Friday, August 21, 2009

အမေဆိုတာ

တနေ့က ကျွန်မ သားသားကို ပုခက်ထဲထည့်လွှဲနေရင်းနဲ့ "မေမေ့သားလေးက အချောလေးနော်... သားလေးလောက်ချောတာဘယ်သူမှမရှိဘူး..." ဆိုပြီး သားလေးကို မြှုမိပါတယ်... အဲဒါကို ကျွန်မမေမေကကြားတော့ "အင်း... ထမင်းတော့ငတ်ဦးမယ်..."တဲ့.. ဘာလို့လဲလို့မေးတော့ ဒီအကြောင်းလေးကို ပြောပြတယ်...

ဒေါ်နုနဲ့ ဒေါ်ပုက တစ်ရပ်ကွက်တည်းသားချင်းတွေ.... မရင်းနှီးပေမယ့် မျက်မှန်းတော့တန်းမိနေတာပေါ့... သူတို့မှာ သမီးလေးတွေကိုယ်စီရှိကြတယ်... တစ်နေ့တော့ ဒေါ်နုက သူ့သမီးလေးဆီထမင်းသွားပို့မယ်လုပ်တုန်း ဒေါ်ပုတစ်ယောက် အလောတကြီးရောက်လာတယ်... သူ့မှာအရေးတကြီး ကိစ္စပေါ်လာလို့ သူ့သမီးလေးအတွက် ထမင်းဗူးကို လူကြုံပေးချင်လို့ပါတဲ့... ဒေါ်နုကလည်း ရပါတယ်ပေါ့... သမီးလေးနာမည်ဘယ်သူလဲလို့မေးတော့ "နာမည်မလိုပါဘူး အစ်မကြီးရယ်... တစ်ကျောင်းလုံးမှာ အချောဆုံး ကလေးမကိုသာရှာလိုက်... အဲဒါကျွန်မသမီးလေးပဲ..." လို့ဖြေသတဲ့... ညနေကျောင်းလဲဆင်းရော ဒေါ်ပုသမီးလေးက စိတ်ဆိုးမာန်ဆိုးနဲ့ပြန်ရောက်လာတယ်... နေ့လည်စာထမင်းမစားရလို့တဲ့... အဲဒီအချိန်မှာ ဒေါ်နုရောက်လာတယ်... ထမင်းဗူးလာပြန်ပေးတာလေ... ထမင်းကတော့ကုန်ပြီတဲ့... ဒေါ်ပုက ဘယ်လိုဖြစ်တာလဲမေးတော့ ဒေါ်နုပြန်ဖြေလိုက်တာက... "နေ့လည်က ကျွန်မကျောင်းကိုရောက်သွားတော့ အချောဆုံးကလေးမကို သေသေချာချာရှာပါတယ်... ဘယ်လိုပဲကြည့်ကြည့် ကျွန်မသမီးလေးကိုပဲ အချောဆုံးလို့ မြင်နေတာမို့ ထမင်းဗူးကို ကျွန်ကသမီးလေးကိုပဲ ကျွေးလိုက်တော့တယ်...." တဲ့လေ....

4 comments:

yangonthar said...

ဟုတ်တယ် အစ်မ အမေကလည်း ကျွန်တော့်ကို ငါ့သားလေးက လူချောလေး ငါ့သားလေးလောက်ကြည့်လို့ ကောင်းတဲ့ ခန့် ညား တဲ့ သူ ရှိမလားလို့ အမြဲပြောတတ်တယ် တကယ်တော့ ကျွန်တော် က အရုပ်ဆိုးပါတယ် ..... ကျွန်တော်လေ အမေ့ကို သိပ်ချစ်တာပဲ :D
ဒီအဖြစ်ကလေးကို အမေ့ကိုပြန်ပြောရဦးမယ်
ကျေးဇူးနော် အစ်မ
အေးမြသာယာပါစေ :)

Anonymous said...

ဟိ.. ထမင်းငတ်ဦးမယ်တဲ့.. မိုက်တယ်။

အမေဆိုတာ ဒီလိုပါပဲလေ..။ ဒါဟာအမေအစစ်ပဲ။

ဂျာမုန်းဒန် said...

အမေချစ်တဲ့သမီးလေးပါရှင်။
အမေ့မေတ္တာတွေဟားအနိုင်းမဲ့ပါပဲ။

rose of sharon said...

ဟုတ်ပနော်... မိဘတိုင်းကဒီလိုပါဘဲ