Friday, January 28, 2011

မဲပေးလိုက်ကြရအောင်

ကျွန်မတို့မောင်နှမတတွေက ဂီတာကိုတော်တော်ဝါသနာပါကြတယ်.. ဖေဖေနဲ့မေမေကလဲ သီချင်းကြိုက်ကြသူတွေကိုး.. မောင်လေးကတော့ အတီးဘက်ကို ပိုအားသန်တယ်.. ညီမလေးကအဆိုကောင်း.. ကျွန်မကတော့ ဘာမှမယ်မယ်ရရမကောင်း..

မနေ့က ညီမလေးနဲ့ ဂျီတော့ပြောဖြစ်တော့ သူက သူဆိုပြီးအသံသွင်းထားတဲ့ သီချင်းလေးပို့ပေးတယ်.. ပြီးတော့ပြောသေးတယ်.. ပြိုင်ပွဲဝင်ထားတဲ့သီချင်းတဲ့.. ဘယ်မှာပြိုင်ပွဲဝင်တာလဲမေးတော့ မြန်မာကျူးပစ်မှာတဲ့.. မောင်လေးလဲဝင်ပြိုင်ထားသေးတယ်ဆိုပြီး မောင်လေးရဲ့သီချင်းလေးပါ ပို့ပေးတယ်.. နားထောင်လိုက်တော့ သီချင်းဟောင်းလေးတွေဆိုပေမယ့် မဆိုးပါလားပေါ့.. (ကိုယ့်ငါးချဉ် ကိုယ်မချဉ် ဘယ်သူချဉ်မတုန်း) မောင်လေးသီချင်းဆိုတာရှားတော့ သူ့သီချင်းလေးက ထူးထူးခြားခြား နားထောင်ကောင်းနေတယ်.. ချစ်တိုင်းလဲမညား ဆိုတဲ့သီချင်းကို သူကိုယ်တိုင် ဂစ်တာတီးပြီးဆိုထားတာပါ.. ညီမလေးကတော့ သူကာရာအိုကေဆိုရင် ဆိုနေကျသီချင်းလေးတခုကိုပဲ ခပ်အေးအေးလေးဆိုထားတယ်.. နားထောင်လို့တော့ကောင်းသားပေါ့..

Cupid Idol က တခြား Idol တွေလိုပဲ မဲပေးပြီးဆုံးဖြတ်တဲ့စနစ်တဲ့.. နောက်တဆင့်တက်ရင် နောက်သီချင်းတခုဆိုရမှာဆိုပဲ.. သူတို့က နောက်တဆင့်တက်ရင် ဆိုဖို့သီချင်းတောင် စဉ်းစားထားပြီးကြပြီ.. ကျွန်မကိုလဲ သူတို့ကိုမဲပေးကြဖို့ သူငယ်ချင်းတွေဘာတွေများ ကျူးပစ်အဖွဲ့ဝင်ရှိရင် ကူပြောပေးပါဆိုလို့ ဘလော့ကိုလာလည်တဲ့သူတွေထဲမှာ မဲပေးနိုင်တဲ့သူ ပါလိုပါငြား အကူအညီတောင်းမလို့ပါ..

ကျူးပစ်အဖွဲ့ဝင်တွေရေ.. ဇင်လေး (ကျွန်မညီမလေး) နဲ့ နာကာ (ကျွန်မမောင်လေး) တို့ရဲ့သီချင်းလေးတွေ နားထောင်ကြည့်ပေးပြီး ကြိုက်တယ်ဆိုရင် Vote လိုက်ကြပါဦးနော်..း)



4 comments:

Lorem Ipsum said...

wowwwwwww

မမြူး သမီးက ကိုနာက ဆိုတဲ့သီချင်းလေးကိုအရမ်းကြိုက်နေတာ..သူဆိုတာတော်တော်ကောင်းတယ်...။ ချစ်တိုင်းလည်းမညားသီချင်းကို နားထောင်မိတည်းက တအားကြိုက်တာ...။ မမြူးမောင်လေးမှန်းမသိဝူး..မိုက်တယ်ဗျို့ မဲသွားပေးဦးမယ်.. မဇင်လေးသီချင်းတော့နားမထောင်ရသေးဝူး သမီးလည်းပြိုင်မလို့ပဲ ပျင်းနေတာနဲ့..ဟိ

Baby taster said...

ကျူးပစ်အဖွဲ့ဝင် မဟုတ်တော့
သီချင်းလေးနားထောင်ပြီး
မဲပေးမရဘူးကွယ်။ သီချင်းကို
ဒီဘလောဂ့်မှာ တင်ထားရင်တော့
နားထောင်ရတာပေါ့ :)

ပါရမီဖြည့်ဖက်လေး said...

မမမြူးရဲ့ မောင်လေးနဲ့ ညီမလေးက သီချင်းဆိုတာ ၀ါသနာပါသလို သူတို့ဝါသနာပါတာကိုလည်း လုပ်နေကြတာကိုး။ ကောင်းလိုက်တာ။ နားထောင်ကြည့်ချင်လိုက်တာ။ ကျူးပစ်အဖွဲ့ဝင်မဟုတ်တော့ ခက်သားနော်။ :-(

rose of sharon said...

သီချင်းတင်ပေးပါလားမြူးရေ.. နားထောင်ချင်တယ်...