Saturday, August 8, 2009

ပြတင်းတံခါးနဲ့အတင်းစကား

ညားခါစဇနီးမောင်နှံတစ်စုံတွဲ.. အိမ်အသစ်လေးဆီပြောင်းလာကြတယ်... မနက်မိုးလင်းတော့ ထမင်းစားခန်းထဲ မနက်စာစားကြတုန်း မိန်းမလုပ်သူက ပြတင်းပေါက်ကနေ တစ်ဖက်ခြံကိုလှမ်းကြည့်ရင်း...
"ကြည့်ပါဦးမောင်ရယ်... အ၀တ်တွေလျှော်ထားလိုက်တာ... စင်လဲမစင်ဘူး... အ၀တ်လျှော်ဆပ်ပြာကောင်းကောင်း မသုံးဘူးထင်တယ်.."
ယောက်ျားလုပ်သူကတော့ ဘာမှမပြော ခပ်ပြုံးပြုံးပဲ...
နောက်နေ့တွေမှာလည်း... တစ်ဖက်ခြံက အ၀တ်လှန်းထားတာမြင်တိုင်း မိန်းမက အပြစ်တင်စကားဆိုစမြဲပဲ...
တစ်လခန့်ကြာပြီးနောက်.......
"ဟယ်... ကြည့်ပါဦး... အ၀တ်တွေကလည်း ဖြူလို့သန့်လို့ပါလား... ဘယ်လိုဖြစ်လို့ပါလိမ့်... ထူးဆန်းပါ့မောင်ရယ်.."
"အင်း ဟုတ်တယ်... မောင်မနက်က စောစောနိုးနေတာနဲ့... မောင်တို့အိမ်ပြတင်းပေါက်တွေကို သန့်ရှင်းရေးလုပ်လိုက်တာလေ"

ဘာသာပြန်လေးပါ... ကျွန်မတို့လည်း သူများကိုအပြစ်မတင်ခင်... ကိုယ့်ပြတင်းပေါက်လေးကိုယ် သန့်ရှင်းရေးလုပ်လိုက်ကြရအောင်လား... နော်...

3 comments:

လင်းကြယ်ဖြူ said...

ဟုတ်တယ်..သူများတွေထက်ဆုံးမရန်ခက်တဲ့သူ ကကိုယ်ပဲ..
အပြစ်ပြောတာလွယ်ပါတယ်...အပြစ်တင်ခံရတာကျ မကြိုက်ဘူး..
တစ်ခါတစ်လေ ပုံပြင်ထဲကလိုပဲ ..ကိုယ့် အမှား။ကိုယ့်အလွဲကို သူများအမှားလို့ မြင်တတ်သေးတယ်...
ကောင်းတယ်..ဖတ်ဖူးတယ်...ထပ်ဖတ်ရလည်းကောင်းနေတာပဲ
ပျော်ပါစေ အစ်မကြီးရေး )

rose of sharon said...

ဟုတ်တယ်နော်... သူများကိုအပြစ်မတင်ခင် ကိုယ့်ကိုကိုယ် အရင်ကြည့်သင့်တယ်

ဂျာမုန်းဒန် said...

လာဖတ်သွားတယ်မရေ။
တန်းဖိုးရှိတာကြောင့်မှတ်ထားသင့်တယ်။
မှတ်သွားပြီ။
ခင်တဲ့
ဂျာမုန်း