Tuesday, August 4, 2009

သားချော့တေး

သားသားက သီချင်းအရမ်းကြိုက်ပါတယ်... သီချင်းဆိုသိပ်မှအိပ်တာ... ကျွန်မသားသားကိုဆိုသိပ်နေကျ သားချော့တေးလေးတွေအကြောင်း ရေးပြချင်ပါတယ်...

"သားသားလေးရယ်အိပ်ပါကွယ်
မေမေသီချင်းဆိုမယ်...
သားသားလေးရယ်အိပ်ပါတော့
မေမေတေးဆိုချော့...
ပစ်တိုင်းထောင်လေးပုတိုတို မျက်နှာပြုံးချိုချို
ပစ်ချင်သလိုပစ်လို့ချ ကျရာထောင်လို့ထ...
သူ့ဘ၀နဲ့ သူ့အလှတွေ အံ့သြလောက်ပါပေ
ခြေတွေလက်တွေ ရှိပါပဲ ကိုယ်ထူကိုယ်ထမြဲ
အခက်အခဲသူရင်ဆိုင် စိတ်ဓာတ်မယိမ်းမယိုင်
အနိုင်မခံ အရှုံးမပေး ပြေးပြိုင်ချင်သေး...
မတ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါ့မယ်
ဗျိုင်းရှေ့ကပျံကာပျံကာရယ်
မိုးစုပ်စုပ်ချုပ်ပေါ့သားငယ်ရယ်
အိပ်ပါတော့ကွယ် ကြောင်ကြီးကိုက်လိမ့်မယ်
အိပ်ယာနိုးရင် ကျောင်းသွားရဦးမယ်
မျက်စေ့မှိတ်ထားကွယ်
အိပ်မက်လှလှ မက်စေမယ်... "

အဲဒါက သားသားရဲ့ အကြိုက်ဆုံးပေါ့... မူရင်းသီချင်းက သမီးလေးကိုသိပ်တဲ့သီချင်းဆိုတော့ နောက်ဆုံးတစ်ပိုဒ်က သားသားနဲ့မကိုက်ဘူးဖြစ်နေတယ်...

"အမေ့ခြေရာနင်းမယ့် အလှကြိုက်တဲ့သမီးငယ်ရယ်
သမီးကျောင်းသွားချိန်မှာပန်ဆင်စရာ
ပန်းလှလှလေးခူးပေးပါမယ်
ပါးကွက်ကွက်ပေးမယ် နေတစ်ဖက် လတစ်ဖက်လို
ပါးပေါ်တင်ထားတဲ့ ၀လုံးဝိုင်းဝိုင်းလေးရယ်
သမီးလေးရေးတတ်အောင်
စောစောကျောင်းသွားဖို့အိပ်ပါကွယ်..." တဲ့.....

နောက်ထပ်သားသားကြိုက်တာက...

"နေလုံးနီနီ ညနေစောင်းတော့
အမေ့ကျောင်းကိုသွားရမယ်
ငွေဗျိုင်းဖြူရယ် ကျွန်တော်သွားတော့
လိုက်မှာလားကွယ့်ပျော်လှတယ်...
သင့်မှာတောင်စုံ လေဟုန်စီး
ဒုံးပျံကြီးထက်မြန်လိမ့်မယ်
ဖိုးလ၀ါဝါပြူကာထွက်တော့
ကျောင်းတက်ချိန်လို့မှတ်ရမယ်...
မေမေ့ရင်ခွင် ထိုင်ခုံလုပ်လို့
ငုတ်တုတ်ကလေးထိုင်ပါ့မယ်
ကောင်းကင်ကြီးဟာ ကျောက်သင်ပုန်းပေါ့
ကြယ်ဝလုံးတွေရေးရမယ်...
ကမ္ဘာ့မြေပုံ တိမ်တွေရှိပါ့
အလွယ်ကြည့်ရင်သိနိုင်တယ်
မေမေ့နှုတ်သံ တအေးအေးနဲ့
ကဗျာတေးတွေသင်ပေးတယ်...
ကျောင်းအားချိန်မှာမေမေကျွေးတဲ့
ချိုချိုမွှေးကိုစို့ပေါ့ကွယ်
ရွှေကျားရွှေယုန် ပုံပြင်ခင်းတော့
တအင်းအင်းနဲ့နားထောင်မယ်...
မေမေ့ကြာနွယ် လက်သွယ်ပျောင်းနဲ့
မျက်တောင်ညောင်းတော့ အိပ်ပေါ့ကွယ်
သားသားအိပ်ချိန် ကြက်သံညောင်းမှ
မေမေ့ကျောင်းလည်း ဆင်းတော့တယ်.... သွားမယ်.... သွားမယ်...."

ဒီကဗျာတေးလေးကတော့ ကျွန်မတို့ငယ်ငယ်က အဘောင်ရှင်ဆိုသိပ်နေကျပေါ့... စာသားလေးတွေ အရမ်းကြိုက်တယ်... ရှိသေးတယ်... ဘ၀မေ့တတ်တဲ့ မဗျိုင်းအကြောင်းရေးထားတဲ့ကဗျာလေး....

