Wednesday, July 1, 2009

အကြိုက်ဆုံးများ

ပန်းတွေထဲမှာဆို ကျွန်မအကြိုက်ဆုံးက ခရေပန်း... ကြွေသွား နွမ်းသွားရင်တောင် ရနံ့လေးမွှေးနေသေးတဲ့ ခရေပန်းပိစိကွေးလေးတွေကို ကျွန်မသိပ်ချစ်တယ်... ပြီးတော့ ငွေပန်း... ငွေပန်းကိုကြိုက်ရတဲ့အကြောင်းရင်းက My top secret မို့ ပြောပြချင်ဘူး..

အသီးတွေထဲမှာဆိုရင်တော့ ပန်းသီးကိုအကြိုက်ဆုံးပဲ... ဘာပန်းသီးဖြစ်ဖြစ်ကိုကြိုက်တာ... သားသားကလဲ ကျွန်မနဲ့တူလို့ထင်တယ်... ပန်းသီးဆိုကြိုက်မှကြိုက်... Blender နဲ့ ကြိတ်ပြီးကျွေးတာလေ... တခါတခါ သားသားရဲ့ပါးလေးတွေ နီရဲနေပြီဆို ကျွန်မက Fuji Apple လေးလို့ ချစ်စနိုးခေါ်တာ... အမုန်းဆုံးအသီးက ဒူးရင်းသီး... အနံ့ကိုမခံနိုင်တာ... မောင်ကတော့ကြိုက်တယ်... ကျွန်မမကြိုက်တော့ မောင်လဲမစားဖြစ်တာ တော်တော်ကြာပေါ့...

ရိုးရာအစားအစာတွေထဲမှာဆိုရင် ရခိုင်မုန့်တီကို အကြိုက်ဆုံး... ကောင်းကောင်းလဲချက်တတ်တယ်... အဘောင်ရှင်ဆီက သေသေချာချာကို သင်ထားတာ... စားချင်ရင်ပြောနော်... ရှယ်ချက်ပြီး အိမ်မှာဖိတ်ကျွေးမယ်... ကြေးအိုးလည်းကြိုက်တော့ ကောင်းကောင်းချက်တတ်အောင် သင်ထားတယ်... စကာင်္ပူက အစားအစာတွေထဲမှာတော့ Hokkien Mee ကိုကြိုက်တယ်... We She Me Blog ထဲမှာရေးထားတဲ့အတိုင်း ကြော်စားကြည့်တာ ကောင်းမှကောင်း...

ကော်ဖီတွေထဲမှာတော့ Nescafe Gold... အနံ့လေးကိုက ဆွဲဆောင်မှုရှိတာ... အရသာကလည်း အနေတော်ပဲ... အဲဒါမှမသောက်ရရင် တစ်ခုခုလိုနေသလိုလို...

အိမ်မှုကိစ္စတွေထဲမှာ ကျွန်မအလုပ်ချင်ဆုံးက အချက်အပြုတ်... ကိုယ်ချက်တာစားကောင်းတယ်ဆိုလို့ကတော့ မီးဖိုချောင်ထဲကမထွက်ရလဲကျေနပ်တယ်... မလုပ်ချင်ဆုံးက မီးပူတိုက်တာပဲ... လုံးဝကိုမလုပ်ချင်တာ... အဲဒါကြောင့် ကျွန်မအ၀တ်အစားတွေဆို မီးပူတိုက်စရာမလိုတဲ့ အသားတွေပဲများတယ်...

လက်ဝတ်လက်စားတွေထဲမှာတော့ Diamond & Platinum... ခုထိတော့ များများစားစား မ၀ယ်နိုင်သေးပါဘူး... လောလောဆယ်လိုချင်နေတာက အချိုမှုန့်ချောင်းနဲ့တူတဲ့ Diamond နဲ့ လုပ်ထားတဲ့ လော့ကတ်လှလှလေး တစ်ခုလောက်ပေါ့... (နောက်လထဲမှာ ကျွန်မမွေးနေရှိတော့ ဒီ post ကို ယောက်ျားဖတ်မိရင် လက်ဆောင်များဝယ်ပေးမလားလို့).. မဟူရာလည်းကြိုက်တယ်... သူကျတော့ ရွှေနဲ့ကွပ်မှ ပိုလှသလိုပဲ... Platinum နဲ့ဆိုရင် သိပ်ကြည့်မကောင်းဘူးလို့ထင်တယ်...

ံHand Phone ဆိုရင် Nokia မှ Nokia ပဲ... Function လဲလွယ်.. အကြမ်းလဲခံတော့ ကျွန်မနဲ့ အကိုက်ဆုံးပေါ့... တခြားဟာတွေသုံးကြည့်ဖူးတယ်... မကြိုက်ဘူး... ကျွန်မအတွက်က Function အဆန်းအပြားတွေလဲမလိုပါဘူး... အဲဒီတော့ လက်ရှိ 6300 လေးကအတော်ပဲ...

