အချိန်တွေကုန်သွားတာ သိပ်မြန်တယ်.. ဘာမှမကြာလိုက်သေးဘူးလို့ ထင်နေဆဲမှာတင် ရက်ကိုလစား လကိုနှစ်စားလို့ အချိန်တွေတရွေ့ရွေ့ ကုန်သွားလိုက်တာ.. လောကကြီးထဲကို လူ အသစ်တွေက တဖွဲဖွဲဝင်လာနေဆဲမှာပဲ.. လူဟောင်းတွေကလဲ တဖြုတ်ဖြုတ်ကြွေနေဆဲပေါ့..
နောင်တဆိုတဲ့စကားကို ခွဲခြမ်းစိတ်ဖြာနေမိတယ်.. လုပ်သင့်လုပ်ထိုက်တာကို မလုပ်လိုက်မိလို့ ရတဲ့နောင်တရယ်.. မလုပ်သင့်မလုပ်ထိုက်တာကို လုပ်လိုက်မိလို့ ရတဲ့နောင်တရယ်.. ဘယ်နောင်တက ပိုနာကျင်စေမလဲလို့လဲ တွေးနေမိတယ်.. အဖြေမရပါဘူး.. အဖြေရှိမှာမှ မဟုတ်ဘဲ.. နောင်တပါဆိုမှ အတူတူပဲရှိမှာပေါ့..
စက်ရုပ်လို ရုန်းကန်လှုပ်ရှားနေရတဲ့ ဘ၀ကို ငြီးငွေ့လာတယ်.. သားအတွက်ဆိုတဲ့ မျှော်လင့်ချက်လေးသာမရှိရင် ခုလောက်ဆို မြန်မာပြည်ပြန်ရောက်နေလောက်ပြီ.. ရတဲ့အလုပ်လေးလုပ် ရသလောက်လေးနဲ့လောက်အောင်သုံးပြီး အေးချမ်းနေမလားပဲ.. သားဇောကပ်နေတဲ့ လောဘတွေကြောင့် ခုထက်ထိတော့ စက်ရုပ်တကောင်လို လှုပ်ရှားနေရဆဲပေါ့..
မနာလိုစိတ်သိပ်များတဲ့ လူတွေနဲ့ပါတ်သတ်ရတဲ့အခါ လူသတ်ချင်စိတ်ကို မနည်းထိန်းနေရတယ်.. ကိုယ်နဲ့မဆိုင်ဘဲ ၀င်ဝင်ရှုပ်တတ်တဲ့လူတွေကြောင့် စိတ်ဆိုးရ ဒေါသတွေဖြစ်ရတာလဲ ခဏခဏ.. စိတ်ထဲမှာ အကျယ်ကြီးအော်ဟစ်နေမိတာက “Please Leave Me Alone!!!"
ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတာ စိတ်ကျရောဂါတမျိုးပဲတဲ့.. ကိုယ်ချစ်တဲ့သူကို စိတ်တိုင်းမကျတာကရော ဘာရောဂါများဖြစ်မလဲ.. ကုလို့ရော ရရဲ့လား.. စိတ်ထဲမှာတော့ အကြိမ်ကြိမ်တောင်းဆိုမိတယ်.. “ငါ့ကို ဒီထက်နည်းနည်းလေးပိုပြီး ဂရုစိုက်ပေးပါ” လို့.. ကိုယ်မချစ်တဲ့သူတွေရဲ့ ဂရုစိုက်မှုတွေ စွက်ဖက်မှုတွေကို မလိုချင်ပေမယ့် ကိုယ်ချစ်တဲ့သူတွေရဲ့ ယုယမှုလေးတွေကိုတော့ လိုချင်တတ်တာ သဘာဝပါ..
အတိတ်တွေကိုပြန်တွေးတိုင်း..
တခါကမှော်ဘီနေ့ရက်တွေရယ်...
အလင်းတုတွေကြားက Esplanade ညများရယ်..
မှီနွဲ့ဖူးခဲ့တဲ့ ပခုံးတဖက်ရယ်.. သိပ်လွမ်းနေမိတယ်ကွယ်..

2 comments:
တူမကြီး စိတ်လျော့ mid life crisis က အခု ၄၀ မဟုတ်တော့ဘူးတဲ့။ ၃၀ ဖြစ်သွားပြီ ဆိုလား။ အားမရတဲ့ တယောက်ကိုတော့ သင်တန်းတွေသာ လိမ့်တက်ခိုင်းထားလိုက်။
အဲလိုဖြစ်ဖူးတယ်။ မောဟနောက် တစ်ကောက်ကောက်လိုက်နေရလို့ စိတ်တွေ အရမ်းပမ်းလာတဲ့ အခါ ကောင်းတာလေးတွေကရှာပြီးတွေးလိုက်တယ်။ အပေါ်ကို မော့ကြည့်တာကြာလို့ လည်ပင်းငြောင်း ရင် အောက်ကိုခဏလောက် ငုံ့ကြည့်လိုက်ပါ။ ပျော်ရွှင်ပါစေ။
Post a Comment