"ဇီးသီးကောက်.. ဇီးသီးကောက်
မဗျိုင်းဇီးသီးကောက်...
ဇီးပင်အောက်ကမရွှေဗျိုင်း မျက်နှာခပ်ဝိုင်းဝိုင်း
ဘုရင်ကြီး.. ဘုရင်ကြီး ဆင်ပြောင်ကြီးကိုစီး
ဇီးပင်အောက်ကို မင်းကြီးဝင်
မဗျိုင်းလေးကိုမြင်..
တောင်ညာတင်လို့ ဘုရင်ကောက်
မဗျိုင်းနန်းတော်ရောက်
နန်းတော်ရောက်တဲ့မဗျိုင်းမှာ စိတ်ကြီးဝင်လှစွာ
ကိုယ့်ရွာကိုယ့်ပြည်သူမသိ မာနမိုးခေါင်ထိ
ဇီးသီးကောက်ဖော်များကလေ
မဗျိုင်းလေးကိုလွမ်းလို့နေ
ဇီးရွက်ကြွေသည်မြင်လေတိုင်း
လွမ်းလိုက်ပါရဲ့မရွှေဗျိုင်း
ဇီးသီးသည် ဇီးသီးသည်
ချိုလှ ရွှမ်းလှတယ်..
ဝယ်လိုက်ကြပါအရပ်ကတို့
ဇီးသီးချိုချိုမို့.....
မိဖုရားကြီးမဗျိုင်းမှာ ဇီးသီးအသံကြားသောခါ
ဘယ်ရွာကလဲ ဘယ်သူလဲ
ဇီးသီးဆိုတာဘယ်ဟာလဲ
မဗျိုင်းအဖော်ဇီးသီးသည် နန်းတော်ထဲမှာတလည်လည်
ထည်နိုင်ပါပေ့မရွှေဗျိုင်း
မာန်ဂုဏ်မောက်လို့ရိုင်း.....
မဗျိုင်းမာနစကားသံ ဘုရင်ကြားရပြန်
ဘ၀မှန်မေ့သူအား နန်းတွင်းငါမထား
အခုချက်ချင်းသွား....... "

ဒီကဗျာကတော့ ညီမလေး ထူးထူးငယ်ငယ်တုန်းက အရမ်းကြိုက်တာပေါ့... အိပ်ချင်ပြီဆိုရင်... "အဘောင်ရှင်ရေ ဇီးသီးကောက်မယ်" ဆိုပြီး အော်တော့တာပဲ....

"လှည်းယာဉ်ကလေးက ဂလုံ ဂလုံ ခြူလုံးတေးသံစုံ
မြင်းလှည်းလေးက ခွပ် ခွပ် အပြေးသူမရပ်
စက်ဘီးလေးက ကလင် ကလင် လမ်းကြိုလမ်းကြားဝင်
မော်တော်ကားကြီး ၀ီး ၀ီး တူပျော်ပျော်ခရီး
မီးသင်္ဘောကြီး တူ တူ မီးခိုးတလူလူ
ငှက်သမ္မာန်က ကျွိ ကျွိ လှိုင်းကတအိအိ
လေယာဉ်ပျံကြီး ၀ီ ၀ီ ကောင်းကင်ထက်မှာမြည်
မီးရထားကြီ ဂျုံး ဂျုံး လိုက်ပါရစေဦး..... "

ဒါလေးကတော့ မြည်သံစွဲ အလင်္ကာတွေနဲ့ ဖွဲ့ထားတာလေ... ဆိုလို့လည်းကောင်းတယ်... နားထောင်လို့လည်းကောင်းပါတယ်...

"၀ါဆိုဝါခေါင်ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်
ခရာစူးချုံ ဟိုအထဲက
မျှော့နက်မဲကြီးတွယ်လိမ့်မယ်
မျှော့နက်ဆိုတာ ဂျိုနဲ့လားကွယ့်
မြွေနဂါးတောင်ကြောက်ဖူးကွယ်
ဒို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေးထားခဲ့မယ်
လိုက်မယ်... လိုက်မယ်...."

ဒါကတော့ မိုးရာသီကဗျာလေးပေါ့....

ကဲ................ အဲဒီကဗျာတွေအားလုံး ဆိုပြီးပြီဆိုရင်တော့... သားသားလဲအိပ်... မေမေလည်းမောပြီပေါ့...

5 comments:

rose of sharon said...

သီချင်းလေးတွေကောင်းလိုက်တာ... ဒို့ခလေးတွေကိုလဲသီချင်းတွေနဲ့ဘဲသိပ်ခဲ့တာ... ပစ်တိုင်းထောင်တပုဒ်တော့သီချင်းတူတယ်...

ဂျာမုန်းဒန် said...

ကောင်းလိုက်တာရှင်။
သားချော့သေးကိုဖတ်နေရင်းကိုယ်တိုင်ငယ်သွားသလိုခံစားရတယ်
လုပ်ပါအုံးသိရင်
မိထ္ထလာကန်ရေ
ဖားကောက်ခဲ့ပါ့မယ်
ဗျိုးရှေ့ကပြန်ကာပြန်ကာရေ
အိပ်ပါတော့နောကြောင်ကြီးကိုက်လိမ်မယ်
အိပ်ယာနိုးရင်ကျောင်းသွားရအုံးမယ်
ဒီလောက်ပဲရတယ်...သိရင်ပြောပြပေးနော
ခင်တဲ့
၈ျာမုန်းဒန်

မေဇင် said...

ဖတ်လို့ကောင်းလိုက်တာ.... သားသားလေး ကံကောင်းတယ်နော်..။

tin min htet said...

Thanks
I love all Nursery Rhymes which you post.

(BTW: I can't type in Zawgyi in your comment box)

Unknown said...

သီချင်းနာမည်လေးတွေရေးပေးပါလား