Thursday, December 17, 2009

တနေ့တာ

မနက် ၅နာရီ...

ယောက်ျားကလာနှိုးနေပြီ... အိပ်ရေးကမ၀ချင်သေးဘူး... ဒီနေ့ MC ယူလိုက်ရင်ကောင်းမလား... မဖြစ်သေးပါဘူး... မပြီးသေးတဲ့အလုပ်တွေက အများကြီး... မွေ့ယာကြီးကလည်းနော် ဆွဲငင်အားကကောင်းမှကောင်း... မေမေ့ကို သားသားဘေးလာအိပ်ခိုင်းပြီး မျက်လုံးမဖွင့်ပဲ ရေချိုးခန်းထဲဝင် မျက်နှာသစ်လိုက်တော့ မျက်လုံးနည်းနည်းကျယ်သွားပြီ... ရေချိုးလိုက်တော့ ပိုလန်းသွားတယ်... ၅နာရီ၄၅မှာ နှစ်ယောက်သား အိမ်ကထွက်ခဲ့တယ်... အလုပ်က Company သာတူတာ Yard ကမတူဘူးလေ... သူက Lake side ကိုရထားစီးသွားပြီး အဲဒီကမှ ဖယ်ရီစီးရမှာ... ကျွန်မကတော့ Admirality မှာသွားစီးရမှာလေ...

မနက်၆နာရီ...

ကားလာပါပြီ... ကားပေါ်မှာဆက်အိပ်ရမယ်... ရုံးရောက်တဲ့အထိဆို ၁နာရီလောက်တော့ အနည်းဆုံးအိပ်လို့ရသေးတယ်... ရုံးရောက်မှ မနက်စာစားရမယ်... ဒီနေ့ Breakfast special ကဘာပါလိမ့်...

မနက်ရနာရီခွဲ မှ ညနေ၄နာရီ၁၅..

ဘလော့လေးဖတ်လိုက်... ဖေ့ဘွတ်လေးလှမ်းကြည့်လိုက်... လုပ်စရာရှိတာလေးပြေးလုပ်လိုက်နဲ့ မအားရပါဘူး... နှစ်ကုန်ခါနီးဆိုတော့ Audit တွေစုပြုံပြီးလာစစ်ကြတော့မှာလေ... လိုမယ်ထင်ရတာလေးတွေ ပြင်ဆင်နေရတာနဲ့ပဲ ခေါင်းတောင်ကိုက်သွားပြီ... ကော်ဖီလေးဖျော်သောက်ဦးမှ... ထမင်းစားပြီးကတည်းက ဇယားတွေဆွဲနေလိုက်တာ ၄နာရီတောင်ထိုးသွားပြီ... ပြန်မယ်... ဒီနေ့တော့ အချိန်ပိုမဆင်းချင်ဘူး... ယောက်ျားဆီ ဖုန်းဆက်လိုက်တော့ သူလည်းပြန်လာမယ်တဲ့... Jurong East ကစောင့်နေမယ်လို့ပြောလိုက်တယ်... ဖယ်ရီပေါ်ရောက်တော့ မခိုင်နဲ့ပွား.... ကိုတင်မင်းထက်နဲ့ပေါင်းပြီး အပျိုကြီးတွေကိုနှိပ်ကွပ်နဲ့ တစ်ကားလုံး ဗမာသံတွေချည်းပေါ့....

ညနေ၅နာရီ...

ယောက်ျားကိုစောင့်ရင်း ဈေးတန်းထဲပတ်နေဦးမှ... ပိုက်ဆံအိတ်လေးတွေတန်တယ်တော့... လက်ဆောင်ပေးဖို့ ၀ယ်ထားဦးမှ... တရုတ်နှစ်ကူးကျရင် ရန်ကုန်ပြန်မှာဆိုတော့ ပြန်ခါနီးမှ စုဝယ်ရရင် မလွယ်ဘူးလေ... ဟော သူတို့ကားကြီးဝင်လာပြီ... Woodlands အထိရထားစီးရမှာဆိုတော့ ရထားပေါ်မှာ အေးအေးဆေးဆေး ပြောစရာရှိတာလေးပြော တိုင်ပင်စရာရှိတာလေးတိုင်ပင်ရတာပေါ့... အခန့်မသင့်ရင် ရန်လည်းဖြစ်ကြသေး...

