Sunday, September 27, 2009

လယ်တောထဲက မမ

ခုတလော ဘလော့ကိုပစ်ထားတာကြာပြီ... လယ်ထဲဆင်းနေတာလေ... ဒီလောက်ကြိုးစားပန်းစား စိုက်ပျိုးမွေးမြူလုပ်နေတာတောင်မှ ခုထိအိမ်တစ်လုံးတောင် မ၀ယ်နိုင်သေးပါဘူး... သူများလယ်တောလေးတွေ သွားသွားကြည့်ပြီး အားကျရတာလဲအမော... စက်မှုလယ်ယာအဆင့်ကို ရောက်နေကြသူတွေ... အိမ်လှလှလေးတွေ ပိုင်ဆိုင်ထားကြသူတွေ... အားကျစရာပေါ့... virtual world မှာပျော်နေတာလေ...

တကယ်တော့ ကျွန်မက ငယ်ငယ်ကတည်းက အပင်စိုက်ဝါသနာပါတယ်... ကျွန်မသိတတ်စအရွယ်မှာ စပြီးစိုက်ဖူးတာက ငရုတ်သီးပင်လေးတွေ... မျိုးစေ့လေးကနေ စပြီးတော့ ပျိုးယူရတာလေ... လျှာထိုးပြားလေးတွေကို လေးထောင့်ပုံးလေးရိုက်ပြီးစိုက်တာ... ငရုတ်သီးလေးတွေက စထွက်ကာစမှာ ဖက်ဖူးစိမ်းရောင်လေးတွေ... ကြီးလာတော့ အဖြူရောင်လေးတွေဖြစ်သွားတယ်... မှည့်လည်းသွားရော နီနီရဲရဲလေးတွေဖြစ်ကုန်ရော... တစ်ပင်တည်းမှာ သုံးရောင်ချယ်ငရုတ်သီးလေးတွေနဲ့ အရမ်းလှတာပေါ့... မြို့သစ်ကိုပြောင်းတော့ ပါပါကြီး (အဖိုး) က ခြံထဲမှာ သီးပင်တွေစိုက်တယ်... အိမ်နောက်ဖေး ရေကပြင်ပေါ်မှာ ဗူးစင်လေးထိုးပြီးမိုးထားတာ... ဗူးသီးလေးတွေသီးလာတော့ လက်ညိုးနဲ့ထိုးရင် ပုပ်တတ်တယ်ဆိုလို့ လက်သန်လေးနဲ့ ထိုးထိုးပြီး သူ့ဗူးသီး ကိုယ့်ဗူးသီးနဲ့ မောင်နှမတတွေ ဗူးသီးဦးရတာလဲအမော... ငယ်ငယ်ကစောင်ခြုံအောင်း ကြီးလာတော့ဦးထုပ်ဆောင်း လို့ စကားထာဝှက်ကြရတဲ့ ခရမ်းသီးပင်လေးတွေလည်း စိုက်သေးတယ်... မုန်လာပင်တွေစိုက်တော့လည်း ဖြစ်တာပါပဲ... မုန်လာဥတွေက ရောင်းတန်းဝင်အောင်တော့ မကြီးဘူးပေါ့... စားလို့တော့ရသား...

ပန်းတွေထဲမှာဆိုရင်တော့ kiss me quick ကအများဆုံးစိုက်ဖြစ်တယ်... သဲနဲ့ ဖွဲပြာကို ဆတူရောပြီးစိုက်တာလေ.. အရမ်းလှတယ်... တစ်ခိုင်တည်းမှာ ၁၆ ပွင့်အထိပွင့်တာ... အ၀ါရောင်အပင်နဲ့ အနီရောင်အပင်ကို ကပ်ပြီးချထားလိုက်ရင် အ၀ါရောင်အပွင့်လေးတွေမှာ အနီစက်လေးတွေလာထင်နေတတ်တယ်... ၀တ်မှုန်ကူးတာကြောင့်လို့ ထင်တာပဲ... ဂျပန်နေကြာလို့ခေါ်တဲ့ ပန်းလေးတွေလည်းစိုက်သေးတယ်... နေကြာပန်းအသေးစားလေးတွေပေါ့... တကယ့်နေကြာပန်းလိုပဲ... နေကြာစေ့လေးတွေတောင်ပါတယ်... ဆယ့်နှစ်ရာသီပန်းဝါ၀ါလေးတွေကလည်း ရာသီမရွေးပွင့်တတ်တယ်... ခိုင်ရွှေဝါပန်းနွယ်ပင်လေးကိုတော့ ခြံအ၀င်ဝမှာ ပန်းမိုးခုံးလေးလုပ်ထားတယ်...

အဲဒီပန်းပင်လေးတွေနဲ့ ဝေးနေတာကြာပြီပေါ့... ခုတော့ farm ville ထဲမှာ အပင်စုံစိုက်ပြီးပျော်နေတယ်... အားမယ့်အချိန်နဲ့ ချိန်ကိုက်ပြီး စိုက်လိုက်ရိတ်လိုက် အဆင်ကိုပြေလို့... အချိန်ကုန်လို့ကုန်မှန်းမသိ... အတုအယောင်လောကမှာ.... ဘာပဲဖြစ်ဖြစ် စိတ်အဆာပြေပေါ့လေ... တနေ့နေ့တော့ တကယ့်လယ်သူမကြီး လုပ်ဦးမှာ... အဲဒီခါကျရင်လည်း ကျွန်မလယ်တောထဲ လာလည်ကြဦးနော်.......

6 comments:

rose of sharon said...

ဟေ့..ဒါဆို အဖော်ရပြီ... အတူတူဆော့မယ်နော်... facebook account လေးရှာကြည့်လို့တွေ့ရင် invite လုပ်မယ်... လက်ခံနော်

Anonymous said...

အိမ်မဝယ်နိုင်ဘူးတွေ ဘာတွေ လုပ်မနေပါနဲ့ ...
သူ့လယ်တောက တို့များ ကချောက်ကချက်လယ်တောထက်သာပါတယ်လေ ...:)
ကိုယ်တွေများ လယ်စိုက်စရာ ပိုက်ဆံမရှိလို့ သူများလယ် သွားသွားပြီး သူရင်းဌားလုပ်ပြီး ၂၀ ၊ ၂၀ နဲ့ ပိုက်ဆံရှာနေရတယ် ...
ချောက်တိချောက်ချက်မှာတော့ နေဒေးလယ် အဆိုးဆုံးလောက်ရှိပါတယ် ...
အားမလျော့ပါနဲ့လေ ...
တစ်နေ့နေ့တော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာဆီ သေချာပေါက်ကူးနိုင်မှာပါ .. ဟဲဟဲ

နေဒေးသစ်။

လင်းကြယ်ဖြူ said...

ပန်းပျိုးလက် ဟာ သိမ်မွေ့တယ်..
ပန်းပျိုးစိတ် ဟာ ဂရုနာ ပါတယ်
ပန်းပျိုးသူ ဟာ ပန်းတွေကို ရောင်စုံ ပွင့်လန်းလာစေပါတယ်...
ပန်းပျိုးရင်း အေးမြသာယာရှိပါစေခင်ဗျာ...

လေးစားစွာ

မေလေး said...

တူတူဆော့ကြမယ် မမရေ

ဂျာမုန်းဒန် said...

လယ်တောထဲကမမလေးရေ။
မျကစိထဲမြင်ယောင်နေမိပါတယ်။

Angel Shaper said...

မရေ..သမီးနာမည်ကိုရှာလိုက်။ ဟိ တူတူဆော့မယ်လေ။