရပါဘူး...

ငါမကျွမ်းကျင်တဲ့ဟန်ဆောင်ခြင်းတွေနဲ့
ဖန်ဆင်းကာ မာန်တင်းနေရတာတွေ
မင်းကတော့... အလျှင်းမသိခဲ့ပါဘူးလေ...

အလွမ်းတွေရဲ့အနားသတ်
ပျော်ရွှင်ခြင်းကမ်းစပ်ကို
အပြင်းလှော်ခတ်သွားချင်ပေမယ့်
ဥပေက္ခာလှိုင်းကြမ်းတွေကြောင့်
ကမ်းနဲ့ဝေးရာကိုပဲ ပြေးခွာခဲ့ရတယ်....

ချစ်သူရေ.....
တကယ်ဆို ငါလျှောက်လှမ်းနေတာ...
မာနတွေခင်းထားတဲ့
အတ္တလမ်း ခပ်ကြမ်းကြမ်းပေါ့.....

4 comments:

rose of sharon said...

အတ္တလမ်းကြမ်းကြမ်းပေါ်လျှောက်နေရတာ ဟန်ဆောင်ခြင်းရဲ့ရလာဒ်တဲ့လား

လင်းကြယ်ဖြူ said...

ကဗျာကိုအလွမ်းနဲ့ဖွဲ့တာဟာ
တမ်းတခြင်းရဲ့နမိတ်
အဆွေးပုံရိပ်တွေသာဆိုရင်.....ဆိုရင်....
ဆိုရင်....တဲ့...
ကဗျာကောင်းတစ်ပုဒ်ပါပဲ..
ပျော်ပါစေ ဘော်ဒါရေ

့်Home Sweet Home said...

သားမေမေ ရေးတဲ့ ကဗျာတွေကို ကြိုက်တယ်။

ကိုလူထွေး said...

လူတိုင်းကိုယ့်လမ်းကို လျှောက်နေကြတာ မဟုတ်ဘူးလား...

း)