Monday, June 21, 2010

စီကာစဉ်ကာပူ

စင်္ကာပူဆိုတာ စီကာစဉ်ကာပူရတဲ့နေရာတဲ့.. သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်.. တကယ်လဲဟုတ်ပါရဲ့.. အလုပ်မရခင်က အလုပ်မှရပါ့မလားပူရတယ်.. အလုပ်ရပြန်တော့ နေထိုင့်ခွင့်မှ ကျပါ့မလားရယ်လို့ ပူရပြန်ရော.. နေထိုင်ခွင့်ကျပြီဆိုပြန်တော့ ဆေးစစ်တာအောင်ပါ့မလားပူရသေးတယ်.. အားလုံးပြီးလို့ အလုပ်စလုပ်တော့လဲ အလုပ်ထဲမှာမှ အဆင်ပြေပါ့မလား.. အစမ်းခန့်ကာလမှ ကျော်နိုင်ပါ့မလား.. ပူလိုက်ရတာစုံလို့.. ဒီအပူတွေအားလုံးလဲ ကျွန်မကိုယ်တွေ့ ခံစားဖူးခဲ့ပါတယ်.. အားလုံးကိုအောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ခဲ့လို့ စိတ်အေးရမယ်မှမကြံသေး.. သားသားကိုမွေးလာတော့ သားသားရဲ့နေထိုင်ခွင့်အတွက် ပူရပန်ရပါတော့တယ်.. ကျွန်မက မောင့်ထက်အရင် စလုံးကိုရောက်တာပါ.. ကျွန်မအလုပ်ရပြီး နေသားတကျရှိတော့မှ မောင့်ကိုကျောင်းလျှောက်ပေးပြီး လှမ်းခေါ်လိုက်တာလေ.. မောင်ရောက်လာတော့ တစ်အိမ်ထဲနေကြရတာမို့ မြန်မြန်လက်ထပ်လိုက်တာကောင်းမယ်ဆိုပြီး မင်္ဂလာပွဲကို အမြန်စီစဉ်ဖြစ်သွားတယ်.. ROM မှာ Register လုပ်ဖို့ကအစ ဖိတ်စာရိုက်တာ ဟိုတယ် Booking လုပ်တာအဆုံး ကျွန်မကိုယ်တိုင် ရှာဖွေစုံစမ်းပြီး ကျွန်မစိတ်တိုင်းကျ စီစဉ်ခဲ့တာပေါ့.. လက်ထပ်တဲ့အချိန်မှာ ကျွန်မအသက်က ၂၆နှစ်ဆိုတော့ မေမေက ချက်ချင်းပဲကလေးယူစေချင်တယ်လေ.. တားလိုက်ဆီးလိုက်ရင် လိုချင်တဲ့အခါ ခက်ခဲနေမှာစိုးရတယ်တဲ့.. ကျွန်မလဲ ရလာရင်ယူလိုက်မယ်ပေါ့.. သားသားကို ကိုယ်ဝန်ရှိလာတော့မှ PR လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့် လျှောက်ဖြစ်တယ်.. လျှောက်တဲ့အချိန်မှာ ကျွန်မက စလုံးမှာအလုပ်လုပ်တာ ၁နှစ်နဲ့ ၂လပဲရှိသေးတာ.. မျှော်လင့်ထားတဲ့အတိုင်း Reject ပေါ့.. ၉လကြာရင်ထပ်တင်ပါတဲ့.. အဲဒီကစပြီး သားသားရဲ့နေထိုင်ခွင့်အတွက် ပူရတော့တာပေါ့.. ကျွန်မက S Pass မောင်က Student Pass .. S Pass တွေအတွက်က လစာ ၂၅၀၀ မကျော်ရင် Dependent's Pass မရနိုင်ပါဘူး.. ကျွန်မရဲ့လစာက အဲဒီတုန်းက ၂၁၅၃ ဆိုတော့ ဘယ်လိုမှ မရနိုင်ဘူးပေါ့.. မေမေက သားသားကို ရန်ကုန်မှပဲထားပေါ့တဲ့.. သူပြန်ပြီး သားသားနဲ့နေမယ်တဲ့.. ကျွန်မလဲ မရတဲ့အဆုံးတော့ ဒါပဲရှိတော့တာပေါ့လို့ စဉ်းစားထားလိုက်တယ်.. စလုံးမှာ ကလေးတစ်ယောက်စားရိတ်ကလဲ သေးမှမသေးပဲကိုး.. သားသားကိုယ်ဝန် ၇လလောက်မှာ မောင်က ကျွန်မတို့ Company မှာ အလုပ်ရသွားတယ်.. S Pass လဲကျတယ်ပေါ့.. နဲနဲတော့အားတက်သွားတာအမှန်ပဲ.. နှစ်ယောက်စလုံးအလုပ်နဲ့ဆိုတော့ ပိုအဆင်ပြေနိုင်တယ်ဆိုပြီးတော့လေ..

