မနေ့က အိမ်မှာကြာဆံချက် ချက်စားတယ်... ဒီမှာကကြာဆံချက်ထဲ ထည့်ရမည့် အမယ်တွေအစုံ အလွယ်တကူ ၀ယ်လို့ရနေတော့ ခဏခဏချက်စားဖြစ်တယ်လေ... ချက်နည်းကလည်း လွယ်ပါတယ်...
ကြက်သားကို ငံပြာရည်နဲ့ပြုတ်ပြီး အသားနွှင်ထားပါ... ကြွက်နားရွက်မှိုခြောက်ကို ရေစိမ်ထားရပါမယ်... ဒယ်အိုးထဲ ဆီသင့်ရုံထည့်ပြီး ဆီပူလာတဲ့အခါ ထောင်းထားတဲ့ ကြက်သွန်ဖြူကိုဆီသတ်ပါ... မွှေးလာရင်ငရုတ်သီးမှုန့်ပါထည့်ပြီး စိမ်းနံ့ပျောက်တဲ့အထိ မွှေပေးပါ... ပြီးရင် ခပ်သေးသေးဖဲ့ထားတဲ့ ကြက်သားတွေကိုရောထည့်ရပါမယ်... ကြက်သားတွေ ကျစ်သွာပြီဆိုရင် ရေစိမ်ထားတဲ့ ကြာဆံနဲ့မှိုခြောက်တွေကိုပါ ရောထည့်လိုက်ပါ... fish cake လှီးထားတာလည်း ထည့်ပါတယ်... ကြာဆံကိုဆီသတ်တဲ့အထဲ ထည့်လိုက်တော့ တော်ရုံနဲ့ ပျော်မထွက်သွားတော့ဘူးပေါ့... ပြီးရင်ရေလိုသလောက်ထည့်ပြီး ဆူအောင်တည်ပါ... ဆား တော်သလိုထည့်ပါ... ဆူလာရင် ကြက်သွန်နီ လေးစိတ်ခွဲထားတာထည့်ပါ... ကြက်သွန်နီတွေ နူးပြီဆိုရင်တော့... အသင့်ဖြစ်ပါပြီ...

သံပုရာသီး ကြက်သွန်နီနဲ့ နံနံပင်တွေကို ဒီလိုလေးလှီးလိုက်...

ကဲ စားလို့ရပြီပေါ့.....
.jpg)
5 comments:
မပွင့်မြူးရေ
ကြာဇံချက်လာစားသွားတယ်ဗျ
:D
ခင်မင်စွာဖြင့်
သီဟသစ်
ကြာဇံချက် ..ကြာဇံချက်..
စားသွားတယ်နော်..
ပျော်ပါစေ
စားလို့ကောင်းမယ့်ပုံဘဲ...စားချင်တယ်
အား ........... ကြာဇံချက် အစ်မရေ သွားရည်တောင်ကျ ရော့ မယ် စားချင်လိုက်တာ လွမ်းနေတာလွမ်းနေတာ အားပါး.......... အနံ့ လေးတောင် ရတယ် တကယ် ဗျ အစ်မ :D
အေးမြသာယာပါစေ
ြုချြက်နည်းလေးရေးပေးထားတာကျေးဇူးပါနော်။
Post a Comment