Wednesday, July 8, 2009

အဲဒီညကပေါ့...
ငါ့ရဲ့ရင်ခုန်သံတွေဟာ
နာရီလက်တံတွေကို
တရွေ့ရွေ့ခိုစီးနေခဲ့တယ်...

ဒီဂရီသုံးရာ့ခြောက်ဆယ်ကို
အကြိမ်ကြိမ်လှည့်ပတ်မိတာနဲ့အမျှ
ငါ့မျှော်လင့်ချက်နံရံတွေလည်း
တစတစပြိုကျခဲ့ရပေါ့...

အလင်းရောင်ကိုတမ်းတစွာနဲ့
ခေါင်းမော့ကြည့်မိတော့
ဖြူဆုတ်ဆုတ်မျက်နှာကြက်က
ငါ့ကို လှောင်ရယ်နေတယ်...

သြော်...
နံရံခြောက်ခုရဲ့ကြား
ငါတစ်ယောက်တည်းပါလား...

ငါ့နံဘေးမှာတော့
ဆွံ့အနေတဲ့
တယ်လီဖုန်းလေးကလွဲလို့...........

4 comments:

ဂျာမုန်းဒန် said...

ကဗျာလေးလာခံစားသွားတယ်။
ရသစုံလှတယ်။
ခင်တဲ့
ဂျာမုန်းဒန်

လင်းကြယ်ဖြူ said...

သြော်...
နံရံခြောက်ခုရဲ့ကြား
ငါတစ်ယောက်တည်းပါလား...

ငါ့နံဘေးမှာတော့
ဆွံ့အနေတဲ့
တယ်လီဖုန်းလေးကလွဲလို့...........

ကောင်းတယ် ကဗျာလေးမိုက်တယ်...

Anonymous said...

အတွေးလေး ကောင်းတယ်ဗျာ။

မေဇင် said...

ကိုယ်တိုင်က ကဗျာ မရေးတတ်ပေမယ့်..ခံစားတတ်တယ်..။ ကဗျာလေး ကောင်းတယ်..။