အကြိုက်ဆုံးသီချင်းက Shania Twain ရဲ့ From This Moment On ဆိုတဲ့သီချင်း... ကြိုက်လွန်းလို့ Wedding တုန်းကတောင် ပွဲထွက်သီချင်းအဖြစ်ဖွင့်ခိုင်းခဲ့တာ... သံစဉ်လေးရော စာသားလေးရောအရမ်းကောင်းတယ်... ခုလောလောဆယ် အဆိုဖြစ်ဆုံးသီချင်းကတော့ "ပစ်တိုင်းထောင်လေးပုတိုတို မျက်နှာပြုံးချိုချို" ဆိုတဲ့ သားချော့တေးလေးပေါ့.. သားသားရဲ့အကြိုက်ဆုံး... အဲဒီသီချင်းနဲ့ သိပ်မှအိပ်တာလေ...

အကြိုက်ဆုံးစာရေးဆရာက ဆရာချစ်ဦးညို... ဆရာရေးတဲ့ဝတ္ထုတွေထဲမှာ အကြိုက်ဆုံးက ၀ိဇိတာဝီ ဆိုတဲ့ဝတ္ထု... အဇာတသတ်အကြောင်းရေးထားတာ အရမ်းဖတ်လို့ကောင်းတယ်... ဇာတ်တော်ကြီးတစ်ပုဒ်ကို ဆရာ့ရဲ့ပညာနဲ့ ခြယ်မှုန်းထားတာ လှမှလှပေါ့...

ကိုယ့်ကိုကိုယ် သဘောအကျဆုံးအချက်က ခုချိန်ထိ မိဘကို စိတ်တိုင်းကျထားနေနိုင်သေးတာကိုပဲ... မကြိုက်တာက ဆရာလုပ်တတ်တဲ့အကျင့်... အထူးသဖြင့် မောင့်ကိုဆို အမြဲဆရာလုပ်အနိုင်ကျင့်မိနေတတ်တယ်... ဆိုးတဲ့အကျင့်များ တော်တော်ဖျောက်ရခက်တာနော်... တော်သေးတာပေါ့ မောင်ကအပြစ်မမြင်လို့...း)

6 comments:

Yu Ya said...

ှဆရာများများ လုပ်နိုင်ပါစေဗျား။ အဟီး... ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်လာပါစေ။

yu ya

Anonymous said...

လိုချင်တဲ့မွေးနေ့လက်ဆောင်ရပါစေနော်။

လင်းကြယ်ဖြူ said...

အကြိုက်ဆုံးတ္ဂေ က များသားလား ..ကောင်းတယ်...
ဆရာ ဆက်လုပ်နော်..ကျွန်တော်ကပြောတယ်လို့တော့ သ္ဂားမပြောနဲ့..ဟဲ..ဟဲ

rose of sharon said...

တို့လဲခရေပန်းကြိုက်တယ်...ရခိုင်မုန့်တီကြိုက်တယ်...စိန်ကြိုက်တယ်...ဟင်းချက်ရတာကြိုက်တယ်...မီးပူတိုက်ရမှာပျင်းတယ်..ဒူးရင်းသီးမကြိုက်ဘူး...တူတာတွေများလို့ပိုခင်သွားပြီ..

မျက်မှန်လေး said...

ခရေပန်းဆိုကြိုက်မှကြိုက်.

Anonymous said...

ခရေပန်းကြိုက်တာချင်းတော့ တူတယ် ...
Ur top secret ကိုတော့ ငယ်ငယ်တုန်းက ကြိုက်ခဲ့တယ် ... ခုတော့ မတွေ့ ဖြစ်တာကြာလို့ ဘယ်လိုပုံမျိုးမှန်းတော့ မခန့်မှန်း တတ်တော့ ...
ဒူးရင်းသီး အသေရရ အရှင်ရရ ... :D
ရခိုင်မုန့်တီကတော့ စားစရာ အားလုံးထဲမှာ အကြိုက်ဆုံး ... ဘယ်လောက်ပူပူ စပ်စပ် ငရုတ်သီးရည် ၂ ဇွန်းလောက် ထည့်ပြီး ရှုးရှဲဖြစ်သွားမှ အာသာပြေတယ် :D
From This Moment On အရင်က သဘောကျခဲ့တယ် ... နားထောင်လွန်းလို့ ခုတော့ နည်းနည်းရိုးသလိုလို ....
ဆရာချစ်ဦးညို အရေးအသား သိပ်သဘောကျ ...
ဆရာလုပ်တတ်သည့် အကျင့်တော့ မကောင်း ... သားသားတို့ ဖေဖေ စိတ်ညစ်မည် ... အနဲငယ်လျော့ပါ :D

နေဒေးသစ်။