Saturday, September 12, 2009

ကူညီကြပါဦး

ခုတလော စိတ်ညစ်နေတာနဲ့ပဲ ဘာအသစ်မှမတင်ဖြစ်ဘူး... သားသားကိုထိန်းဖို့လူ မရှိဘူးဖြစ်နေတာလေ... အရင်ကထိန်းတဲ့ အစ်မကြီးက မလာတော့ဘူး... ကျွန်မက PR မကျသေးတော့ full time maid လဲ ခေါ်လို့မရသေးဘူးလေ... အရင်ကထိန်းတဲ့ အစ်မက တော်တော်စိတ်ရှည်တာ... သားသားကိုလဲ အရမ်းဂ၇ုစိုက်တယ်... ခုတော့ အသစ်ထပ်ရှာနေရတယ်လေ... စလုံးကမောင်နှမတွေလည်း အဆက်အသွယ်ရှိရင် ကူရှာပေးကြပါဦး... တစ်နေ့ကို S$30 ပေးမှာပါ... မနက်၇နာရီကနေ ညနေ၇နာရီအထိပါ... ကလေးထိန်းရုံပါပဲ... တခြားအိမ်အလုပ် လုပ်ပေးစရာမလိုပါဘူး... နေ့လည်စာလည်း အိမ်မှာစားလို့ရပါတယ်... ကလေးအမေဆိုရင် ပိုကြိုက်ပါတယ်... သားသားကို တနေကုန်သူနဲ့ပဲထားရမှာဆိုတော့ စိတ်ချရတဲ့သူ လိုချင်တာပါ... အားလုံးပဲ ကူညီနိုင်ရင် ကူညီကြပါဦးနော်...

9 comments:

Anonymous said...

မရေ.....
သားလေးကိုမြူးလေးထိန်းပေးမယ်သိလား
မနက်လာပို့  ညနေလာခေါ်နော်.....မမ
ဒါကြောင့်မအားတာလားဟင်
သားလေးနဲအလုပ်ရှုပ်နေတယ်ပေါ့
အဆင်ပြေပါစေနော် ကလေးထိန်းလဲမြန်မြန်ရပါစေ

လင်းကြယ်ဖြူ said...

သားလေးနဲ့အလုပ်ရှုပ်နေတယ်ပေါ့
အဆင်ပြေပါစေနော်..ကလေးထိန်းလဲမြန်မြန်ရပါစေ
လို့
မြူး ပြောသလိုပဲ ဆုတောင်းပေးပါရစေ..
အဆင်ပြေမှာပါ...

့်Home Sweet Home said...

နောက်ဆုံးရွေးစရာမရှိရင်တော့တို့ လိုဘဲ နာနီအိမ်ပို့ လိုက်ပါလား။ တို့ ကတော့ပွဲစားကနေရှာပါတယ်။ နာနီဆိုတာကအိမ်မှာ house wife လုပ်နေပြီး ကိုယ်.ကလေးကိုဘဲ one by one ထိန်းပေးမှာပါ။ သူ့ အိမ်မှာမနက် ၈ ည၈ ထားလို့ ရတယ်။ ပွဲခကိုသူကပေးတယ်ကိုယ်ပေးစရာမလိုဘူး။ မနက်သွားပို့ ပြီးညနေသွားခေါပေါ့ ။ ပွဲစားကအိမ်နဲ့ အနီးဆုံးကိုရှာပေးပါတယ်။ တို့ ကိုတော့အိမ်နဲ့ တစ်လမ်းကျော်မှာရှာပေးတယ်။ ကိုယ်လိုကိုယ်ဖိရင်ဖိမဟုတ်ပေမယ့်သူ့ စေတနာကိုယ့် စေတနာပါဘဲ။ အစစအရာရာအမြန်ဆုံးအဆင်ပြေပါစေလို့ ဆုတောင်းနေပါတယ်။

The Queen said...

ညီမရဲ့ အိမ်မှာ တစ်ယောက် ယောက် မရှိရင် (အဘိုး၊ အဖွား ) ၊ KO Home Sweet Home အကြံပေးသလို ပဲ ပေးချင် ပါတယ်။ အဆင်ပြေပါစေ။

့်Home Sweet Home said...

ကျွန်တော်တို့ က တစ်ပတ် ၅ ရက်ခွဲ တစ်လကို ၆၅၀ ပေးရတယ်။ ကလေးအတွက် ကုတင် ၊အ၀တ်အစားနို့ ဗူးပါ၊ နို့ မှုန့် ၊ Diaper လို တာတွေအကုန်ဝယ်လေးလိုက်ရတယ်။ နာနီက ကလေးအ၀တ်ကိုလျော်ပေးတယ် ၊မီးပူတိုက်ပေးတယ် ၊ ကလေးကို ရေချိုးပေးတယ်။ အခုဆို ဆန်ပြုတ်ပါကျွေးပေးတယ်။ သူ့ အိမ်က slowcooker နဲ့ ဘဲချက်ပေးတယ်။ အဲ့ ဒါတော့ ဝယ်ပေးစရာမလို ဘူး။ သူ့ အိမ်မှာရှိတဲ့ အသီးအရွက်လေးတွေနဲ့ ဘဲ ချက်ပေးတယ်။ ကျွန်တော်တို့ ကငါးကျွှေးစေချင်တော့ တစ်ပတ်စာ ငါးကိုဝယ်ပြီးသူ့ ကို ပေးလိုက်တယ်။

Pyae Wut Hmone said...

အမြန်ဆုံး အဆင်ပြေပါစေ...

Anonymous said...

မေရော ဖေရောက အလုပ်နဲ့ ဆိုတော့ ကလေး တစ်ယောက်တည်း ထားခဲ့ရတာ အဆင်မပြေဘူး .. ကျွန်တော်တော့ ကလေးကို ထိန်းမယ့် သူ ရှာပြီး ပိုက်ဆံပေးထိန်းခိုင်းတာထက် အမျိုးတစ်ယောက်ယောက် ( ကလေးချစ်တတ်သူ ) ရှာပြီး စိတ်ချလက်ချ လက်လွှဲနိုင်ရင် ပိုကောင်းမယ် ထင်တယ် .. ပြောသာပြောတာ အဲ့တာလည်း ထင်သလောက်တော့ လွယ်မယ် မထင်ပါဘူး .. မနေနိုင်လို့ စိတ်ပူလို့ ဝင်ပြောကြည့်တာ .. မိမိရရတော့ အကြံ မပေးတတ်ဘူး .. ကောင်းသလိုသာ စီစဉ်ကြပါဗျာ .. အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ...

နေဒေးသစ်။

Angel Shaper said...

မရေ... မောင်လေးကို လာထိန်းချင်လိုက်တာနော်။
စေတနာထားပေးနိုင်မဲ့ ဖြူစင်စိတ်ရှိသူ ကလေးထိန်းအမြန်ရပါစေနော်။ မောင်လေးလဲ ကျန်းမာရွှင်လန်းပါစေ။

မျက်မှန်လေး said...

ကလေးယူမယ်ဆိုရင် အဲဒီကိစ္စ အရေးကြီးတယ်။
ဒီတစ်သက်ယူဖြစ်ပါ့မလား

ဟူ......း