Friday, July 3, 2009

သံသယ

တနေ့... ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အတူတူကစားနေကြတယ်... ကောင်လေးဆီမှာ သူစုဆောင်းထားတဲ့ ကျောက်ခဲရောင်စုံလှလှလေးတွေ ရှိပြီး.. ကောင်မလေးဆီမှာတော့ သကြားလုံးလေးတွေရှိတယ်... ကောင်လေးက သကြားလုံးစားချင်လို့ ကောင်မလေးကို နင့်သကြားလုံးတွေအားလုံးနဲ့ ငါ့ကျောက်ခဲလေးတွေအားလုံး လဲကြရအောင်လို့ ပြောတာပေါ့... ကောင်မလေးကလဲ ကျောက်ခဲလေးတွေလိုချင်တော့ လဲမယ်လို့သဘောတူလိုက်တယ်... ကောင်မလေးက ကတိအတိုင်း သကြားလုံးတွေ အကုန်ထုတ်ပေးပေမယ့် ကောင်လေးကတော့ ကျောက်ခဲလေးတွေ အကုန်မပေးခဲ့ဘူး... အကြီးဆုံးနဲ့ အလှဆုံးကျောက်ခဲလေးကို ကောင်မလေးမမြင်အောင် ဖွက်ထားခဲ့တာ...

ညကျတော့ ကောင်မလေးက ဘာအပူအပင်မှမရှိလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်မှာ ကောင်လေးကတော့အိပ်မပျော်နိုင်ဘူး... သူလည်းငါ့လိုပဲဖွက်ထားတဲ့ သကြားလုံးတွေရှိချင်ရှိနေမှာ.. ခုအဲဒါတွေစားနေပြီလားမသိဘူးလို့တွေးပြီး အိပ်မရနိုင်ဖြစ်နေတာပေါ့...

အဲဒီလိုပါပဲ... ဘ၀တစ်သက်တာမှာ အချစ်ကိုပဲဖြစ်ဖြစ် ခင်မင်မှုပဲဖြစ်ဖြစ် အလုပ်နဲ့ပတ်သတ်လို့ပဲဖြစ်ဖြစ် ကိုယ့်ဖက်က ရာနှုန်းပြည့်ပေးမထားမိဘူးဆိုရင် တဖက်က ရာနှုန်းပြည့်ပြန်ရလိုက်တာတောင်မှ သံသယရဲ့ဖိစိးမှုကို ခံစားရတတ်စမြဲပါ....


**** ဖတ်ဖူးတာလေးတွေကို ဘာသာပြန်ပြီး မျှဝေတာပါ... ရေးသူတော့ဘယ်သူလည်းမသိပါဘူး... ****

4 comments:

လင်းကြယ်ဖြူ said...

မဟုတ်တာလုပ်မိရင်အဲ့သလိုပဲ..မလုံမလဲဖြစ်တတ်ကြတာလေးကို မှတ်သားစရာတင်ပြပေးတာကောင်းတယ်နော...

ကောင်လေးက ကျောက်ခဲတင်မဟုတ်ဘူး နောက်ကဘောင်းလီအိတ်ထဲမှာ ခရက်ဒစ် ကာ့ဒ် ကိုလည်းဖ္ဂက်ထားသေးတယ်..ကောင်မလေးမသိဘူး..
မယုံရင် သူ့ ကို မေးကြည့် ..

Anonymous said...

အင်း၊ နောက်ဆိုရင် ကိုယ့်ဖက်က ဘာမဆို အပြည့်အ၀ပေးဖို့လိုကြောင်း ဒီပိုစ့်လေးကို သတိရနေမယ်။

Anonymous said...

အမြဲတမ်း အပြည့်အဝဆုံး ပေးနိုင်အောင်ပဲ ကြိုးစားခဲ့ဖူးပါတယ် ...
ခုထက်ထိတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တုန်းပါပဲ ...
တိုတိုလေးနဲ့ ထိမိတဲ့ အတွေးတစ်ချို့ ရရှိခဲ့ပါတယ် ...
နေဒေးသစ်။

မျက်မှန်လေး said...

ပွင့်ရေ..ဟုတ်တယ်.
ကိုယ်ဘက်ကအပြည့်အ၀မပေးလေ ကိုယ်ဆုံးရှုံးရလေဘဲ။