Wednesday, August 19, 2009

လူပျောက်ကြော်ငြာ

ဝါဆိုမိုးပွင့်
ဆင်းလွင့်နေဆဲ
ဝသန်ရာသီ
တစ်နံနက်ထဲမှာပေါ့...

စာသင်နှစ်သစ်
ကျောင်းစဖွင့်မှာမို့
ကျောင်းတော်ကြီးဆီ
လှမ်းလို့ချီခဲ့သည်
ခပ်တည်တည်ပဲနော်...

ရဲဖော်ရဲဖက်
ကဲဖက်တော်အပေါင်းအား
ဒေါင်းတောက်မျှရှာဖွေစဉ်
ကျောင်းဝင်းမဟာ
လမ်းတစ်နေရာမှာ
ဆုံခဲ့တဲ့မျက်ဝန်း
လှရက်လွန်းတာကြောင့်
နှစ်သစ်အစမှာ
မေ့မရစရာဖြစ်ခဲ့ပြီ...

နောက်တစ်မနက်
ကျောင်းပြန်အတက်မှာ
နှလုံးသားသခင်
ထိုမျက်ဝန်းရှင်လေး
ရှာမယ့်အရေးတွေးကြည့်ပြန်တော့
ကျွန်မမှတ်မိသည်က
သူ၏မျက်ဝန်း
လှလွန်းသည်သာ
ရှိခဲ့ပြီမို့..............

****နေလောင် circuit တို့၏သမိုင်း ဆိုတဲ့ ကဗျာစာအုပ်လေးထဲက ကျွန်မရဲ့ကဗျာလေးပါ... ရူးလို့ကောင်းဆဲအရွယ်က ရေးခဲ့တာပေါ့... ****

3 comments:

yangonthar said...

ကဲ အစ်မရေ ကဗျာလေးက နုနုညက်ညက်နဲ့ လှလိုက်ပါဘိ
ကောင်းလိုက်တာ :D
အေးမြသာယာပါစေ
ရန်ကုန်သား

လင်းကြယ်ဖြူ said...

ကျောင်းတော်တုန်းက ခံစားချက်တွေပေါ့လေ...
ဆက်ဆွဲ..ဆက်ဆွဲ....ဂွတ်ဒ်တယ်နော...

မေလေး said...

မမရေ
ရေးတတ်လိုက်တာနော်။ တော်လိုက်တာမမ။အားပေးနေမယ်နော်