သားသားကိုရန်ကုန်မှာပြန်မွေးခဲ့တယ်.. သားသားမျက်နှာလေးမြင်လိုက်ရတော့ ဘယ်လိုမှမထားခဲ့နိုင်တော့ဘူးလေ.. ဘာပဲဖြစ်ဖြစ် ရအောင်ခေါ်သွားမယ်ဆိုပြီး Pass Port ချက်ချင်းကောက်လုပ်ရတာပေါ့.. ရန်ကုန်မှာက လူခွဲကလဲမရှိ ရှိတဲ့လူတွေကလဲ မလုပ်တတ် မကိုင်တတ်နဲ့မို့ မွေးစာရင်းကိစ္စ မြို့နယ်ရုံးသွားတာ သန်းခေါင်စာရင်းသွင်းဖို့ လ၀ကရုံးသွားတာကအစ ကျွန်မကိုယ်တိုင်ပဲ ပြေးရတာပေါ့.. ဗိုက်ခွဲထားတဲ့အနာမှမကျက်သေး ဟိုပြေးဒီပြေးနဲ့ကျွန်မကို ရုံးကလူတွေကသနားလို့ မြန်မြန်ရအောင် ကူညီကြပါတယ်.. ကလေးမွေးပြီး ၁၀ရက်မှမရှိသေး ကျွန်မအပြင်ထွက်ပြီး လျှောက်လုပ်နေရတာလေ.. သားသားကို ပတ်စ်ပို့ရုံးမှာ ဓါတ်ပုံရိုက်ဖို့ခေါ်သွားတော့ ၁၇ရက်သားလေးပဲရှိသေးတာ.. မျက်လုံးတောင် ကောင်းကောင်းမပွင့်သေးဘူးလေ.. Pass Port ရတော့ Entry Visa လျှောက်ရပြန်ပါသေးတယ်.. ဒီလိုနဲ့ ကျွန်မတို့သားအမိ စလုံးကိုပြန်လာခဲ့ကြပါတယ်.. သားသားအတွက် နေထိုင်ခွင့်က လူကြီးတွေလိုပဲ ရက်၃၀ရပါတယ်.. သက်တမ်းထပ်တိုးတော့ ရက် ၃၀ထပ်ရပါတယ်..

မရနိုင်မှန်းသိရက်နဲ့ Dependent's Pass လျှောက်ကြည့်ပါတယ်.. ထင်တဲ့အတိုင်းပါပဲ မရပါဘူး.. Appeal လုပ်ပြန်ပါတယ်.. Appeal Processing ကတော်တော်လေးကြာတယ်လေ.. Appeal Result စောင့်နေတုန်း သားသားရဲ့နေထိုင်ခွင့် ရက်၆၀ကုန်သွားပြီး ထပ်တိုးလို့လဲမရတော့လို့ သားသားကိုခေါ်ပြီး ရန်ကုန်တစ်ခေါက်ပြန်ရပါသေးတယ်.. မပြန်ခင် Re-entry Visa တင်ထားခဲ့တာက ဒီကိုပြန်လာမယ့်နေ့အထိ ကျမလာလို့ သားသားကိုထားခဲ့ပြီး မျက်ရည်စက်လက်နဲ့ ကျွန်မပြန်လာခဲ့ရတာပေါ့.. ကျွန်မဘော့စ်က ကျွန်မအပေါ် တော်တော်ကောင်းပါတယ်.. MOM ကို သူကိုယ်တိုင်လိုက်ပေးပြီး Officer နဲ့တွေ့ပါတယ်.. ကလေးရဲ့ အဖေရောအမေရောက သူ့လက်အောက်က ၀န်ထမ်းတွေမို့ အတတ်နိုင်ဆုံး ကူညီပေးဖို့ Officer ကို ကူပြောပေးပါတယ်.. သွားတွေ့ပြီး နောက်၂ရက်လောက်နေတော့ MOM ကစာရောက်လာပါတယ်.. Dependent's Pass တော့မပေးနိုင်ပါဘူး.. Long Term Social Visit Pass လျှောက်ပါဆိုပြီး Cover Letter ပေးလိုက်ပါတယ်.. အဲဒီတော့ လျှောက်ရပြန်တာပေါ့.. ၅ရက်လောက်နေတော့ ကျလာပါတယ်.. ကျွန်မ S Pass သက်တမ်းရှိသလောက် နေထိုင်ခွင့်ရတယ်လေ.. စိတ်မောလူမောကြီးကိုဖြစ်လို့.. ပိုက်ပိုက်တွေကလဲ ကုန်မှကုန်ပေါ့.. လေယာဉ်ခကို မနည်းဘူး..