ညနေ၆နာရီခွဲ....

အိမ်ရောက်ပါပြီ... သားသားကအောက်မှာလာကြိုနေတယ်... မေမေနဲ့ဖေဖေကို တူတူပြန်လာတာမြင်တော့ သားသားပျော်သွားပြီး ရှိသမျှသွားလေးနှစ်ချောင်း ဖြဲပြီးရယ်နေတယ်... မေမေ့မှာတော့ အမောတွေပြေသွားပေါ့... အိမ်ပေါ်ရောက်တော့ တလှည့်စီရေချိုး ထမင်းစားပေါ့... စားပြီးတော့ သားသားနဲ့တူတူ လမ်းလျှောက်ထွက်ကြတယ်... ကစားကွင်းမှာဆော့ကြတယ်... သားသားဆော့လို့ဝလို့ ပြန်တက်လာတော့ ည၈နာရီ... ဖေဖေရေ ဘူးလေးဖျော်ပေးပါ... သားသားဗိုက်ဆာပြီ... သားသားက ပုခက်စီးရင်း ဘူးသောက်နေတုန်း မေမေက Computer လေးပြေးဖွင့်... လယ်လေးအပြေးအလွှားစိုက်... Blog ကိုဝင်ကြည့်တော့ Blog roll မှာ ပို့စ်သစ်တွေမှ အများကြီးပဲ... မနက်ရုံးရောက်မှပဲ ဖတ်တော့မယ်...

ည၉နာရီ...

ဟိုသားအဖရန်ဖြစ်နေကြပြီ... သားသားကအာဗြဲကြီးနဲ့ အော်နေပါလား... သူ့ဖေဖေ အ၀တ်လဲပေးနေပြီထင်တယ်... Computer မြန်မြန်ပိတ်မှ... သားသားကိုသိပ်ရတော့မယ်... သားသားအိပ်မှပြန်ထမယ်လို့ စဉ်းစားပြီး အခန်းထဲပြေး... တကယ်တမ်းကျတော့ သားသားလဲအိပ် ကိုယ်လဲအိပ်ပဲ... ဟူး... ကုန်သွားပြန်ပေါ့ တနေ့တာ....

6 comments:

လင်းကြယ်ဖြူ said...

နိစ္စဒူဝ များပေါ့နော...
မိသားစု ပျော်ပါစေခင်ဗျာ..

ရေတမာ said...

ကြိုးစားထားမကြီးရေ!!!!!! ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူရှိနေရတာ အားကျပါတယ်

P.Ti said...

တရက်တရက်နဲ့ ကုန်သွားတာ တပတ်ဆိုတာ တနင်္လာပြီး သောကြာ လို့တောင်ထင်ရအောင်မြန်တယ်... တစ်နှစ်ဆိုတာကလည်း ခဏလေး...
မိသားစုနဲ့ ပျော်ရွှင်နေတာ ၀မ်းသားစရာပါပဲ။ :)

မိုးခါး said...

:D
ဖတ်ပြီး ပြုံးမိသွားတယ်း))
သားသားလေးနဲ့ တွေ့ချင်ပါသေးတယ်
း))
ပျော်ရွှင် ချမ်းမြေ့ပါစေ အစ်မ

tin min htet said...

နာမည်သုံးခ ပေးပါဗျို့ ..

T T Sweet said...

သားသားက အမေ့ရဲ့ အားလေးပေါ့ ... အမေ့ရဲ့ အမောပြေလေးပေါ့ နော်...

စကားမစပ် ကိုကိုထက် (ကိုတင်မင်းထက်) နဲ့ တစ်ရုံးတည်းလား ... ကြည့်ပေါင်းနော် ... သူကလဲ စကားသိပ်တတ်တာ ...း))