Wednesday, August 5, 2009

HAPPY BIRTHDAY TO ME

ဒီနေ့.... ကျွန်မမွေးနေ့ပါ... ၂၇နှစ်တင်းတင်းပြည့်တာပေါ့... ဘာမှတော့ ထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး... မေမေက ဘုန်းကြီးကျောင်းမှာ သွားလှူပေးတယ်... အလုပ်ဆင်းရတော့ ကိုယ်တိုင်တောင်သွားမလှူနိုင်ဘူး... Lunch Time တုန်းက Boss ကအပြင်မှာလိုက်ကျွေးတယ်... ဒီမှာကပြောင်းပြန်နော်... မွေးနေ့ရှင်ကို သူတို့က ကျွေးရတာ... ကျွန်မကတော့ မြန်မာ့ရိုးရာမပျက်... လာလည်တဲ့သူတွေကို တစ်ခုခုကျွေးချင်ပါတယ်... ခုတော့မအားသေးလို့... လာမယ့် Long Weekends ကျရင် ဆက်ဆက်လာစားကြပါနော်...

ပြီးခဲ့တဲ့ ပို့စ်တစ်ခုမှာ... မောင့်ဆီက လိုချင်တဲ့ လက်ဆောင်အကြောင်းရေးဖူးတယ်... လိုချင်တာတော့မပေးဘူး... ကျွန်မအတွက် အလိုအပ်ဆုံးအရာတစ်ခု ၀ယ်ပေးတယ်လေ... အဲဒါဘာလဲ သိလား....




ဒါကြီးပေါ့...

အင်း........ ကျွန်မ.. တော်တော်ဝနေပြီထင်ပါရဲ့...

4 comments:

rose of sharon said...

ံHappy Birthday Myue :)
wishing you all the best :)
မွေးနေ့လက်ဆောင်ဒါကြီးကကောင်းပါတယ် ညီမလေးရဲ့.. အိမ်ထောင်ရှင်မတွေအတွက်လိုအပ်ပါတယ်... ညီမလေးရဲ့မောင်ကသူ့သက်ထားလေးကိုသူများတွေထက်ပိုလှစေချင်လို့ နေမှာပေါ့ကွယ်...

နဒီမိုးညို said...

ပျော်ရွှင်သော.မွေးနေ့ မှ..သည်..နှစ်ပေါင်း..တစ်ရာကျော်
ချစ်တဲ့မိသားစုနဲ့ အတူတူအေးချမ်းစွာ..ဖြတ်သန်းနိုင်ပါစေ..
ဆုတောင်းပေးလိုက်တယ်နော်...
မြူးကဓါတ်ပုံထဲမှာတော့..သိပ်မဝပါဖူး..လှပါတယ်..း)..

လင်းကြယ်ဖြူ said...

**H*A*P*P*Y***B*I*R*T*H*D*A*Y**
ွှအစ်မလို့ ခေါ်နေတာကြာပြီ..ဆောရီးဗျိုး...
ကျွန်တော်က နောက်လ ၂၇ ပြည့်မှာ..
တစ်လကြီးတော့လည်းအစ်မပေါ့နော်...ခေါ်လက်စနဲ့ မထူးပါဘူး..
ငယ်ချင်နေလို့ ..ထပ်ခေါ်လိုက်မယ်..အစ်မကြီး ရေ...း)
ဒီနေ့မှစ နှစ်ပေါင်းများစွာတိုင်အောင်ကျန်းမာစွာ မွေးနေ့ပေါင်းများစွာကို ဆင်နွှဲနိုင်ပါစေလို့.....ကျွန်တော် မောင်လေး လင်းကြယ်ဖြူ မှ အမှတ်တရ ဆုမွန်ချွေ လိုက်ပါရစေ...ဟဲ..ဟဲ...
ပျော်ပါစေ

The Queen said...

May all your wishes & dreams come true ! Have a very HAPPY BIRTHDAY !