ပြီးခဲ့တဲ့လက ကျွန်မ S Pass သက်တမ်းတိုးရပါတယ်.. သားသားရဲ့ Pass လဲတိုးရတာပေါ့.. ကျွန်မရဲ့ S Pass ကတော့ ၃နှစ်ကျလာပြီး သားသား Pass က Reject ဖြစ်ပါတယ်.. ထုံးစံအတိုင်း Appeal ပေါ့.. ဘော့စ်ကတော့ MOM ကို ဒေါသတွေထွက်နေသေးတယ်.. အလုပ်ရှုပ်အောင်လုပ်တယ်.. ကလေးငယ်ငယ်လေးကို.. ပေးလိုက်ရင်ပြီးရောနဲ့.. Stupid တွေ Bull Shit တွေ စုံအောင်ဆဲဆိုပြီး.. Appeal Letter ကောင်းကောင်းရေးပေးပါတယ်.. ကျွန်မကိုလဲ ရုံးချိန်အတွင်း Time off ပေးပြီး MOM သွားခိုင်းပါတယ်.. Appeal Result မသိရခင် သက်တမ်း ၁လတိုးပေးထားဖို့လဲ အသနားခံစာ ရေးပေးပါတယ်.. နောက်ဆုံးတော့ အဆင်ပြေသွားပါပြီ.. သားသားအတွက် နေထိုင်ခွင့် ၃နှစ်ထပ်ရပါတယ်.. တနေ့က Card သွားထုတ်တယ်.. သူ့ Card က ဓါတ်ပုံနဲ့ဘာနဲ့ သားသားနားနားလေး.. ဘာပဲပြောပြော ၃နှစ်တော့ မပူရတော့ဘူးပေါ့.. နောက်၃နှစ်ကြာရင်တော့ ဘာလုပ်ဖြစ်မယ်မပြောတတ်သေးဘူး.. သားသားကို စလုံးမှကျောင်းထားမလား ရန်ကုန်မှာပဲထားရမလား.. ရန်ကုန်မှာထားဖြစ်ဖို့များပါတယ်.. နောက်၃နှစ်ဆို သားသားက ၄နှစ်ခွဲရှိပြီ.. မူကြိုတစ်နှစ်တက်ခိုင်းပြီး ၅နှစ်ခွဲမှာ သူငယ်တန်းစတက်ဖို့ အတော်လောက်ပဲလေ.. Nursery ကို စလုံးမှာထားလိုက်မယ်.. အင်္ဂလိပ်စာ အခြေခံလေးလဲ ကောင်းသွားအောင်ပေါ့.. စဉ်းစားထားတာပဲလေ.. စလုံးမှာတော့ အခြေမချချင်ဘူး.. ကိုယ့်မြေကိုယ့်ရေမှာပဲ ကိုယ်ပိုင်စီးပွားရေးလေးလုပ်ပြီး နေချင်တာလေ.. သားသားကို စလုံးမှာကျောင်းထားလိုက်ရင် နောက်ပြန်ဆုတ်ဖို့ကတော်တော်ခက်သွားမယ်.. အနည်းဆုံး သားသားကျောင်းမပြီးမချင်းတော့ နေကိုနေရတော့မှာလေ.. သားသားကို ကျွန်မမကြိုက်တဲ့ စရိုက်တွေ လွှမ်းမိုးသွားမှာကိုလဲ စိုးတယ်.. ကျွန်မကိုယ်တိုင်လဲ မြန်မာပြည်မှာပဲ ကျောင်းတက် မြန်မာပြည်ကဘွဲ့နဲ့ပဲ လောလောဆယ်ရပ်တည်နေတာဆိုတော့.. မြန်မာပြည်ရဲ့ပညာရေးစနစ်ကို အထင်မသေးပါဘူး.. အဓိက ကတော့ သားသားကို မြန်မာစာတတ်စေချင်တာပါပဲ.. မြန်မာစာနဲ့ရေးထားတဲ့ စာကောင်းပေမွန်တွေကို ဖတ်ခွင့်လေး ရစေချင်တာပါ.. ဘယ်လောက်ပဲတိုးတက်ပါတယ်ပြောပြော ကျွန်မမကြိုက်တဲ့ ပါတ်ဝန်းကျင်မျိုးမှာ သားသားကိုမကြီးပြင်းစေချင်လို့ မြန်မာပြည်မှာပဲ ထားမယ်လို့ ဆုံးဖြတ်ထားတာပါ.. ခုလောလောဆယ် ဆုံးဖြတ်ထားတာပေါ့လေ.. နောက်တော့ ဘယ်လိုဖြစ်မယ် မသိသေးပါဘူး..

