စလုံးကနေ ရန်ကုန်ရောက်စတုန်းက
“မေမေ ဂျူရောင်းပွိုင့်သွားမယ်..” “အိုင်အမ်အမ်သွားမယ်..”
ခုကျတော့
“ကပ်ပီတယ်သွားမယ်..” “တော်ဝင်စင်တာသွားမယ်..”
မေမေ။ ။ သားသားရေ ဘာတွေတတ်နေပြီလဲ ပြောပါဦး..
သားသား။ ။ နိုင်ငံရေးဦးတည်ချက်၎ရပ် စီးပွားရေးဦးတည်ချက်၎ရပ် လူမှုရေးဦးတည်ချက်၎ရပ်
မေမေ။ ။ ဘာတွေတုန်းသားသားရဲ့..
သားသား။ ။ တီဗီမှာလာတာတွေလေ.. မေမေသိဘူးလား..
မေမေ။ ။ သားသားရေ.. မေမေကိုစကားပြောပါဦး.. သားသားအသံလေးကြားချင်လို့..
သားသား။ ။ ပြောဘူး.. သားသားအားဘူး.. အလုပ်ရှုပ်နေတယ်.. မားမားနဲ့ပဲပြော..
မေမေ။ ။ သားသား နေမကောင်းဘူးဆို.. နှာစေးနေတယ်ဆို..
သားသား။ ။ အင်း.. မိုးတွေရွာလို့.. ရာသီဥတုက ကောင်းဘူးမေမေ.. ပြန်လာရင် ထီးလေးဆောင်းပြီးလာနော်..
ဖေဖေ။ ။ သားသား ဘာလုပ်နေလဲ
သားသား။ ။ ဖေဖေ့ကို သတိရနေတာ.. သားသားကို ကားဖြူဖြူလေးဝယ်ပေးနော်.. အရုပ်ကားမဟုတ်ဘူး.. တကယ်မောင်းလို့ရတဲ့ကား..
သားသား။ ။ မားမားရေ.. လေးလေးဖြိုးမောင်းသလို ကားဖြူရောင်လေးက ဘယ်မှာဝယ်ရတာလဲ..
မားမား။ ။ ကားဈေးမှာပေါ့သားသားရဲ့..
သားသား။ ။ သွားဝယ်မယ်လေ..
မားမား။ ။ မားမားခြေထောက်နာနေလို့.. နောက်မှသွားဝယ်ရအောင်နော်..
သားသား။ ။ မားမားကလဲ နေမကောင်းပဲဖြစ်နေတာပဲ.. သားသားကို ပိုက်ပိုက်ပဲပေးလိုက်တော့.. သားသားကိုယ့်ဟာကိုယ်တယောက်တည်းပဲ သွားဝယ်လိုက်တော့မယ်..
(၂နှစ်နဲ့၇လသား မိုးသံစဉ်နဲ့ စကားပြောမိသမျှလေးပေါ့.. လွမ်းလိုက်တာသားလေးရယ်.. )
5 ယောက်စကား:
အားတင်းထားပါ မရေ
သားလေး ရှေ့ရေးတလျှောက်ကောင်းဖို့ ခဏခွဲနေကြရတာပါ။ မရဲ့ မေတ္တာတွေကို မိုးသံစဉ်လေး နားလည်မှာသေချာပါတယ်။
me 2 myue, i miss him so much.... :)) fighting :)
စကားတတ်လိုက်တာ.. ချစ်စရာလေး.. သူ့ဘာသူတောင် ကားသွားဝယ်ဦးမို့တဲ့.. တကယ့်ဥာဏ်ကြီးရှင်.. :)
ညီမလေးရေ... ဘယ်လိုခံစားရမယ်ဆိုတာနားလည်တယ်... အားတင်းထားပါ... အချိန်တွေကုန်လာတာနဲ့အမျှ ရည်မှန်းချက်ပန်းတိုင်ရောက်ဘို့ နီးသထက်နီးလာမှာဘဲ...
အားကျတယ်မမရေ..
အဲလိုလေးလိုချင်သား..း)
ခင်တဲ့
မဒိုးကန်
Post a Comment