မနေ့က သားသားကို Chinese Garden က Swimming Complex ကို ခေါ်သွားတယ်... ပထမဆုံး ရောက်ဖူးတာဆိုတော့ ရေထဲချရင် ငိုများငိုမလားလို့ ထင်နေတာ... လုံးဝမငိုတဲ့အပြင် ပျော်လိုက်တာမှ အရမ်းပဲ... ရေထဲကကို မတက်ချင်တော့ဘူး.... မနဲပြန်ခေါ်ထုတ်ယူရတယ်.... ပထမတစ်ခါရေထဲဆင်း... ပြီးတော့ ပြန်ခေါ်တင်ပြီး ထမင်းကျွေးတယ်... ပြီးတော့တစ်ခါထပ်ဆင်းပြီး ကစားသေးတာ... ရေတွေစီးနေတဲ့ Lazy River ထဲမှာ တစ်ပတ်ပြီးတစ်ပတ် ပတ်ကြတယ်... အပေါ်ကရေတွေပန်းတဲ့နေရာရောက်ရင် ကျွန်မတို့ကတော့ သူမွန်းမှာစိုးလို့ ကာပေကြတယ်... သူကတမင်တကာ ရေလိုက်ခံတယ်... ပျော်ပြီးတော့ အော်လိုက်တာလဲ အသံစုံကိုထွက်နေရောပဲ... ရေဆော့ပြီးကြတော့ KFC မှာစားကြတယ်... သားသားကတော့ Potato စားပေါ့... မနက် ၉နာရီကတည်းက အိမ်ကထွက်လိုက်ကြတာ ပြန်ရောက်တော့ ၂နာရီထိုးနေပြီ... သားသားကတော့ ကားပေါ်မှာတင်အိပ်ပျော်သွားတာပေါ့...








4 comments:
မရေ.......
ဟုတ်ပါ့ မတွေ့ တာကြာလှပေါ့
မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်
ရေသွားကစားကြတယ်ပေါ့
သားလေးကပျော်နေတယ်ပေါ့
မေကြီးကြည့်ရတာ ပိုတောင်ပျော်နေသလိုပဲနော်
သားသားတောင် ရေထဲ ဆင်းဆော့နေပြီနော်
ဟိုတစ်လောလေးကမှ ကုတင်ပေါ် မှောက်တုန်း ရှိသေးတာ
တစ်ရက်နဲ့ တစ်ရက် သတိမထားဖြစ်လိုက်လို့လား မသိ
သားသား ထွားတာ မြန်တာ
ရေကူးချင်လိုက်တာ
နေဒေး။
မမရေ..သားလေးက..အရမ်းထွားတယ်နော်။
အရပ်လည်းရည်မဲ့ပုံပဲနော်။
ချစ်စရာကောင်းလိုက်တာ။
သွားတစ်ချောင်းတောင်ပေါက်ပြီဆို။
ရေကြိုက်တာတော့ဂျာမုန်းသားလေးနဲ့တူနေပြီ။
ပျော်ရွင်တဲ့မိသားစုလေးကိုဘုရားသခင်ကောင်းကြီးပေး
ပါစေနော်။
ခင်တဲ့
ဂျာမုန်း
မမတို့ မိသားစုကိုကြည်ရတာ ပျော်စရာကြီးနော်
အပျော်တွေ ကူးစက်လာတယ်။
Post a Comment