PR မကျသေးတဲ့သူတွေထဲက ကလေးနေထိုင်ခွင့်အတွက် ခေါင်းခဲနေကြသူတွေအတွက် ကျွန်မအတွေ့အကြုံလေးတွေကို မျှဝေပေးတာပါ.. အသေးစိတ်သိချင်ရင်.. myuemyue@gmail.com ကို email ပို့ပြီး မေးနိုင်ပါတယ်နော်..

9 comments:

ko 9 said...

အင်း...ကျွန်တေိာတို့ကတော့ဒီမှာပဲမိုးရျွာတုံးေ၇ခံလိုက်အုံးမယ်ဗျာ..

ဧပရယ်လ်ပူး@ပူးတေ said...

ငါလဲ ကလေးမွေးရင် ရန်ကုန်ပြန်မယ်စိတ်ကူးထားတယ်။ ဒီမှာတော့ နေချင်ဘူး... ခုထိတော့ ကြိုးစားဆဲလေ.... :D

rose of sharon said...

မိခင်တယောက်ရဲ့အတွေးနဲ့အတွေ့အကြုံလေးတွေ ဝေမျှခံစားဖတ်ရှုသွားတယ်

Shinlay said...

ဗဟုသုတတွေအများကြီးရသွားပါတယ်။

noblemoe said...

ဆင့်ကာ ဆင့်ကာပူခဲ့ရတဲ့ အကြောင်းလေးလာဖတ်ပါတယ်မရေး
သာယာချမ်းမြေ့ပါစေနော်
မိုး

The Queen said...

ညီမရဲ့ ဖြတ်သန်းမှု အတွေ့အကြုံလေး ဖတ်ပြီး မောသွားတာပဲ ။ သွေးနုနုသားနုနဲ့ ရန်ကုန်မှာ သားအပါ ခေါ်နိုင်ဖို့ ပြေးလွှား လှုပ်ရှားနေပုံ ရေးထားတော့ ညီမ အပူကို ကိုယ်ချင်းစာမိတယ်။ သား အတွက် အကောင်း ဆုံးရွေးခြယ် မှုတွေ လုပ်နိုင်ပါစေ။

မေလေး said...

ကလေးယူဖို့ တော်တော်စဉ်းစားနေရတယ်မမရေ
စိတ်မောပါတယ်
လူခွဲကမရှိနဲ့
ကိုယ်ချင်းစာမိတယ်

မေလေး said...
This comment has been removed by the author.
Myo Mon Yee Oo said...

၁ခုလောက်မေးချင်ပါတယ်။ အလုပ်လုပ်တော့ ကလေးကို ဘယ်သူနဲ့ထားခဲ့သလဲ။ သားသားက PR reject ထိထားတယ်။ long term pass တော့လျောက်ထားတယ်။ အလုပ်စရှာတော့မှာမို့လို့ ကလေးကို ကြည့်မယ့်သူ လိုလာပြီ။ Maid ခေါ်လို့ရပေမယ့် ကြားထဲမှာ ကလေးကြည့်မယ့်သူ မရှိဖြစ်နေတယ်။ Maid နဲ့ထားရင် ကောင်းမလား နာနီအိမ်ပို့ရင်ကောင်းမလား ဝေခွဲမရဖြစ်နေတယ်။ အကြံလေး လိုချင်လို့ပါ။